ဗမာ စစ်အစိုးရ အရာရှိများမှ ဒေသခံ မူဆလင် စီးပွားရေး သမားများနှင့် ပူးပေါင်းပြီး ရခိုင်စီးပွားရေး သမားများကို အနိုင်ကျင့်

ဗမာ စစ်အစိုးရ အရာရှိများမှ ဒေသခံ မူဆလင် စီးပွားရေး သမားများနှင့် ပူးပေါင်းပြီး ရခိုင်စီးပွားရေး သမားများကို အနိုင်ကျင့်
ရခိုင်ပြည်နယ် အနောက်ဘက် နယ်စပ်မြို့ မောင်တောတွင် စီးပွားရေး လုပ်ကိုင်နေသူ ရခိုင်အမျိုးသားများကို ဗမာ စစ်အစိုးရ အရာရှိများက ဒေသခံ မူဆလင် စီးပွားရေး သမားများနှင့် ပူးပေါင်းပြီး အနိုင်ကျင့်နေကြောင်း အမည်မဖေါ်လိုသူ စီးပွားရေး သမား တဦးက ပြော ...

ရခိုင်ပြည်နယ် အနောက်ဘက် နယ်စပ်မြို့ မောင်တောတွင် စီးပွားရေး လုပ်ကိုင်နေသူ ရခိုင်အမျိုးသားများကို ဗမာ စစ်အစိုးရ အရာရှိများက ဒေသခံ မူဆလင် စီးပွားရေး သမားများနှင့် ပူးပေါင်းပြီး အနိုင်ကျင့်နေကြောင်း အမည်မဖေါ်လိုသူ စီးပွားရေး သမား တဦးက ပြောသည်။

“ကျွန်တော်တို့ ရခိုင်လူမျိုးရဲ့ လက်ရှိ အခြေအနေက ကယ်သူမဲ့နေတဲ့ အနေအထားမှာ ရှိပါတယ်။ မောင်တော အဝင်အထွက်ဂိတ်၊ ရ ရက် ပတ်စပို့ အသွားအပြန် မော်တော်ဘုတ်တွေက အစ အားလုံးကို လေလံရထားသူတွေက မောင်တောက မူဆလင် စီးပွားရေး သမားတွေ ဖြစ်ပါတယ်။ ကျွန်တော်တို့က နိုင်ငံတော်ကို အကျိုးပြုနေတဲ့ စီးပွားရေး သမားတွေ ဖြစ်ပေမယ့် သွားချင်သလို သွားလာလို့ မရဘူး။ ကန့်သတ်ချက်တွေ တအားများနေတဲ့ အတွက် အထူး အခက်အခဲ ဖြစ်နေကြရပါတယ် ” ဟု ပြောသည်။

မောင်တောနှင့် တက်ကနက် အကြားတွင် ခုနှစ်ရက် ဗီဇာဖြင့် ရခိုင် စီးပွားရေး သမားများ အနေဖြင့် နတ်မြစ်ကို ဖြတ်ကျော်ပြီး မော်တော်ဘုတ်များဖြင့် ဘင်္ဂလာဒေချ့်သို့ သွားရောက် လည်ပတ်နိုင်သော်လည်း နစကနှင့် မောင်တော ခယကမှ ခန့်အပ်ထားသော မူဆလင် စီးပွားရေး သမား နှစ်ဦးကြောင်း ရခိုင်စီးပွားရေး သမားများ ဒုက္ခရောက်နေပုံကို သူက ယခုကဲ့သို့ ပြောသည်။

“နစကတပ်ဖွဲ့က (၇) ရက်ဗီဇာ အသွား အပြန် သယ်ယူပို့ဆောင်ရေး လုပ်ငန်းကို မောင်လှမြိုင် (ခေါ်) နုရ်မာမောက်ကို ပေးထားပြီး မောင်တော ခယကမှ လှရွှေခေါ် ဖေါ်ယက်ကို လေလံ ပေးထားပါတယ်။ သူတို့က တယောက် တရက်စီ မော်တော်ဘုတ် အလှည့်ကျ ထွက်ခွင့် ရပါတယ်။ ဒါပေမယ့် မော်တော်ဘုတ်ကို ညနေ ၄ နာရီမှ မောင်တော ဆိပ်ကမ်းက နေပြီး တက်ကနက်ကို ထွက်ခွင့် ပြုထားပါတယ်။ တက်ကနက် ဘောင်တော် ဆိပ်ကမ်းကို ရောက်တဲ့အခါ နေဝင် မိုးချုပ်မှ ရောက်ပါတယ်။ တက်ကနက်နေ မောင်တောကို ပြန်ရောက်အခါ ညဉ့်သန်ခေါင်းကျော်မှ ရောက်ပါတယ်။ ကျွန်တော်တို့မှာ စီးပွားရေး ကိစ္စနဲ့ ဘင်္ဂလာဒေချ့်သွားရတာ တော်တော် အခက်အခဲ ရှိသလို ကျွန်တော်တို့ စီးပွားရေး လုပ်ငန်းတွေကို ခုလို နည်းမျိုးစုံကို အသုံးပြုပြီး ဗမာ အုပ်ချုပ်သူတွေနဲ့ ဒေသခံ မူဆလင် စီးပွားရေး သမားတွေက ဖျက်ဆီးနေကြပါတယ်။ ”

