ဒေသလိုအပ်ချက်များ ဆောင်ရွက်ရန် တောင်ကုတ် လူထုအကျိုးဆောင်ကော်မတီဖွဲ့စည်း

ဒေသလိုအပ်ချက်များ ဆောင်ရွက်ရန် တောင်ကုတ် လူထုအကျိုးဆောင်ကော်မတီဖွဲ့စည်း
by -
နိရဥ္စရာ

တောင်ကုတ်မြို့နယ်၏ ဒေသလိုအပ်ချက်များကို တစ်ဘက်တစ်လမ်းက ကူညီဆောင်ရွက်ပေးရန် ရည်ရွယ်ချက် ဖြင့် တောင်ကုတ်မြို့နယ် လူထုအကျိုးဆောင်ကော်မတီကို သြဂုတ်လ ၃၁ ရက်နေ့က အတည်ပြုဖွဲ့စည်းလိုက် ကြောင်း သတင်း ရရှိသည်။

သြဂုတ်လ ၃ဝ ရက်မှ ၃၁ ရက်အထိ ၂ ရက်တာ ပြုလုပ်ခဲ့သော အစည်းအဝေးတွင် ယင်းကော်မီတီကို ဖွဲ့စည်းခဲ့ခြင်း ဖြစ်ကြောင်း ယင်းအဖွဲ့၏ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဦးရဲမာန်ခိုင်က ပြောသည်။

DSCN1160

ဦးရဲမာန်ခိုင်က “တောင်ကုတ်မြို့နယ်ရဲ့ ဒေသလိုအပ်ချက်တွေကို အတတ်နိုင်ဆုံးဖြည့်ဆည်းဆောင်ရွက်ပေးသွား နိုင်ဖို့ ရည်ရွယ်ပြီး  တောင်ကုတ် မြို့လယ်ရှိ ဓမ္မာရုံကြီးမှာ ပြုလုပ်တဲ့ အစည်းအဝေးကနေ ဖွဲ့စည်းခဲ့တာပါ။ အတတ်နိုင်ဆုံး လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်အောင် ကြိုးစားဆောင်ရွက်သွားပါမယ်”ဟု ဆိုသည်။

ယင်ဖွဲ့စည်းလိုက်သော လူထုအကျိုးဆောင် ကော်မတီတွင် တောင်ကုတ်မြို့နယ်ရှိ နိုင်ငံရေးပါတီအသီးသီးနှင့် လူမှုအဖွဲ့အစည်းအသီးသီးတို့မှ လူငယ်၊ လူလတ်၊ လူကြီးများ ပါ၀င်ကြောင်း သူက ဆိုသည်။

ရခိုင်ဒေသအကျိုးကို ဆောင်ရွက်ရန် ရခိုင်ပြည်နယ် မြို့နယ်တိုင်းနီးပါးတွင် တစ်မြို့နယ်ချင်းစီအလိုက် “ရခိုင်လူမှုကွန်ရက်” အမည်ဖြင့် အဖွဲ့ ဖွဲ့စည်းထားကြပြီး၊ ယင်းအထဲ တောင်ကုတ်မြို့တွင် ဖွဲ့စည်းထားသော ရခိုင်လူမှုကွန်ရက် (တောင်ကုတ်)လည်း ပါ၀င်သည်။

သို့သော် ယခုဖွဲ့စည်းလိုက်သော “တောင်ကုတ်မြို့နယ် လူထု အကျိုးဆောင်ကော်မတီ”မှာ ရခိုင်လူမှု ကွန်ရက် (တောင်ကုတ်)နှင့် သက်ဆိုင်မှုမရှိဘဲ သီးခြားအဖွဲ့အစည်းတစ်ခု အဖြစ်သာရပ်တည်သွားမည်ဖြစ်ကြောင်း အဆိုပါဆပ်ကော်မတီအဖွဲ့ဝင်များက ပြောသည်။

ယင်းဆပ်ကော်မတီကို နာယက၊ ဥက္ကဋ္ဌ၊ အတွင်းရေးမှူး၊ ဘဏ္ဍာရေးမှူးနှင့် သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ကော်မတီများအပါအဝင် အဖွဲ့ဝင် ၅၈ ဦးဖြင့် စတင်ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။

“အခု တောင်ကုတ်မှှာဖွဲ့စည်းလိုက်တဲ့ ကော်မတီအနေနဲ့လည်း ဒေသရဲ့လိုအပ်ချက်ကိုလုပ်ပေးမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဖွဲ့စည်းပြီး နောက်ပိုင်းမှာ  သူတို့အဖွဲ့အစည်းရဲဲ့ အကျိုးစီးပွားရလိုမှုအတွက် လုပ်သွားမယ် ဆိုရင်တော့ ဒါကို ကျွန်တော်တို့ လုံးဝလက် မခံနိုင်ဘူး”ဟု တောင်ကုတ်မြို့ခံတစ်ဦးက သူ၏အမြင်ကိုပြော သည်။

Most read this week