ကျောက်ဖြူတွင်မီးတောင်ပေါက်၍ လယ်ဧက ၃ဝဝ ကျော်ပျက်စီး

ကျောက်ဖြူတွင်မီးတောင်ပေါက်၍ လယ်ဧက ၃ဝဝ ကျော်ပျက်စီး
by -
နိရဥ္စရာ

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်တွင် မီးတောင်ပေါက်ကွဲ၍ လယ်မြေဧက ၃ဝဝ ကျော်ပျက်စီးဆုံးရှုံး သွားကြောင်း ဒေသခံများ၏ပြောပြချက်အရ သိရသည်။

ကျောက်ဖြူမြို့နယ်၊ ရှောက်ချောင်းကျေးရွာ၏အရှေ့တောင်ထောင့် ၃ ဖာလုံခန့်အကွာ ဒေသအခေါ် “သူပုန်နဂါးမီးတောင်”အမည်ရှိ မီးတောင်မှာ သြဂုတ်လ ၃၁ ရက်၊ ညနေ ၅ နာရီခွဲခန့်အချိန်တွင် ပေါက်ကွဲခဲ့ပြီး ယင်းနေ့ညနေ ရ နာရီ မိနစ် ၂ဝ ခန့်တွင် ပေါက်ကွဲမှုရပ်တန့်သွားခဲ့ကြောင်း ဒေသခံများက ဆိုသည်။

လွန်ခဲ့သော နှစ်အနည်းငယ်က ရမ်းဗြဲကျွန်းတွင် မီးတောင်တစ်ခု ပေါက်ကွဲနေစဉ်။ ( ဓါတ်ပုံ- နိရဥ္စရာ)

ပေ ၁ဝဝ ကျော်အမြင့်ရှိသော အဆိုပါမီးတောင်ပေါက်ကွဲမှုကြောင့် ထွက်ပေါ်လာသော ချော်ရည်ပူမျး မှာ အမြင့်ပေ တစ်ထောင်ဝန်းကျင်ခန့်အထိမြင့်တက်သွားခဲ့ပြီး ယင်းချော်ရည်ပူများမှာ မီးတောင်အနီးရှိ ရှောက်ချောင်းကျေးရွာ၊ စည်မော်ကျေးရွာနှင့် ကြတ္တိန်ကျေးရွာများမှ စပါးစိုက်ပျိုးပြီးလယ်မြေဧက ၃ဝဝ ကျော်ခန့်ကို ဖုန်းလွှမ်းသွားကြောင်း မျက်မြင်သက်သေများနှင့် ကျေးရွာဒေသခံများက ပြောသည်။

“လေယာဉ်သွားသလိုမျိုး အသံမြည်ပြီးပေါက်သွားတာ။ ချော်ရည်တွေ ပေ ၁ဝဝဝ လောက်တောင်မြင့် တက်သွားတယ်။ ကျနော့်လယ်နားကနေ ကြည့်နေတော့ မီးတောက်တွေ အပေါ်ကို ထိုးတက်သွားတာတွေကို မြင်တွေ့လိုက်ရပါတယ်”ဟု မီးတောင်ပေါက်ကွဲမှုကြောင့် ၁ ဧကခွဲခန့် လယ်မြေဧက ပျက်စီးသွားသည့် ပိုင်ရှင် ရှောက်ချောင်းကျေးရွာဒေသခံ ဦးကျော်ဝင်းက ပြောပြသည်။

မီးတောင်ပေါက်ကွဲမှုကြောင့်ထွက်ပေါ်လာသည့်ချော်ရည်ပူများမှာ မီးတောင်အနီးတဝိုက် နှစ်ဖာလုံခန့် အကွာတွင်ရှိကြသော လယ်ယာမြေများကိုဖုန်းလွှမ်းသွားသည့်အတွက် လယ်ယာမြေများပျက်စီးဆုံးရှုံးသွား သည်ကိုတွေ့ရှိရကြောင်းလည်း အခင်းဖြစ်ရာနေရာသို့ ကိုယ်တိုင်သွားရောက်ကြည့်ရှုနေသူ ကျောက်ဖြူမြို့ နယ်၊ ဇင်ချောင်းကျေးရွာမှ ဦးကျန်သိန်းအောင်က ဆိုသည်။

“တစ်ချို့နေရာဆို တစ်ဖာလုံကျော်၊ တစ်ချို့နေရာတွေဆို နှစ်ဖာလုံကျော်၊ အဲလိုမျိုးအကွာမှာရှိတဲ့ လယ်တွေကို ချော်ရည်တွေဖုန်းလွှမ်းသွားတာတွေ့ရတယ်”ဟု ဦးကျန်သိန်းအောင်က သူမြင်တွေ့ရသည့်မြင် ကွင်းအနေအ ထားကို ပြောပြသည်။

