(၇၅) နှစ်မြောက် ဦးဥတ္တမနေ့ စိန်ရတုအခမ်းအနားအတွက် သတင်းစာရှင်းလင်းပွဲ ပြုလုပ်မည်

(၇၅) နှစ်မြောက် ဦးဥတ္တမနေ့ စိန်ရတုအခမ်းအနားအတွက် သတင်းစာရှင်းလင်းပွဲ ပြုလုပ်မည်
by -
နိရဥ္စရာ

၂၀၁၄ ခုနှစ် စက်တင်္ဘာလ ၉ ရက်နေ့တွင် ကျရောက်မည့် (၇၅) နှစ်မြောက် ဆရာတော် ဦးဥတ္တမ စိန်ရတု အခမ်းအနားနေ့ ကျင်းပရေးနှင့် ပတ်သက်ပြီး သတင်းစာရှင်းလင်းပွဲတစ်ရပ် ပြုလုပ်သွားမည်ဟု သတင်း ရရှိသည်။

ယင်းသတင်းစာရှင်းလင်းပွဲအား ဆရာတော် ဦးဥတ္တမ စိန်ရတုအခမ်းအနားကျင်းပရေး ကော်မတီက သြဂုတ်လ ၂၃ ရက် စနေနေ့ နေ့လည် (၁) နာရီတွင် ရွှေတိဂုံ အရှေ့ဘက်မုတ်အနီးရှိ ရခိုင်ပြည်နယ် ဓမ္မာရုံတွင် ပြုလုပ်သွားမည်ဟု ခေါင်းဆောင် တစ်ဦးဖြစ်သူ ဦးစောသာမောင်က ပြောသည်။

“ ကျွန်တော်တို့ ပြုလုပ်မယ့် ဆရာတော် ဦးဥတ္တမ စိန်ရတု အခမ်းအနားနေ့နဲ့ ပတ်သက်ပြီး သတင်းစာရှင်း လင်းပွဲ တစ်ခုကို ရခိုင်ဓမ္မာရုံမှာ ပြုလုပ်သွားပါမယ်။ စာနယ်ဇင်းသမားတွေ အကုန်လုံးကို ဖိတ်ကြားပါတယ်။ လာရောက်ကြလိမ့်မယ်လို့လည်း မျှော်လင့်ပါတယ်” ဟု ဆိုသည်။

သတင်းစာရှင်းလင်းပွဲတွင် ဆရာတော် ဦးဥတ္တမ စိန်ရတု အခမ်းအနားနေ့ ကျင်းပရေးနှင့် ပတ်သက်ပြီး ကော်မီတီ၏ ဆောင်ရွက်ချက်များကို အဓိက ရှင်းလင်း တင်ပြသွားမည် ဖြစ်သည်။

(၇၅) နှစ်မြောက် ဆရာတော် ဦးဥတ္တမ စိန်ရတု အခမ်းအနားနေ့ ကျင်းပနိုင်ရေးနှင့် ပတ်သက်ပြီး ယခုအခါ ကော်မီတီ တစ်ရပ်ကို ရန်ကုန်မြို့တွင် ဖွဲ့စည်းထားပြီး ယင်းကော်မီတီအောက်တွင် ဆပ်ကော်မီတီ (၈) ခုကိုလည်း အဖွဲ့ဝင် ၁၅၀ ကျော်ဖြင့် ဖွဲ့စည်းထားသည်ဟု သိရသည်။

Most read this week