နိုင်ငံကျော်ရုပ်ရှင်သရုပ်ဆောင်များဖြင့် ရခိုင်ရိုးရာမင်္ဂလာဝတ်စုံပြပွဲနှင့် သမက်တက်သရုပ်ပြပွဲ စစ်တွေတွင် ပြုလုပ်မည်

နိုင်ငံကျော်ရုပ်ရှင်သရုပ်ဆောင်များဖြင့် ရခိုင်ရိုးရာမင်္ဂလာဝတ်စုံပြပွဲနှင့် သမက်တက်သရုပ်ပြပွဲ စစ်တွေတွင် ပြုလုပ်မည်
by -
နိရဥ္စရာ

နိုင်ငံကျော်ရုပ်ရှင်သရုပ်ဆောင်များနှင့် ရခိုင်အနုပညာရှင်များစွာပါဝင်သည့် “ရခိုင်ရိုးရာ မင်္ဂလာဝတ်စုံပြ ပွဲနှင့် ရခိုင်သမက်တက်သရုပ်ပြပွဲ”ကို ရခိုင်ပြည်နယ် စစ်တွေမြို့တွင်ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

ယင်းပွဲဖြစ်မြောက်ရေးနှင့်ပတ်သက်၍ စက်တင်ဘာလ ၁ဝ ရက်နေ့၊ နံနက် ၉ နာရီက စစ်တွေမြို့ရှိ River Valley စားသောက်ဆိုင်တွင်ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် လှသိင်္ဂီ မိတ်ကပ်နှင့် မင်္ဂလာဝတ်စုံ”မှ မိတ်ကပ် ကိုကျော်ကျော်မိုးက ပြောသည်။

Rakhine-State-Traditional-Dress

ယင်းပွဲကို ရခိုင်ပြည်နယ်၊ စစ်တွေမြို့ရှိ ဦးဥတ္တမခန်းမ၌ စက်တင်ဘာလ ၁၄ ရက်နှင့် ၁၅ ရက်နေ့၊ ညနေ ၆ နာရီမှ ၁ဝ နာရီအထိပြုလုပ်သွားမည်ဖြစ်သည်။

တိမ်မြုပ်ပျောက်ကွယ်လုနီးပါး ဖြစ်လာပြီဖြစ်သော ရခိုင်ရိုးရာ မင်္ဂလာဝတ်စုံများနှင့် ရခိုင်ရိုးရာ သမက်တက်ပုံ များကို ရိုးရာယဉ်ကျေးမှုနှင့် အညီ သိရှိစေရန်ရည်ရွယ်ပြုလုပ်ရ ခြင်းဖြစ်ကြောင်း ပွဲစီစဉ်သူ “လှသိင်္ဂီ မိတ်ကပ်နှင့် မင်္ဂလာဝတ်စုံ”မှ မိတ်ကပ် ကိုကျော်ကျော်မိုးက ပြောသည်။

“အဓိကပေးချင်တဲ့ Image က ရခိုင်ပြည်ဖြစ်ပြီးတော့ ကျွန်တော်တို့ ဟိုနှစ်က သိပ်အခက်အခဲရှိခဲ့ပါ တယ်။ ရခိုင် မင်္ဂလာဆောင်တာတွေဟာ ဗမာဘက်ကို သိပ်ရောက်ရောက်သွားတဲ့ အချက်တွွေ ရှိပါတယ်။ ထ်ိမ်းမြားတဲ့ အခါ ကောက်ညှင်းထမင်းနဲ့ပြီးသွားတာတွေရှိတယ်။ ဒါကြောင့် ကျွန်တော်တို့ရဲ့ ရခိုင်ရိုးရာကိုပြန်ဖော်ထုတ် ချင်တဲ့အတွက် အခုလိုပွဲလုပ်ဖို့စီစဉ်ရတာပါ” ဟုသူက ဆိုသည်။

အဆိုပါသရုပ်ပြပွဲကို နိုင်ငံတော်ရုပ်ရှင်သရုပ်ဆောင်များဖြစ်ကြသော အကယ်ဒမီရန်အောင်၊ ခိုင်သင်း ကြည်၊ ရဝေအောင်၊ နေယံ၊ နေဒွေး၊ ထွန်းကိုကို၊ မြတ်သူအောင်၊ ထူး၊ ရိုတ၊ ရတနာမိုင်၊ ဆုပန်ထွာ၊ အိချောပို၊ မေမြင့်မိုရ်နှင့် ရခိုင်တေးသံရှင်များအပါအဝင် စုစုပေါင်းအနုပညာရှင် ၃ဝ ဖြင့် ပြုလုပ်သွားမည် ဖြစ်သည်။