၎င်းပြင် မော်တော်ဘုတ်ခကို တဦးကို ကျပ် ၅ဝဝဝ ကောက်ခံပြီး ကုန်ပစ္စည်းများ အပေါ်တွင် သတ်မှတ်ချက် မရှိဘဲ ကောက်ချင်သလို ကောက်ခံနေသည်ဟု သိရသည်။

နစက ဌာနချုပ်မှလည်း မူဆလင် စီးပွားရေး သမားများနှင့် ပူးပေါင်းပြီး ရခိုင်စီးပွားရေးသမားများ အပေါ် အနိုင်ကျင့်နေမူများရှိသည်ကို သူက ယခုကဲ့သို့ ပြောသည်။

“ ဘယ်တိုင်းပြည် ဘယ်နေရာမှာဘဲ ဖြစ်ဖြစ် ခရီးသွားတာကို မနက်လင်းတာနဲ့ ခွင့်ပြုမယ်လို့ ယူဆပါတယ်။ ကျွန်တော်တို့ အပေါ်မှာတို့ နစက ဌာနချုပ်က ညနေ ၄ နာရီမှသာ ဘင်္ဂလာဒေချ့်ကို သွားခွင့်ပြုပါတယ်။ အကြောင်းကတော့ လူတွေကို ဒုက္ခမရောက်ရင် ရောက်အောင် စီစဉ်ထားတာ ဖြစ်ပါတယ်။ ကျွန်တော်တို့ ရ ရက် ပတ်စပို့နဲ့ ဘင်္ဂလာကို သွားမယ်ဆိုရင် ပထမ နစက ဌာနချုပ်ကို ခွင့်ပြုချက် တင်ရပါတယ်။ နစက ဌာနချုပ်က နေ့လည် ၂ နာရီမှ ခွင့်ပြုချက်ကို ချပေးပါတယ်။ နစက ဌာနချုပ်က ခွင့်ပြုချက်ရမှ လဝက ဌာနကို သွားပြီး ခရီးသွားတဲ့ ပတ်စပို့ကို သွားထုတ်ရပါတယ်။ လဝကမှ ထုတ်ပေးတဲ့ အချိန်မှာ ၄ နာရီ ရှိနေပါပြီ။ တခါ မော်တော်ဘုတ် ပိုင်ရှင်တွေက အချိန်ကို ကြန့်ကြာအောင် လုပ်ထားပီး လူတွေကို စိတ် အနှောင့်အယှက်ပေးတာတွေ လုပ်ပါတယ်။ မူဆလင် ဘုတ်သမားတွေကလည်း ရခိုင်စီးပွားရေး သမားတွေ ဘာတွေ ယူလာတယ်။ ဘင်္ဂလာမှာ ဘာတွေ လုပ်ကိုင်ခဲ့တယ်ဆိုတာကို နစကကို အစီရင်ခံရပါတယ်။ ကျွန်တော်တို့မှာ အပြစ်တွေ့မှာစိုးလို့ နစကကိုသာမက မူဆလင် ဘုတ်သမားတွေကို ကြောက်နေရပါတယ်။ ”

နိုင်ငံတော် နအဖ အကြီးအကဲများ ရောက်လာတိုင်း နယ်စပ် သွင်းကုန် ပို့ကုန်ကို မြှင့်တင်မည် ဖြစ်ပြီး နယ်စပ် စီးပွားရေးကို လွတ်လွတ်လပ်လပ် လုပ်ကိုင်ခွင့် ပြုထားသည်ဟု ပြောကြားသော်လည်း လက်တွေ့တွင် နစက နှင့် ခရိုင် ဗမာ အုပ်ချုပ်ရေး အရာရှိများက ဒေသခံ ပြည်သူများကို အနိုင်ကျင့်နေမူများ ရှိနေသည်ဟု သိရသည်။

ရခိုင်ပြည်နယ် အနောက်ဘက် နယ်စပ်တွင် ရခိုင်များမှာ ငွေကြေး မလိုက်နိုင်သည့် အပြင် လာဒ်ပေးနိုင်ခြင်း မရှိသဖြင့် စီးပွားရေး လုပ်ငန်းများ အပြိုင်အဆိုင် လုပ်ကိုင်ရာတွင် မူဆလင် ဘာသာဝင်များထက် ပိုပြီး အနှိမ်ခံနေရသည်ဟု သတင်းများ ရရှိသည်။

Most read this week