စစ်တွေမြို့ လမ်အမျာအပြား ရေမြုပ်

စစ်တွေမြို့ လမ်အမျာအပြား ရေမြုပ်
by -
နိရဥ္စရာ

ရခိုင်ပြည်နယ်၏ မြို့တော် စစ်တွေတွင် ယနေ့နံနက်က စပြီး လမ်အများအပြား ရေမြုပ်နေသဖြင့် မြို့နေလူထု အနေဖြင့် သွားလာရေး ခက်ခဲနေကြောင်း သိရသည်။

အထူးသဖြင့် ကျောင်းသွား ကျောင်းပြန် ကလေးငယ်များနှင့် ဆိုင်ကယ်စီး ခရီးသွားများ အတွက် အထူး စိုးရိမ်စရာ ဖြစ်နေသည်ဟု စစ်တွေမြို့ခံများက ပြောသည်။

ယနေ့ နံနက်က မိုးအနည်းငယ် ရွာသွန်းပြီးနောက် ဒီရေတက်ချိန်တွင် စစ်တွေမြို့မှ မြေနိမ့်ပိုင်း ရပ်ကွက် များနှင့် လမ်းများကို ရေများ လျှံတက်လာပြီး ယခုလို ရေမြုပ်နေခြင်း ဖြစ်သည်ဟု ဆိုသည်။

ငပိန်လမ်းတွင် ယနေ့ ရေမြုပ်နေစဉ် ( ဓါတ်ပုံ- နိရဥ္စရာ/ ဖိုးသဲ)

ယင်းပြင် စစ်တွေတွင် ရေမြောင်းများမှာ အမိူက်များဖြင့် ပိတ်ဆို့နေပြီး စနစ်တကျ မရှင်းလင်းခြင်း ကြောင့်လည်း ရေစီး အကျမရှိဘဲ ရေမြောင်းများမှ ရေများလျှံတက်လာကာ မိုးရွာတိုင်း လမ်းများကို ရေမြုပ်နေသည်ဟု ဆိုသည်။

ယင်းပြင် စစ်တွေမြို့တွင် တည်ဆောက်ထားသော လမ်းများကို အနည်းငယ်မြင့်ပြီး တည်ဆောက်ရန် လိုကြောင်း၊ သို့မဟုတ်ပါက နှစ်စဉ်နှစ်တိုင်း မိုးရာသီတွင် ယခုလို ရေမြုပ်ခြင်းကို ကြံုရမည် ဖြစ်သည်ဟု စစ်တွေ ဒေသခံများက ပြောဆိုသည်။

သက်ဆိုင်ရာ စည်ပင်အပါအဝင် တာဝန်ရှိသူများက ယခု စစ်တွေမြို့တွင် ကြံုတွေ့နေရသော မိုးရွာတိုင်း ရေမြုပ်နေသော ပြသနာကို မဖြေရှင်းပါ ယခုထက် မိုးကြီးပြီး ဒီရေတက်သောနေ့တွင် ပိုမိုရေနစ်မြုပ်နိုင်သည်ဟု ဆိုသည်။

ယခင်က စစ်တွေတွင် ယခုကဲ့သို့ မြို့ထဲလမ်းများထိ ရေလျှံပြီး ရပ်ကွက်များ၊ လမ်းများ ရေမြုပ်ခြင်းမှာ မရှိသလောက် နည်းပါးသည်ဟု စစ်တွေ ဒေသခံများက ဆိုသည်။

Most read this week