ရခိုင်သဟာယအသင်း(ရန်ကုန်) ပညာရည်ချွန်ဆုချီးမြှင့်ပွဲ ဇူလိူင် ၂၀ တွင် ကျင်းပမည်

ရခိုင်သဟာယအသင်း(ရန်ကုန်) ပညာရည်ချွန်ဆုချီးမြှင့်ပွဲ ဇူလိူင် ၂၀ တွင် ကျင်းပမည်
by -
နိရဥ္စရာ

ရခိုင်သဟာယ အသင်း(ရန်ကုန်) ၏ (၁၁)ကြိမ်မြောက် ရခိုင်ပညာသင်ဆုနှင့် ပညာရည်ထူးချွန် ဆုချီးမြှင့်ပွဲ အခမ်းအနားကို ရန်ကုန်မြို့တွင် ဇူလိူင်လ(၂၀) ရက်နေ့တွင် ကျင်းပမည် ဖြစ်ကြောင်း သတင်းရရှိသည်။

အဆိုပါ ရခိုင်ပညာသင်ဆုနှင့် ပညာရည်ထူးချွန်ဆုချီးမြှင့်ပွဲ အခမ်းအနားကိုရခိုင်သဟာယ အသင်း(ရန်ကုန်)မှ နှစ်စဉ်နှစ်တိုင်း ကျင်းပခဲ့ရာယခုနှစ်တွင်လည်း ရခိုင်လူမှုရေးအသင်း(ဂျပန်) A. S. A. J၊ ရခိုင်ပညာရေး
ဖောင်ဒေးရှင်း(စင်ကာပူ) A. E. F. (World wide) ၊ သြစတြေးလျရခိုင်အသင်း(A.A. A.)၊ ရခိုင်သင်္ဘော သားများ လူမှုရေးအသင်း(ရန်ကုန်) နှင့် donors fromjapan တို့၏ ပူပေါင်းပါ၀င်မှုဖြင့် ကျင်းပ ပြုလုပ်မည်ဖြစ်ကြောင်းတာဝန်ရှိသူများက ပြောသည်။

“ ဖွံဖြိုးတိုးတက်မှုအတွက် အခြေခံလိုအပ်ချက်သည်ပညာရေး ’’ဆိုသည်ဆောင်ပုဒ်ကို ကိုင်စွဲဆောင် ရွက်နေသည့် ရခိုင်သဟာယအသင်း(ရန်ကုန်) သည် ၂၀၁၄- ၂၀၁၅ပညာသင်နှစ် တွင်ကျောင်းသား/သူပေါင်း (၂၂၈) ယောက်ကို ပညာသင်ထောက်ပံကြေး ချီးမြှင့်ထားကြောင်း သိရသည်။ အဆိုပါ ရခိုင်ပညာသင်ဆုနှင့် ပညာရည်ထူးချွန်ဆုချီးမြှင့်ပွဲအခမ်းအနားကို ရန်ကုန်မြို့ရှိ အပြည်ပြည်ဆိုင် ရာ အိုင်ဘီစီ စီးပွားရေး ဗဟိုဌာ
(international business center) တွင် ကျင်းပမည် ဖြစ်သည်။

ကျင်းပမည့် အချိန်မှာ ဇူလိူင်လ (၂၀) ရက် တနင်္ဂနွေနေ့ နံနက် ၈ း ၃၀ မှ ၁၂ းဝဝ နာရီထိ ဖြစ်ပြီး အခမ်း အနားသို့ လူပေါင်း (၃၀၀) ခန့် ဖိတ်ကြားထားကြောင်း၊ တက်ရောက် လာသူများကို နေ့လည်စာဖြင့်
တည်းခင်းဧည့်ခံမည်ဖြစ်ကြောင်း သိရသည်။

ကိုယ်ကျိုးမပါ အများကောင်းကျိုးရှာဆိုသည့် ဆောင်ပုဒ်ဖြင့် အမျိုးဘာသာ၊ သာသနာရေးကိစ္စများကို ဆောင်ရွက်နေသည့် ရခိုင်သဟာယအသင်း (ရန်ကုန်)သည် ၁၉၄၇ ခုနှစ်တွင် စတင်တည်ထောင်ခဲ့သော ရခိုင် ဆိုရှယ်ကလပ် (Arakan Social Club )ကို အမည်ပြောင်းလဲ ဖွဲ့စည်းခဲ့သော အသင်းဖြစ်သည်။

ရန်ကုန်မြို့ရှိ ရခိုင်အမျိုးသားများ လူမှုရေး၊ ပေါင်းသင်းဆက်ဆံရေးတို့အတွက် ရခိုင် ဆိုရှယ်ကလပ် (Arakan Social Club ) ကကို ရခိုင်အမျိုးသားများက ၁၉၄၇ ခုနှစ်တွင် ဖွဲ့စည်းတည်ထောင်ခဲ့သည်။

ယင်းနောက်ပိုင်း ၁၉၆၁ ခုနှစ် ဇူလိုင်လ (၈) ရက်နေ့တွင် လူမှုရေးကိစ္စများအပြင် အမျိုး၊ဘာသာ၊သာသနာ ရေးတို့ကိုပါ ပိုမိုကျယ်ပြန့် ထိရောက်အောင် ဆောင်ရွက်နိုင်ရန်အတွက် ပုဇွန်တောင် အစိုးရ တန်းမြင့်
ကျောင်းခန်းမတွင် ပြုလုပ်သည့် သင်းလုံကျွတ်အစည်း အဝေးမှ ရခိုင် ဆိုရှယ်ကလပ်ကို ရခိုင်သဟာယ အသင်း(ရန်ကုန်) ဟု အမည်ပြောင်းလဲပြင်ဆင်ဖွဲစည်းခဲ့သည်ဟု သိရသည်။

ရခိုင်သဟာယ အသင်း(ရန်ကုန်) သည် ရန်ကုန်ရှိ ရခိုင်လူမှုရေးအဖွဲ့များထဲတွင် အကြီးမားဆုံးနှင့် သက်တမ်း အကြာဆုံး အသင်းကြီးတစ်ခု ဖြစ်ကြောင်း သိရသည်။

(ဤသတင်းအား ကောင်းမြင့်နိုင် (မောင်တော)က ပေးပို့ပါသည်။)

Most read this week