ချော်ရည်ပူများဖုန်းလွှမ်းသွားသည့်အတွက် ပျက်စီးဆုံးရှုံးသွားသောလယ်ယာမြေ တည်ရှိနေသည့်နေ ရာမှာ ကျောက်ဖြူအထူးစီးပွားရေးဇုန်တည်ဆောက်မည့် နေရာနှင့်နီးကပ်နေသောကြောင့် ပျက်စီးဆုံးရှုံးမှုတန် ဖိုးမှာလည်း သာမန်လယ်ယာမြေများထက် ပိုမိုများပြားကြောင်း လယ်မြေပျက်စီးသွားသည့်လယ်ပိုင်ရှင်များက ပြောသည်။

ယင်းသို့ လယ်ယာမြေအမြောက်အများပျက်စီးဆုံးရှုံးသွားသော်လည်း ဒေသအာဏာ ပိုင်များနှင့်တာဝန် ရှိသူများအနေဖြင့် အခင်းဖြစ်ပွားရာနေရာသို့ လာရောက်ကြည့်ရှုမှုမရှိသည့် အပြင် ပျက်စီးဆုံးရှုံးသွားသည့်လယ် ယာမြေများအတွက်လည်း မည်သို့ဆောင်ရွက်ပေးမည်ဆို သည်ကို ဆက်သွယ်အကြောင်းကြားလာခြင်းမရှိ သေးကြောင်း ဒေသခံများက ပြောပြသည်။

“ဒေသအာဏာပိုင်တွေလာကြည့်တာ ခုထိမရှိသေးဘူး။ ကျွန်တော်တို့ရွာအုပ်ချုပ်ရေးမှူးဆိုရင် တောင် ပေါ်ကိုတောင်တက်မကြည့်ဘဲပြန်သွားတယ်”ဟု ဦးကျော်ဝင်းက စက်တင်ဘာ ၁ ရက်နေ့က နိရဥ္စရာ ဆက်သွယ်မေးမြန်းစဉ် ပြောကြားသည်။

ယင်းနှင့်ပတ်သက်ပြီး ရှောက်ချောင်းကျေးရွာအုပ်ချုပ်ရေးမှူး ဦးစန်းကြည်အား နိရဥ္စရာသတင်းဌာနက ဆက်သွယ်မေးမြန်းရာ ယင်းက “ကျွန်တော်တို့အနေနဲ့ မြို့နယ်အုပ်ချုပ်ရေးမှူး၊ ခရိုင်အုပ်ချုပ်ရေးမှူးနဲ့ ဒေသ အာဏာပိုင်တွေဆီ အခင်းဖြစ်ပြီးတာနဲ့ အချိန်နဲ့တပြေးညီ သတင်းပို့အကြောင်းကြားထားပြီးဖြစ်ပါတယ်။ နစ်နာ သူတွေအတွက် ဘယ်လိုလုပ်ပေးမယ်ဆိုတာတော့ သက်ဆိုင်ရာကနေ ဆက်သွယ်လာတာမရှိသေးပါဘူး”ဟု ပြန်လည်ဖြေကြားခဲ့သည်။

ယခုကိစ္စနှင့်ပတ်သက်ပြီး လယ်ယာမြေများနစ်နာသွားသူများကို မည်သို့ဆောင်ရွက်ပေးမည် ဆိုသည် ကို အသေးစိတ်သိရှိနိုင်ရန် ကျောက်ဖြူမြို့နယ်အုပ်ချုပ်ရေးမှူးဦးကျော်သူစိုးကို ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်၍မရခဲ့ပါ။

ယခုကဲ့သို့မီးတောင်ပေါက်ကွဲမှုဖြစ်စဉ်ကြောင့် လက်ရှိအချိန်တွင် မီးတောင်အနီးရှိ ကျေးရွာသုံးရွာမှ လယ်ပိုင်ရှင် ၁၇ ဦး၏ လယ်ယာမြေများဖုန်းလွှမ်းသွားသည့်အတွက် လုပ်ကိုင်စားသောက်၍မရတော့သည်ကို လေ့လာသိရှိထားကြောင်း ရှောက်ချောင်း ကျေးရွာအုပ်ချုပ်ရေးမှူး ဦးစန်းကြည်က အတည်ပြုသည်။

အဆိုပါ သူပုန်နဂါးအမည်ရှိ မီးတောင်မှာ နှစ်ပေါင်း ၄၅ နှစ်အတွင်း ပြန်လည်ပေါက်ကွဲ လာခြင်းဖြစ်ပြီး အဆိုပါမီးတောင်ပေါက်ကွဲပါက ဒေသအခြေအနေများမှာ ဆူပူမှုများဖြစ်ပေါ်တတ်ကြကြောင်း ရှေးလူကြီးများ၏ ပြောဆိုချက်များကိုကိုးကား၍ ဒေသခံများက ပြောသည်။

Most read this week