ထိုင်းနိုင်ငံရောက် ရဟန်းတော်များ မြန်မာသံရုံးရှေ့ တောင်းဆို ဆန္ဒပြ

ထိုင်းနိုင်ငံရောက် ရဟန်းတော်များ မြန်မာသံရုံးရှေ့ တောင်းဆို ဆန္ဒပြ
by -
နွယ်လေး
မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်ရေးအတွက် ထိုင်းနိုင်ငံရောက် မြန်မာရဟန်း တော်များ၊ ကျောင်းသူကျောင်းသားများနှင့် ရွှေ့ပြောင်းအလုပ်သမား ၄ဝ ခန့်က ယနေ့ ဘန်ကောက်မြို့ရှိ မြန်မာ သံရုံးရှေ့တွင်  တောင်းဆို ဆန္ဒပြခဲ့ ...

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်ရေးအတွက် ထိုင်းနိုင်ငံရောက် မြန်မာရဟန်း တော်များ၊ ကျောင်းသူကျောင်းသားများနှင့် ရွှေ့ပြောင်းအလုပ်သမား ၄ဝ ခန့်က ယနေ့ ဘန်ကောက်မြို့ရှိ မြန်မာ သံရုံးရှေ့တွင်  တောင်းဆို ဆန္ဒပြခဲ့သည်။

မြန်မာရဟန်းတော်များ အဖွဲ့မှ ဦးတေဇက သံရုံးရှေ့တွင် မေတ္တာပို့သပြီး ဖြစ်သင့်သည့် အချက်များ တောင်းဆို သည်ဟု ယခုလို မိန့်ကြားခဲ့သည်။

“အားလုံးသိတဲ့ အတို်င်းပဲ ဒေါ်အောင်ဆန်းစုကြည်ကို စစ်အစိုးရ မတရားစွတ်စွဲပြီး တရားစွဲ ဆိုတယ်။ ဒီကိစ္စက တရားနဲ့ မလျော်ညီလို့ ဦးဇင်း ဘုရားသားတော်တွေ ဖြစ်တဲ့အတွက်ကြောင့် မဖြစ်သင့်တာ မဖြစ်ရအောင် ဦးဇင်းတို့ တားဆီးရင်း တရားနဲ့ လျော်ညီတဲ့ အချက်ကို တောင်းဆိုတာပါ။”

မြန်မာသံဃာတော်များက တရားစွဲဆိုမှုအား ပယ်ဖျက်ပေးရန်၊ ဘာသာရေးခေါင်းဆောင်များ ဒေါ်အောင်ဆန်း စုကြည်နှင့်တကွ နိုင်ငံရေးအကျဉ်းသားများ အားလုံးလွတ်ပေးရန်၊ မြန်မာပြည်  အနာဂါတ်အရေးကို ရှေ့ရှု၍ ဒကာကြီးတို့နှင့် နိုင်ငံရေး အဖွဲ့အစည်းများ အားလုံးတွေ့ဆုံ ဆွေးနွေး ကြပါရန်ဟူသည့် တောင်းဆိုချက်ပါ စာတစ်စောင်ကို ထိုင်းနိုင်ငံရောက် မြန်မာရဟန်း တော်များက မြန်မာသံရုံးမှ တဆင့် ဗိုလ်ချူပ်မှုးကြီး သန်းရွှေထံ လိပ်မူ ပေးပို့ခဲ့သည်။

“ဦးဇင်းတို့က အကောင်းကို မျှော်လင့်ထားသလို သူတို့ ဘက်က (မြန်မာစစ်အစိုးရ) အလေး အနက် ထားစဉ်းစားမယ်လို့ မျှော်လင့်ထားပါတယ်” ဟု ဦးတေဇ က ဆက်မိန့်ကြားသည်။

ရဟန်းတော်များသည် မြန်မာသံရုံးရှေ့ မေတ္တာသုတ်ရွတ်ဆိုကာ အရပ်ရှစ်မျက်နှာ မေတ္တာပို့ အပြီး လှုပ်ရှား တက်ကြွသည့် ကျောင်းသူကျောင်းသားများနှင့် မြန််မာရွှေ့ပြောင်းအလုပ်သမား များက သံဃာသတ်တဲ့ အစိုးရ အလိုမရှိ၊ ဒေါ်အောင်ဆန်းစုကြည်ကို အမြန်လွတ်ပေးရေး စသည် တောင်းဆိုချက်များဖြင့်် (Free Aung Sun Su Kyi)ပါ ပို့စတာများ ကိုင်ဆောင်ပြီး တစ်နာရီကြာ ဟစ်ကြွေးတောင်းဆိုဆန္ဒပြခဲ့ကြသည်။

ပြီးခဲ့သည့် တနင်္ဂနွေနှင့် တနလာင်္နေ့တွင် ဒေါ်စုလွတ်မြောက်ရေး အတွက်် ထိုင်းလူမျိုး အပါအဝင် အခြား နိုင်ငံခြားသား လူမျိုးများသည် ဘန်ကောက်မြို့ရှိ မြန်မာသံရုံးရှေ့ တောင်းဆို ဆန္ဒပြခြင်းများ ပြုလုပ်ခဲ့သည်။

အင်းစိန်ထောင်အတွင်း အမှု ရင်ဆိုင်နေရသည့် မြန်မာဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အင်းစိန် ထောင်အတွင်း သုံးရက်မြောက် အမှုရင်ဆိုင်နေရချိန်တွင် နိုင်ငံတကာရောက် မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှား သူများက မြန်မာသံရုံးများရှေ့တွင် ဆန္ဒပြ တောင်းဆို မှုများ ပြုလုပ်ကြသည်။

Most read this week