ယူနတီ ဂျာနယ် သတင်းထောက်များ အမြန်ဆုံး ပြန်လွှတ်ရန် စစ်တွေတွင် ဆုတောင်းပွဲပြုလုုပ်

ယူနတီ ဂျာနယ် သတင်းထောက်များ အမြန်ဆုံး ပြန်လွှတ်ရန် စစ်တွေတွင် ဆုတောင်းပွဲပြုလုုပ်
by -
နိရဥ္စရာ

နှစ်ရှည် ထောင်ဒဏ်များ ချမှတ်ခံထားရသော ယူနတီ ဂျာနယ်မှ သတင်းထောက် (၅)ဦး အမြန်ဆုံး ပြန်လွှတ်ရန် ရည်ရွယ်၍  ရခိုင်သတင်းထောက်များက စုပေါင်းပြီး စစ်တွေမြို့တွင် ဆုတောင်းပွဲ တစ်ခုကို ယနေ့ နံနက်က ကျင်းပခဲ့ကြသည်။

“ ကျနော်တို့က နှစ်ရှည်ထောင်ဒဏ် ချမှတ်ခံထားရတဲ့ ယူနတီဂျာနယ်က သတင်းထောက် (၅)ဦး အမြန်ဆုံး ပြန်လွှတ်ရေး ရည်မှန်းပြီး ဆုတောင်းပွဲ လုပ်တာပါ” ဟု ဆုတောင်းပွဲကို စီစဉ်သူ ရခိုင်အခြေစိုက် သတင်းထောက် ကိုသန်းလိူင်က ပြောသည်။

ဆုတောင်းပွဲသို့ သတင်းဌာနအများအပြားမှ သတင်းသမား (၂၀) ခန့် ပူးပေါင်းပါ၀င်ခဲ့သည်ဟု ဆိုသည်။

“ပူးပေါင်းပါ၀င်တဲ့ သတင်းသမားတွေကတော့ The Voice/ The weekly/DVB/ မြစ်မခ စတဲ့ သတင်းဌာနတွေက ဖြစ်ပါတယ်။ Freelance သတင်းသမားအချို့လည်း တက်ရောက်ခဲ့ပါတယ်” ဟု ဆိုုသည်။

ယူနတီ ဂျာနယ်မှ အမူဆောင် အရာရှိချုပ်နှင့် သတင်းထောက် လေးဦးတို့ကို ပခုက္ကူ တရားရုံးက ကပစ (၂၄) စက်ရုံနှင့် ပတ်သက်ပြီး သတင်းရေးသား ဖေါ်ပြရာတွင် နိုင်ငံတော် လုံခြံုရေးနှင့် အကျိုးကို ထိခိုက်စေသည်ဟု ဆိုကာ ဇူလိူင်လ (၁၀) ရက်နေ့က အလုပ်နှင့် ထောင်ဒဏ် (၁၀) နှစ်ချမှတ်ခဲ့သည်။

“ ဒီလိုထောင်ချတဲ့အပေါ် ကျနော့် အမြင်ကို ပြောရမယ်ဆိုရင် သတင်းသမားတွေကို ခုလို ထောင်ကြီးကြီးမားမား ချတဲ့အတွက် အလွန်တရာမှ စိတ်မကောင်း ဖြစ်မိပါတယ်။ နောက်တစ်ခုက ခုလို လုပ်နေတာဟာ သတင်းသမားတွေကို ဖိနှိပ်နေတယ်လို့လည်း မြင်ပါတယ်” ဟု သူက ဆိုသည်။

ဆုတောင်းပွဲကို စစ်တွေမြို့ ဘုရားကြီးတွင် နံနက် ၉ နာရီ ၄၅ မိနစ် မှ စတင်ခဲ့ပြီး ၁၀ နာရီ ၁၅ မိနစ်တွင် ပြီးဆုံးခဲ့သည်ဟု သိရသည်။

Most read this week