ရန်ကုန်တိုင်းဒေသကြီး ရခိုင်အမျိုးသားပါတီ ဗဟိုကော်မီတီထဲတွင် အမျိုးသမီး (၅) ဦး ရွေးချယ်တင်မြှောက်ခံရ

ရန်ကုန်တိုင်းဒေသကြီး ရခိုင်အမျိုးသားပါတီ ဗဟိုကော်မီတီထဲတွင် အမျိုးသမီး (၅) ဦး ရွေးချယ်တင်မြှောက်ခံရ
by -
နိရဥ္စရာ

ရန်ကုန်တိုင်းဒေသကြီး ရခိုင်အမျိုးသားပါတီ ဗဟိုကော်မီတီ (၂၅) ဦးကို သြဂုတ်စ်လ ၆ရက်ေနေ့က ရွေးချယ်တင်မြောက် ခဲ့ရာ ထိုအထဲတွင် ရခိုင် အမျိုးသမီး (၅) ဦးပါ၀င်ကြောင်း သိရှိရသည်။

ယခင်က နိုင်ငံရေးမှာ အမျိုးသားများ၏ အလုပ်ဟု ခံယူထားတတ်လေ့ရှိကြသော ရခိုင်အမျိုးသမီးများ နိုင်ငံရေး လောကတွင် ပါ၀င်လာမူမှာ အားရစရာ ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ဥက္ကဌ အဖြစ် ရွှေးချယ်ခံရသူ ဦးလှမြင့်က ပြောသည်။

ရွှေးချယ်ခံခဲ့ရသော အမျိုးသမီးများမှာ ဒေါ်မြမေ၊ ဒေါ်ခင်လှမြိုင်၊ ဒေါ်ခင်လှရီ၊ ဒေါ်ထူးမေ၊ ဒေါ်ရွှေဇင်သင်း(ခေါ်) စုစုတို့ဖြစ်ကြပြီး ယင်း (၅) ဦးထဲမှ ဒေါ်မမြမေမှာတွဲဘက် အတွင်းရေးမှူးအဖြစ် ရွှေးချယ် တင်မြောက် ခံခဲ့ရသည်။

ရန်ကုန်တိုင်းဒေသကြီး ရခိုင်အမျိုးသားပါတီ ဗဟိုကော်မီတီကို ယမန်နေ့က ကျောက်မြောင်းရှိ ပါတီ ဌာနချုပ်တွင် ကျင်းပခဲ့ရာ ကိုယ်စားလှယ် (၅၁) ဦးတက်ရောက်ခဲ့ပြီး လျှို့ဝှက်မဲစနစ်ဖြင့် ဗဟိုကော်မီတီဝင် (၂၅) ဦးကို ရွေးချယ်ခဲ့ကြသည်။

ထိုအထဲတွင် ယင်းအမျိုးသမီး (၅) ဦးကို ရန်ကုန်တိုင်းဒေသကြီး ရခိုင်အမျိုးသားပါတီအတွက် အမျိုးသားများနှင့် တန်းတူ ပါ၀င်လူပ်ရှားနိုင်ရေး အတွက် ပါတီကိုယ်စားလှယ်များက ရွေးချယ်ခဲ့ကြခြင်း ဖြစ်သည်။

ရန်ကုန်တိုင်းဒေသကြီး ဗဟိုအလုပ်အမူဆောင်ကော်မီတီတွင်  ဥက္ကဌအဖြစ် ရခိုင်သားကြီး ဦးလှမြင့်၊ ဒုဥက္ကဌအဖြစ် လက်ရှိ ရန်ကုန်တိုင်းဒေသကြီး ရခိုင်ရေးရာ ၀န်ကြီး ဦးဇော်အေးမောင်နှင့် ဒေါက်တာဦးမောင်၊ အတွင်းရေးမှူးအဖြစ် ဦးအေးမောင်နှင့် တွဲဘက် အတွင်းရေးမှူးအဖြစ် ဒေါ်မြမေတို့ကို ရွေးချယ်တင်မြောက် ခဲ့ကြသည်။

ရန်ကုန်တိုင်းဒေသကြီးတွင် ယခုလက်ရှိ အချိန်တွင် ရခိုင်လူမျိုး (၅) သိန်းခန့် နေထိုင်လျှက် ရှိနေပြီး သူတို့ကို ရခိုင်အမျိုးသားပါတီတွင် ကျယ်ပြန့်စွာ ပါ၀င်လာနိုင်ရေးနှင့် ရခိုင်ပြည်နယ် အကျိုးပြုလုပ်ငန်းများတွင် တက်တက်ကြွကြွ ပါ၀င်နိုင်ရေး အတွက် စက်တင်္ဘာလအတွင်း  သံတွဲမြို့ ငပလီ၌ ပထမဆုံးအကြိမ်ကျင်းပမည့် ရခိုင်အမျိုးသားပါတီ ညီလာခံတွင် စည်းရုံးရေး မူဝါဒတစ်ရပ် ရေးဆွဲသွားမည်ဟု ဆိုသည်။

ရခိုင်အမျိုးသမီးများထဲမှ ကိုလိုလိုနီ ဗြိတိသျှ ခေတ်နှောင်းပိုင်း မြန်မာလွတ်လပ်ရေး ကြိုးပမ်းရာတွင် ပါ၀င်ခဲ့သူ အနက် ဦးမဲအောင်၏ သမီး ဒေါ်မြစိန်သည် ထင်ရှားသူ တစ်ဦးဖြစ်သည်။

Most read this week