ရှေးဟောင်းဘုန်းတော်ကြီးကျောင်း ဘင်္ဂလာဒေချ့်တွင် ထပ်မံတူးဖေါ်တွေ့ရှိ

ရှေးဟောင်းဘုန်းတော်ကြီးကျောင်း ဘင်္ဂလာဒေချ့်တွင် ထပ်မံတူးဖေါ်တွေ့ရှိ
by -
နိရဥ္စရာ

ဘင်္ဂလာဒေချ့်နိုင်ငံ မြောက်ပိုင်းတွင် နှစ်ပေါင်းထောင်ချီကတည်းက တည်ရှိခဲ့သည်ဟု ယုံကြည်ရသော ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်း တစ်ကျောင်းကို ရှေးဟောင်းသုတေသနဌာနက မြေအောက်မှ ရှာဖွေ တူးဖေါ်တွေ့ရှိခဲ့သည်။

ယင်းတွေ့ရှိမူ ဘင်္ဂလာဒေချ့်မှ သတင်းစာကြီး တစ်စောင် ဖြစ်သော The Daily Star သတင်းစာက လွန်ခဲ့သော ရက်အနည်းငယ်က ဖေါ်ပြခဲ့သည်။

old-buddhist-temple-Bangladdesh

ဘုန်းတော်ကြီးကျောင်းကို ဘင်္ဂလာဒေချ့် နိုင်ငံ၏ မြောက်ပိုင်း မုန်ရှီဂန်ဂျ်ဒေသအတွင်းရှိ  တုန်ဂီဘာရီ မြို့နယ် Nateshwar တွင် တွေ့ရှိခဲ့သည်ဟု ဆိုသည်။

ယင်းတွေ့ရှိမူကို ဘင်္ဂလာဒေချ့် နိုင်ငံ ယဉ်ကျေးမှုရေးရာဝန်ကြီး အာဆတ်တူဇာမန်က အတည်ပြုပြီး ရှာဖွေတွေ့ရှိမူကို သတင်းဌာနများသို့ တရားဝင်ထုတ်ပြန်ကျေညာခဲ့သည်။

“ ယခုကဲ့သို့ သမိုင်းအရ တန်ဖိုးမဖြတ်နိုင် ရှေးဟောင်း အမွေအနှစ် တစ်ခုကို ရှာဖွေ တွေ့ရှိမူအတွက် အထူးအံ့သြမိပါကြောင်း” ယင်းဝန်ကြီးက ထုတ်ဖေါ် ပြောကြားသည်။

ယင်းတူးဖေါ်တွေ့ရှိခဲ့သော ကျောင်းတော်ကြီးအတွင်း အလျား ၉-မီတာနှင့် အနံ ၉-မီတာရှိ ဘုရားရှိခိုးခန်း တစ်ခန်းအပါအဝင် ရှစ်ထောင့်ပုံ စတူပါတစ်ဆူ၊ အုတ်ဖြင့်ပြုလုပ်ထားသော မိလ္လာခေါင်းနှင့် အခြားသော ယင်းခေတ်က ပစ္စည်းအသုံးအဆောင်များကိုလည်း တွေ့ရှိခဲ့သည်ဟု သိရသည်။

“ ဒီတူးဖေါ်တွေ့ရှိမူဟာ ဒါဟာဘီခြမ်ပူရ် အတွက်သာမက တနိုင်ငံလုံးအတွက်ပါ ဂုဏ်ယူစရာ ကိစ္စရပ်တခုဖြစ်ပါတယ်” ဟု သူက ဆက်ပြောဆိုသည်။

ဘုရားရှိခိုးခန်းဘေး၌ ဘုန်းကြီးကျောင်းတကျောင်း တူးဖေါ်တွေ့ရှိလိမ့်မည်ဟု မျှော်လင့်ခဲ့ကြောင်း သူက ထုတ်ဖေါ်ပြောကြားသည်။

ဘုန်းတော်ကျောင်းကြီးကျောင်းကို ရှာဖွေ တူးဖေါ် ရရှိမူသည် ယင်းခေတ်က အုတ်အတတ်ပညာဖြင့် ဆောက်လုပ်ထားသော ဗိသုကာလက်ရာကို ထင်ထင်ရှားရှား ဖေါ်ပြလျှက်ရှိနေသည်ဟု ဆိုသည်။

ဘင်္ဂလာဒေချ့် နိုင်ငံ ယဉ်ကျေးမှုဝန်ကြီးဌာနမှ ဘဏ္ဍာငွေ အထောက်အပံ့ရရှိခဲ့ပြီးနောက် အဂြာရှာ ဘီခြံပူရ် ဖောင်ဒေးရှန်းက ၄င်းနေရာကို ၂၀၁၀-ခုနှစ်မှ စတင်တူးဖေါ်ခဲ့ခြင်းဖြစ်သည်။ ဂျာဟန်ဂီနာဂါ တက္ကသိုလ် ဗိသုကာပညာဌာနမှ ပါမောက္ခ Dr Sufi Mostafizur Rahman က တူးဖေါ်ရေး အဖွဲ့ကိုဦးဆောင်ခဲ့သည်။

ဘင်္ဂလာဒေချ့်နိုင်ငံတွင် အနည်းဆုံး ရှေးဟောင်းကျောင်းတော်ကြီးပေါင်း (၃၀) ကျော်ကို ရှာဖွေတွေ့ရှိထားပြီ ဖြစ်ကြောင်း  သိရသည်။

Most read this week