ပဲတင်ပို့ခွင့် မူဆယ် ကုန်သွယ်ရေးဇုန်က ပိတ်၊ သွင်းကုန်များ ပါမစ်လျောက်ရာတွင် အခက်ခဲများရှိ

ပဲတင်ပို့ခွင့် မူဆယ် ကုန်သွယ်ရေးဇုန်က ပိတ်၊ သွင်းကုန်များ ပါမစ်လျောက်ရာတွင် အခက်ခဲများရှိ
တရုတ်ပြည်သို့ နယ်စပ် ကုန်သွယ်ရေးမှတဆင့် ပဲတင်ပို့နေမှုကို ပြီးခဲ့သည့်အပတ် အတွင်းကစ၍ ပိတ်ပင် ထားခဲ့ပြီး မြန်မာ့စီးပွားရေးဦးပိုင် တခုတည်းကသာ တင်ပို့နေသည်။ ပဲတီစိမ်း၊ မတ်ပဲ၊ ပဲကျား စသည့်ပဲမျိုးစုံအား အကြောင်းပြချက်မပေးဘဲ တင်ပို့ခွင့် ပိတ်ထားတာဖြစ် ...

တရုတ်ပြည်သို့ နယ်စပ်ကုန်သွယ်ရေးမှတဆင့် ပဲတင်ပို့နေမှုကို ပြီးခဲ့သည့်အပတ် အတွင်းကစ၍ ပိတ်ပင် ထားခဲ့ပြီး မြန်မာ့စီးပွားရေးဦးပိုင် တခုတည်းကသာ တင်ပို့နေသည်။

ပဲတီစိမ်း၊ မတ်ပဲ၊ ပဲကျား စသည့်ပဲမျိုးစုံအား အကြောင်းပြချက်မပေးဘဲ တင်ပို့ခွင့် ပိတ်ထားတာဖြစ်သည်ဟု နယ်စပ်ကုန်သည်တဦးက ပြောသည်။

“ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့ကမှ ပိတ်ထားတာ။ ပဲမျိုးစုံဘဲ။ ဘာပဲမှ မရဘူး။  ဘာအကြောင်းပြတာ တို့မရှိဘူး။ မပို့နဲ့ဆိုတော့ မပို့ရုံပေါ့။ အခုတင်ပို့တာက ပါမစ်ရတဲ့ လက်ကျန်တွေဘဲ။ အဖွဲ့အစည်းတွေတော့ ပေးမယ်လို့ ပြောတယ်။ ခုလောလောဆယ် ဦးပိုင်တခုတည်း တင်ပို့ နေတာပါ။”

ပို့ကုန်မြင့်တင်ရေးအတွက် ယခင်ပုံမှန်တင်ပို့နေသည့် လယ်ယာထွက်ပစ္စည်းများ၊ ရေထွက် ပစ္စည်းများအပြင် အခြားပစ္စည်းအမည်သစ်များ ရှာကြံတင်ပို့ရေးဆိုပြီး နယ်စပ်ကုန်သည်များအား နယ်စပ်ကုန်သည်များနှင့် နကသတို့ ပြုလုပ်သည့်အစည်းဝေးများတွင် မကြာခဏ တိုက်တွန်းနေသော်လည်း ယခုလို ပုံမှန်တင်ပို့နေသည့် လယ်ယာ ထွက်ကုန် ပဲမျိုးစုံအား တင်ပို့ခွင့် ပိတ်လိုက်ခြင်းဖြစ်သည်။

သွင်းကုန်များ ပါမစ်လျောက်ရာတွင်လည်း တင်းကျပ်သည့် စည်းကမ်းများကြောင့် ကုန်သွယ်ရေး အခက်ခဲများ ရှိသည်ဟု ကုန်သည်များက ပြောသည်။

“ဟိုလက်မှတ်တောင်း၊ ဌာနဆိုင်ရာ ထောက်ခံစာတောင်းနဲ့ ကျပ်ထားတာ။ နေပြည်တော် နကသ ဦးစီး ဌာနမှာ ပါမစ်လျောက်ရတာ။ သုံးပတ်လောက် ကြာတယ်။ ကုန်သည်တွေ ဆိုတာက နေပြည်တော်နဲ့ ရန်ကုန်နဲ့ နယ်စပ်နဲ့ ဟိုပြေးဒီပြေး၊ Earning (ပြည်ပပို့မှ ရရှိသည့် နိုင်ငံခြားငွေ)တွေ ဝယ်ရ အဲဒါတွေ လိုက်လုပ်ရင် ဘယ်လွယ်မလဲ။ ဒီတော့ ဧဂျင့်တွေ ထားပြီး လုပ်တယ်။ ကုမ္ပဏီ Letter head တို့ဘာတို့ ဆိုတာက ကြိုရိုက်ထားတာ။ ကိုယ်စားလှယ်ကယူပြီး လိုအပ်တာ သူ့ဘာသာသူ လုပ်သွား တာ။ အဲဒါကို အစစ်မှရချင်တယ်တို့၊ ဘာတို့ပေါ့။ မလိုလားအပ်ဘဲ အလုပ်ရှုပ် နေတာပေါ့ဗျာ။ ရှင်းရှင်း ပြောရရင် ဒီမှာက အင် (အတု)တွေနဲ့ဘဲ လုပ်နေတာ။ အတိအကျ သွားလုပ်နေရင် ဘယ်လိုမှ လုပ်လို့ မရဘူး။ ”

သွင်းကုန်ပစ္စည်းများကို နေပြည်တော်အထိ ပါမစ်လျောက်နေရပြီး အချို့သွင်းကုန်ပစ္စည်း များ တန်ဘိုး ကျနေသော်လည်း သတ်မှတ်ထားသည့် ယခင်စျေးနူန်းများအတိုင်း အခွန် ဆောင်နေကြရကာ ပါမစ်လျောက်စဉ် ပစ္စည်းအမျိုးအစားနှင့် အမှန်တကယ်တင်သွင်းသည့် ပစ္စည်း မကိုက်ညီလျင် နကသက ဖမ်းဆီးနေ၍ အတိအကျ ဖြစ်အောင် သတ်မှတ်ထားသည့် ပါမစ် သုံးလတာ သက်တမ်းအတွင်း လုပ်ကြရသည်ဟု နယ်စပ်ကုန်သည်များက ပြောသည်။

မြန်မာနို်င်ငံမှ မတ်ပဲနှင့် ပဲစင်းငုံတန်ချိန် သုံးသောင်းခုနှစ်ထောင်ကျော်အား အိန္ဒိယနိုင်ငံသို့ ယခုမေလတွင် တင်ပို့ ရောင်းချရန် နှစ်နိုင်ငံ အစိုးရချင်း သဘောတူထားသည့် အိန္ဒိယနိုင်ငံ ကုန်သွယ်ရေး ကော်ပိုရေးရှင်း(အက်စ်တီစီ) က စာချုပ်ချုပ်ဆိုထားသည်ဟု ခေတ်လူငယ် အင်တာနက် စာမျက်နှာတွင် ဖော်ပြထားသည်။
 

Most read this week