ဒေါ်စု လွတ်မြောက်ရေးအတွက် မယ်တော်ဆေးခန်းတွင် ဆုတောင်းပွဲကျင်းပ

ဒေါ်စု လွတ်မြောက်ရေးအတွက် မယ်တော်ဆေးခန်းတွင် ဆုတောင်းပွဲကျင်းပ
by -
နွယ်လေး
ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့ မယ်တော်ဆေးခန်းတွင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားသူများနှင့် မြန်မာကျောင်းသူ ကျောင်းသားပေါင်း လေးရာကျော်ခန့်က ယနေ့ ဆု တောင်းပွဲ ကျင်းပခဲ့ ...

ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့ မယ်တော်ဆေးခန်းတွင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားသူများနှင့် မြန်မာကျောင်းသူ ကျောင်းသားပေါင်း လေးရာကျော်ခန့်က ယနေ့ ဆု တောင်းပွဲ ကျင်းပခဲ့သည်။

ဆုတောင်းပွဲ အခမ်းအနားဦးဆောင်ပြုလုပ်သည့် ကရင်အမျိုုးသမီး အစည်းအရုံးမှ အထွေထွေ အတွင်းရေးမှုး နန်း ဒါးအဲကလဲ က “လူထုခေါင်းဆောင်ကို သူတို့က အချိန်မရွေး ဖမး််နေတယ်။ ၂ဝ၁ဝ နီးလာတဲ့အ လျောက် သူတို့က ဒေါ်အောင်ဆန်းစုကြည် ကို နည်းအမျိုးမျိုးနဲ့ ချူပ်နှောင်ထားနိုင်အောင်စီစဉ် ကြိုး ပမ်းဖမ်းနေတဲ့ပေါ် ဒေါ်စုလွတ်မြောက်ဖို့နဲ့ အခြားနိုင်ငံရေး အကျဉ်းသား အားလုံးလွတ်ဖို့ ဆုတောင်း ပွဲ လုပ်ခြင်းဖြစ်တယ်” ဟုပြောသည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေး အကျဉ်းသားများအားလုံး အမြန်ပြန်လွှတ်ပေးရန်၊ မြန်မာ့အရေးကို အမေ ရိကန်က အမြန်ဆုံး အရေးယူဆောင်ရွက်ပေးရန်၊ မြန်မာပြည် အမြန်ဆုံးလွတ်မြောက်ပါစေ စသည့်ပိုစတာများ ကိုင်ဆောင်ပြီး ကြွေးကြော် တောင်းဆိုခဲ့ ကြသည်။

“အမေရိကန်နိုင်ငံသား တစ်ဦးက ဒေါ်စုခြံထဲ ဝင်လိုက်လို့ ဒီလိုဖမ်းလိုက်တဲ့ပေါ်မှာ အမေရိကန် နိုင်ငံ သား ဖြစ်လို့ အမေရိကန်နိုင်ငံ အစိုးရမှာ တာဝန်ရှိတယ်။ သူတို့တွေ တခုခု လုပ်နိုင်အောင် ကျမတို့ က တောင်းဆိုတာဖြစ်တယ်။” ဟု နန်းဒါးအဲကလဲ က ဆက်ပြောသည်။

ယမန်နေ့က မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင်  ဒေါ်အောင်ဆန်းစုကြည် အင်းစိန်ထောင်အတွင်း အမှုရင်ဆိုင်နေရ ချိန်တွင် နိုင်ငံတကာရောက် မြန်မာ့ဒီမိုကရေစီ ရေးလှုပ်ရှား သူများက မြန်မာသံရုံးများရှေ့တွင် ဆန္ဒပြတောင်းဆို မှုများ ပြုလုပ်ခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည် နေအိမ်အတွင်း အမေရိကန်လူမျိုး ဂျွန်ဝီလျံ ယက်ထော တိတ်တဆိတ် ဝင်ရောက်မှု ကြောင့်် မြန်မာစစ််အစိုးရသည် သူမအား အကျယ်ချုပ်ထားရာမှ ၁၄ ရက်နေ့တွင် အင်းစိန်ထောင်သို့ ခေါ်ဆောင် ပြီး ပုဒ်မ ၂၂ ဖြင့် တရားစွဲဆိုထားသည်။

Most read this week