ယခုပွဲမှရရှိလာသည့် အကျိုးအမြတ်များကို ရခိုင်ပြည်နယ်၊ စစ်တွေမြို့ရှိ ရွှေကရုဏာအခမဲ့ကုသိုလ် ဖြစ်ဆေးခန်းရန်ပုံငွေနှင့် ပြည်နယ်အတွင်းရှိ HIV/AIDS ရောဂါဝေဒနာသည်များအတွက် ကူညီထောက်ပံ့ပေး သွားမည်ဖြစ်ကြောင်း ပွဲစီစဉ်သူ ကိုကျော်ကျော်မိုးက ပြောသည်။

နှစ်ရက်ဆက်တိုက်ပြုလုပ်မည့် အဆိုပါပွဲပထမနေ့တွင် “ရခိုင်ရိုးရာမင်္ဂလာဝတ်စုံပြပွဲနှင့် ရခိုင်သမက် တက်သရုပ်ပြ ပွဲ”နှင့်အတူ ရခိုင်ရိုးရာ ရှင်ပြုနားသက်မင်္ဂလာပြပွဲကို အနုပညာများကသရုပ်ပြတင်ဆက်သွားကြ မည်ဖြစ်ပြီး ဒုတိယမြောက်နေ့တွင် ယင်းအနုပညာရှင်များဖြင့် စတိတ်ရှိုးပုံစံသီဆိုဖြေဖျော်တင်ဆက်သွားကြ မည်ဖြစ်ကြောင်းလည်း သိရသည်။

“ပထမတစ်ရက်တော့ သရုပ်ပြပွဲလုပ်မယ်။ နောက်တစ်ရက်မှာ ရခိုင်ပြည်နယ်အစိုးရအဖွဲ့နဲ့ညှိနှိုင်းပြီး တော့ စတိတ်ရှိုးပုံစံမျိုး စည်စည်ကားကားလုပ်မယ်။ ပြည်နယ်အစိုးရအဖွဲ့ကလည်း ဒုတိယနေ့အတွက် သူတို့ အားလုံးတာဝန်ယူပေးမယ်လို့ပြောတယ်”ဟု ကိုကျော်ကျော်မိုးက ဆိုသည်။

အဆိုပါပြပွဲဝင်ခွင့်လက်မှတ်တစ်စောင်ကို ကျပ် ၃ဝဝဝဝ တန်လက်မှတ်နှင့် ကျပ် ၂ဝဝဝဝ တန်လက် မှတ်ဟူ၍ လက်မှတ်နှစ်မျိုးရောင်းချပေးလျက််ရှိပြီး လက်မှတ်တစ်စောင်တည်းဖြင့် ပွဲနှစ်ရက်စလုံးကို ဝင်ရောက် ကြည့်ရှုနိုင်မည်ဖြစ်ကာ ပွဲပြုလုပ်သည့်နှစ်ရက်စလုံးကို MRTV က live  တိုက်ရိုက် ထုတ်လွှင့်ပြသ သွားမည်ဖြစ်ကြောင်း သိရသည်။

“ဒီလိုမျိုး ကျွန်တော်တို့ရခိုင်မှာရှိတဲ့ အရင်ကတည်းကရိုးရာ ကိုဖော်ထုတ်ပြီးတော့ ခုလိုမျိုးခမ်းခမ်းနား နားနဲ့ မင်္ဂလာဝတ်စုံတွေဝတ်ပြီး ပြလိုက်တော့ လူတွေကလည်း ရိုးရာကိုထိမ်းသိမ်းရာရောက်မယ်။ ပိုပြီးတော့ လည်း စိတ်ဝင်စားလာမယ်။ ဒီလိုလုပ်တဲ့ရည်ရွယ်ချက်ကတော့ သိပ်ကောင်းပါတယ်”ဟု ရခို်င်တေးသံရှင် မောင်ကိုကိုက အဆိုပါပွဲအပေါ် သုံးသပ်ပြောဆိုသည်။

Most read this week