နတ်မြစ်အတွင်း ပစ်ခတ်မှုဖြစ်ပွား၍ ဘင်္ဂလာနယ်ခြားစောင့်တပ်သား ၂ ဦးဒဏ်ရာရ

နတ်မြစ်အတွင်း ပစ်ခတ်မှုဖြစ်ပွား၍ ဘင်္ဂလာနယ်ခြားစောင့်တပ်သား ၂ ဦးဒဏ်ရာရ
by -
နိရဥ္စရာ

မြန်မာ- ဘင်္ဂလာ နယ်စပ် နတ်မြစ်အတွင်း မူးယစ်ဆေးဝါးသယ်လာသူများနှင့် ဘင်္ဂလာဒေချ့် နယ်ခြား စောင့်တပ်ဖွဲ့အကြား အပြန်အလှန် ပစ်ခတ်မူ ဖြစ်ပွားခဲ့ရာ ဘင်္ဂလာဒေချ့် တပ်ဖွဲ့ဝင်နှစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း The Cox’sbazar News တွင် ဖေါ်ပြသည်။

ယင်းပစ်ခတ်မူသည် စက်တင်္ဘာလ ရရက် တနင်္ဂနွေနေ့ နံနက် ရ နာရီခန့်တွင် စိတ်ကြွဆေးပြား သယ်လာ သူများနှင့် ဘင်္ဂလားနယ်ခြား စောင့်တပ်ဖွဲ့အကြား ဖြစ်ပွားခဲ့သည်ဟု ဘင်္ဂလာဒေချ့် နယ်စပ်တာဝန်ရှိသူများကို ကိုးကားပြီး ယင်းသတင်းတွင် ဖေါ်ပြသည်။

Naf-River

ဒဏ်ရာ ရရှိသွားသူ ဘင်္ဂလာ နယ်ခြားစောင့်တပ်သား နှစ်ဦးမှာ ဟာဘီဘူလ်ရာဟာမာန်နှင့် ဟာဘီဒါလူဖူလ် တို့ဖြစ်ကြောင်း CBN သတင်းတပုဒ်က ဆိုသည်။

ပစ်ခတ်မှုတွင် မြန်မာဘက်မှ မူဆလင်လူငယ်တစ်ဦးကို ဒဏ်ရာဖြင့် ဖမ်းဆီးမိပြီး ၎င်းမှာ အသက် ၂၀ အရွယ်ရှိ ရီယာဇူဟောက်ဆိုသူ ဖြစ်ပြီး မောင်တောမြို့နယ် ကာယူက်ခါ့လီရွာမှ ဦးစူလတန် အာမတ်၏သား ဖြစ်ကြောင်း ဆိုသည်။ ယခုအခါ သူ့အား ကော့စ်ဘဇားဆေးရုံသို့ တင်ပို့ထားသည်ဟု သိရသည်။

ပစ်ခတ်မှုအတွင်း ကျန် မှောင်ခိုသမားများမှာ ထွက်ပြေးသွားပြီး စိတ်ကြွဆေးပြား ၉၆၀၀၀ ကိုမှောင်ခိုစက်လှေ ပေါ်က ဖမ်းဆီးရမိခဲ့သည်။

မောင်တောမြို့နှင့် မျက်နာချင်းဆိုင်တွင် တည်ရှိသော ဘင်္ဂလာဒေချ့်နိုင်ငံ တက်ကနက်မြို့ (ကယုချောင်း) အခြေစိုက် အမှတ် ၄၂ နယ်ခြားစောင့်တပ်မှ သတင်းအရ နတ်မြစ်အတွင်း သွားရောက် စောင့်ဆိုင်နေစဉ် ဆေးပြားသယ်လာသူများမှ သူတို့စီးနှင်းလာသော စက်လှေပေါ်မှ နယ်ခြားစောင့်တပ်ဖွဲ့ဝင်များကို စတင်ပစ်ခတ်ခဲ့သည်ဟု ဆိုသည်။

Most read this week