ဂီတဖြေဖျော်ပွဲမှရရှိငွေ ကျပ်သိန်း(၈၀)အား ဘင်္ဂလာဒေချ့်မှ ၀င်ရောက်လာသောရခိုင်မျိုးနွယ်စုများအား လှူဒါန်းမည်

ဂီတဖြေဖျော်ပွဲမှရရှိငွေ ကျပ်သိန်း(၈၀)အား ဘင်္ဂလာဒေချ့်မှ ၀င်ရောက်လာသောရခိုင်မျိုးနွယ်စုများအား လှူဒါန်းမည်
by -
နိရဥ္စရာ

ဇူလိူင်လ ၂၇ ရက်နေ့က ရန်ကုန်မြို့ အမျိုးသားကဇာတ်ရုံတွင် ပြုလုပ်ခဲ့သော ရခိုင်တိုင်းရင်းသားး ကူညီစောင့်ရှောက်ရေး ရန်ပုံငွေ ဂီတဖြေဖျော်ပွဲမှ ရရှိခဲ့သော ကျပ်ငွေ သိန်း (၈၀) ကို ဘင်္ဂလာဒေချ့်မှ ၀င်ရောက်လာသော ရခိုင်မျိုးနွယ်စုများသို့ ကူညီလှူဒါန်းသွားမည်ဟု သိရသည်။

မြန်မာနိုင်ငံတိုင်းရင်းသားလူမျိုးများ ကူညီစောင့်ရှောက်ရေး ပရဟိတအသင်း အတွင်းရေးမှူး ဖြစ်သူ ဦးစောဝင်းအောင်မှ နိရဥ္စရာမှ ဆက်သွယ်မေးမြန်းစဉ် ထိုသို့ ပြောကြားသည်။

DSC 0092

“ ကျွန်တော်တို့ ရုပ်ရှင်နဲ့ ဂီတနယ်ပယ်က အနုပညာရှင်တွေ ဖြေဖျော်ပွဲက ၀င်ငွေ စုစုပေါင်း ကျပ်သိန်း (၈၀) ရပါတယ်။ ဒါကို ဘင်္ဂလာဒေချ့်ကနေ ၀င်ရောက်လာကြသော ကျွန်တော်တို့ရဲ့ ညီအစ်ကို မောင်နှမတွေ ဖြစ်ကြတဲ့ မောင်တောမြို့နယ်ရောက် ရခိုင်မျိုးနွယ်စုများသို့ ကူညီလှူဒါန်းသွားမှာ ဖြစ်ပါတယ်” ဟုဆိုသည်။

ထိုသို့ ကူညီရာတွင် ငွေသားများအနေဖြင့် ကူညီသွားမည် မဟုတ်ဘဲ စိုက်ပျိုးရေး လုပ်ငန်းများအတွက် အထောက်အကူ ဖြစ်စေရန် ရည်ရွယ်ပြီး ခိုင်းနွားများကို ၀ယ်ယူပြီး ကူညီသွားမည်ဟု ဆိုသည်။

“ ကျွန်တော်တို့က ဧရာဝတီတိုင်း ကျံုပျော်မြို့မှာ ခိုင်းနွားကောင်ရေ သိန်း (၈၀) ဖိုးဝယ်ယူပြီး  နောက်လာမယ့် သြဂတ်စ် (၂) ရက်နေ့မှာ ရခိုင်ပြည်နယ်ကို လွှဲပြောင်းသွားမှာ ဖြစ်ပါတယ်။ သြဂတ်စ်လ (၉) ရက်နေ့မှာ အဲဒီခိုင်းနွားတွေကို မောင်တောမြို့မှာ ရောက်ရှိနေတဲ့ ရခိုင်မျိုးနွယ်စုတွေကို ကျွန်တော်တို့ ကိုယ်တိုင် သွားရောက်ပြီး လှူဒါန်းသွားမှာ ဖြစ်ပါတယ်” ဟု ဆိုသည်။

ရခိုင်ပြည်နယ် မောင်တောမြို့နယ် အတွင်းသို့ တစ်ဘက်နိုင်ငံ ဘင်္ဂလာဒေချ့်မှ ၀င်ရောက်လာကြသော ရခိုင်မျိုးနွယ်စုများမှာ စားဝတ်နေရေးသာမက တခြားအခက်အခဲများစွာနှင့်လည်း ရင်ဆိုင်နေကြရသည်ဟု သိရသည်။

ဇူလိူင်လ ၂၇ ရက်နေ့ ညနေက ရန်ကုန်မြို့ အမျိုးသားကဇာတ်ရုံတွင် ပြုလုပ်ခဲ့သော ၎င်းရန်ပုံငွေ ပွဲတော်သို့ ရုပ်ရှင်နှင့် ဂီတနယ်ပယ်မှ နေတိုး၊ ဖိုးကာ၊ ဟဲလေး၊ ဉာဏ်လင်းအောင်၊ ရိုတ၊ ချောစုခင်၊ ငယ်ငယ်၊ မေစပါယ်ညို၊ ဂျင်းနီ၊ Nကိုင်ရာ၊ နေနေ၊ ချစ်စနိုးဦး တို့က အခမဲ့လာရောက် သီဆိုဖျော်ဖြေပေးခဲ့ကြသည်။

Most read this week