မောင်တောရောက် ရခိုင်မျိုးနွယ်စုများအတွက် ကျွဲနွားအကောင် ၈ဝ ကျော်နှင့် အသုံးအဆောင် ပစ္စည်း များလှူဒါန်း

မောင်တောရောက် ရခိုင်မျိုးနွယ်စုများအတွက် ကျွဲနွားအကောင် ၈ဝ ကျော်နှင့် အသုံးအဆောင် ပစ္စည်း များလှူဒါန်း
by -
နိရဥ္စရာ

ရခိုင်ပြည်နယ်၊ မောင်တောဒေသတွင်ရောက်ရှိနေသော ဘင်္ဂလားဒေချ့်မှထွက်ပြေး တိမ်းရှောင်လာကြသည့် ရခိုင်မျိုးနွယ်စုများ စားဝတ်နေရေးအဆင်ပြေစေရန် ရည်ရွယ်ပြီး ငွေကျပ်သိန်း ၁၅ဝ အပါအဝင် ကျွဲ၊နွား အကောင် ၈ဝ ကျော်နှင့် အသုံးအဆောင် ပစ္စည်းအချို့ကို မြန်မာနို်င်ငံတိုင်းရင်းသားများကူညီစောင့်ရှောက်ရေး ပရဟိတအသင်း၊ မဘသနှင့် YMBA အသင်းတို့ကဦးဆောင်ပြီး စက်တင်ဘာလ ၄ ရက်နေ့က လှူဒါန်းခဲ့ကြောင်း  လှူဒါန်းရေးအဖွဲ့ဝင်တစ်ဦးက ပြောသည်။

စေတနာရှင်များက စုပေါင်း ကူညီ လှူဒါန်းသည်မှာ  နွား ၅၇ ကောင်၊ ကျွဲ ၂၄ ကောင်၊ သင်္ကန်းအစုံ ၁ဝဝဝ၊ အဝတ်အထည် ဘေထုပ် ၅ဝ ကျော်၊ ဆန်အိတ် ၆ဝ၊ ကြက်ကောင်ရေ ၁၅ဝဝ တို့ဖြစ််သည်။

IMG 8008

မောင်တောမြို့ရှိ ဗဟိုကျောင်းတိုက်ဘုန်းတော်ကြီးကျောင်းတွင် အခမ်းအနားပြုလုပ်ကာ တရားဝင် လွှဲပြောင်း လှူဒါန်းခဲ့ခြင်းဖြစ်ကြောင်း သူက ဆိုသည်။

“တဖက်နိုင်ငံက အကြောင်းအမျိုးမျိုးကြောင့် ၀င်ရောက်ခိုလှုံနေတဲ့ မိသားစုဝင်တွေ အလုပ်လုပ်တဲ့ အခါ အသုံးဝင်မယ့် ကျွဲ၊ နွားတွေကို အဓိကထား ကူညီ လှူဒါန်းပေး တာဖြစ်ပါတယ်။ အဲဒီလူတွေအများစုက လယ်ယာကို အားထားပြီး အလုပ်လုပ်နေကြတဲ့ သူတွေဖြစ်လို့ပါပဲ။” ဟု ပြောသည်။

၂ဝ၁၂ ခုနှစ်အရေးအခင်းကာလအပြီး ဘင်္ဂလားဒေ့ချ့် နိုင်ငံရှိ ရခို်င်တိုင်းရင်းသား မျိုးနွယ်စုများမှာ ယင်းတို့၏ အသက်အန​ ္တရာယ်လုံခြုံရေးအတွက် ရခိုင်ပြည်နယ်၊ မောင် တောဒေသသို့ ဝင်ရောက် တိမ်းရှောင်လာခဲ့ကြ သည်။

ထိုအထဲအချို့မှ မောင်တော နယ်စပ်မှလည်းကောင်း၊ အချို့ ရခိုင်မျိုးနွယ်စုများမှာ ချင်းပြည်နယ် ပလက်ဝမြို့နယ်မှတဆင့် ကျောက်တော်မြို့သို့လည်းကောင်း ဝင်ရောက်လာ ခဲ့ကြသည်။ ကျောက်တော်မြို့သို့ ရောက်ရှိလာကြသူများကို  မောင်တောမြို့နယ်တွင် အခြေစိုက် နေထိုင်ရန် ထပ်မံပို့ဆောင်ခဲ့သည်။

ရောက်ရှိလာကြသော ရခိုင်မျိုးနွယ်စုများမှာ မောင်တောမြို့တွင် သက်ဆိုင်ရာ ပြည်နယ်အစိုးရအပါအဝင် ဒေသခံရခိုင်တိုင်းရင်းသားများနှင့် အလှူရှင်များကိုအားကိုး ကာလုပ်ကိုင်စားသောက်နေကြရသော်လည်း အခြားတစ်ဘက်တွင် ဒေသတွင်း တရားဥပဒေစိုးမိုးမှုမရှိခြင်းအပါအဝင် လုံခြံုရေးည့ံဖျင်းမှုတို့ကြောင့် ယင်းတို့အနေဖြင့် လုပ်ကိုင် စားသောက်ကြရာတွင် အသက်အန ္တရာယ် စိုးရိမ် ထိတ်လန့်မှုများနှင့်လည်း ကြံုတွေ့နေကြရ ကြောင်း ဒေသခံများ၏ ပြောဆိုချက်အရ သိရသည်။

“အခုမိသားစုဝင်တွေမှာ အလုပ်အကိုင်အခွင့်အလမ်းက လုံးဝမရှိသေးဘဲ အလှူရှင်တွေ ထောက်ပံ့ ပေးတဲ့ဟာနဲ့ပဲ မိသားစုစားဝတ်နေရေးကို ဖြေရှင်းနေကြရတယ်။ အခု ကျွဲ၊ နွားတွေရတော့ အနီးအနားက လယ်ယာ၊ ကိုင်းကျွန်းတွေမှာလုပ်စားမယ်ဆိုရင်လည်း အဆင်ပြေသွားပါတယ်”ဟု လက်ရှိလောင်းဒုံကျေးရွာတွင် နေထိုင်လျှက်ရှိသည့် ဘင်္ဂလားဒေ့ချ်မှ ၀င်ရောက်လာသူ မိသားစုဝင်တစ်ဦးက ပြောသည်။

Most read this week