တာချီလိတ်တွင် လက်နက်ခဲယမ်းများထပ်မံ ဖမ်းမိ

တာချီလိတ်တွင် လက်နက်ခဲယမ်းများထပ်မံ ဖမ်းမိ
by -
ဇော်ကြီး
ထိုင်းမြန်မာနယ်စပ် တာချီလိတ်မြို့မှ ကျိုင်းတုံမြို့သို့ပြေးဆွဲသည့် လိုင်းကားပေါ်၌ လက်နက်ခဲယမ်းများ ဖမ်းဆီး ရမိခဲ့ကာ ယင်းကားပိုင်ရှင် ပြည်သူ့စစ် ခေါင်းဆောင်နှင့် ၄င်း၏ ရဲဘော် ၉ ဦးကို ဖမ်းဆီးခဲ့ ...

ထိုင်းမြန်မာနယ်စပ် တာချီလိတ်မြို့မှ ကျိုင်းတုံမြို့သို့ပြေးဆွဲသည့် လိုင်းကားပေါ်၌ လက်နက်ခဲယမ်းများ ဖမ်းဆီး ရမိခဲ့ကာ ယင်းကားပိုင်ရှင်ပြည်သူ့စစ်ခေါင်းဆောင်နှင့် ၄င်း၏ ရဲဘော် ၉ ဦးကို ဖမ်းဆီးခဲ့သည်။

ယင်းလက်နက်များကို ယခုလ ၉ ရက်နေ့က ဖမ်းမိခဲ့ခြင်းဖြစ်ပြီး ဖမ်းဆီးမှုအခြေအနေကို တာချီလိတ်မြို့ခံတစ်ဦး က ယခုလို ပြောသည်။

“ဒီ တာချီလိတ်၊ ကျိုင်းတုန်၊ မိုင်းလား သွားတဲ့ လိုင်းကားပေါ်မှာ၊ အဲတာသူတို့ပိုင်တဲ့ လိုင်းကားပေါ့ နော။ အဲမှာ သူတို့တာချီလိတ်လိမ္မော်ခြံမှာ သွားဖွက်ထားတာ၊ အဲဒီ တာချီလိတ်ကားကို သူက(အာဏာ ပိုင်)က ကြည့်ကြည့်ရင်းနဲ့ မသင်္ကာလို့ အဲဒီကားကိုသွား ကြည့်တဲ့ခါကျ တော့ အဲဒီကားထဲမှာ အမေရိ ကန်လုပ် အိုဇီ ၆ လက်၊ ပစ္စတို ၉ လက်၊ ကျည် ၁ဝဝဝ ကျော်ဖမ်းရတယ်။”

ယခုဖမ်းဆီးမှုသည် လွန်ခဲ့သည့်မေလ ၄ ရက်နေ့က တာချီလိတ်တံတား အကောက်ခွန်ဂိတ်၊ ကျောင်းကားပေါ်၌ တင်ဆောင်လာသည့် လက်နက်ခဲယမ်းများ ဖမ်းမိမှုနှင့် ဆက်နွယ်သည်ဟု ၎င်းကဆက်ပြောသည်။

“အဲတာလား၊ ဟို ၄ ရက်နေ့ကတည်းက တာချီလိတ် မယ်ဆိုင်တံတားပေါ်မှာ လက်နက်မိတယ်။ အဲဒီ ကနေတဆင့် ပြန်လိုက်တော့ တာချီလိတ် ပန်ဆလိရွာက အခါ ပြည်သူ့စစ်ခေါင်းဆောင်ရယ် သူ့တပည့် ၉ ယောက်၊ အကုန်လုံး ၁ဝ ယောက်ကို ဖမ်းပြီးမှ အခု ဗျူဟာ အချုပ်ထဲမှာရောက်နေတယ်။”

ဖမ်းဆီးထားသူများအား ယနေ့နံနက်က တာချီလိတ်စစ်ဗျူဟာရုံးမှ စစ်ဖက်ရေးရာလုံခြံု ရေးအဖွဲ့ (စရဖ) ရုံးသို့ လွဲပြောင်းပေးလိုက်သည်ဟုသိရသည်။

ယခုသယ်ဆောင်လာသည့် လက်နက်များအား မူးယစ်ဆေးနှင့်လှဲလှယ်ရန်ဖြစ်နိုင်သည်ဟု “အထူးသဖြင့် မူး ယစ်ဆေးဝါးနဲ့လက်နက် လဲတာ များတယ်။ လက်နက်တွေ သူတို့ ပြန်ပေးကြတာပေ့ါ၊ မူးယစ်ဆေးဝါး အစား။ အခုလည်း မိုင်းလား အထူး ၄ဒေသ အဲဒီအဖွဲ့ကိုပို့ဖို့လက်နက်လို့ပြောတာပဲ။” အဆိုပါ ဒေသခံ က ပြောသည်။

လွန်ခဲ့သည့်ဖေဖော်ဝါရီလ အတွင်းကလည်း တာချီလိတ်မြို့ မယ့်ယန်းဂိတ်နှင့်် မိုင်းဖုန်း ကျေးရွာ ဘက်တွင်လည်း လက်နက်နှင့်ဘိန်းဖြူများ ဖမ်းဆီးရမိခဲ့သည််။

Most read this week