ပေါက်တောမြို့နယ်မှ ရေလုပ်သားများအား ပင်လယ်ဓားပြဆန်ဆန် အုပ်စုဖွဲ့ တိုက်ခိုက်ရန် ကြိုးပမ်းမှုများ ပေါ်ပေါက်နေ

ပေါက်တောမြို့နယ်မှ ရေလုပ်သားများအား ပင်လယ်ဓားပြဆန်ဆန် အုပ်စုဖွဲ့ တိုက်ခိုက်ရန် ကြိုးပမ်းမှုများ ပေါ်ပေါက်နေ
by -
နိရဥ္စရာ

ရခိုင်ပြည်နယ် ပေါက်တောမြို့နယ်တွင် ဒေသခံရေလုပ်သားများအား ပင်လယ်ဓားပြဆန်ဆန် အုပ်စုဖွဲ့ တိုက်ခိုက်ရန် ကြိုးပမ်းမှုများ ပေါ်ပေါက်လျှက်ရှိနေကြောင်း ဒေသခံများထံမှတဆင့် သိရသည်။

ပင်လယ်ပြင်တွင် ငါးရှာထွက်စဉ် အုပ်စုဖွဲ့ ရန်ပြုရန်ကြိုးစားမှုများကြောင့် ယခုအခါ ဒေသခံရေလုပ်သားများမှာ ပင်လယ်ပြင််သို့ မသွားရဲဘဲ ဖြစ်နေကြသည်ဟု စိုင်းတုတ်ကျေးရွာမှ ရေလုပ်သားများက ပြောသည်။

လွန်ခဲ့သော ဇူလိုင်လ (၇)ရက်နေ့ နံနက်(၉)နာရီအချိန်တွင် ပေါက်တောမြို့နယ် စိုင်းတုတ်ရွာမှ ရခိုင်လူမျိုး (၁၀) ခန့် မှ ငါးရှာရန်သွားစဉ် အသပြာကျွန်းအနီး ဇီးချောင်းသို့ အရောက်တွင် လူ(၃၀)ခန့်က ဓားရှည်များ ကိုင်ဆောင်ကာ တိုက်ခိုက်ရန် လိုက်လာသဖြင့် ထွက်ပြေးလာခဲ့ရကြောင်း ထိုနေ့က ငါးရှာရန်သွားခဲ့သူ စိုင်းတုတ်ရွာမှ ဦးကျော်မြချေက နိရဥ္စရာသို့  ပြောသည်။

“အဲဒီနေ့က ကျွန်တော်တို့ အသပြာကျွန်းနားကို ငါးရှာသွားတော့ ဇီးချောင်းထဲအရောက်မှာ ကုလားတွေ လိုက်လာတယ်။ အသပြာကျွန်းက ဒုက္ခသည်စခန်းကလူတွေပဲ ဖြစ်မှာပေါ့။ ကျွန်တော်တို့ကိုတွေ့တော့ ဓားရှည်တွေကိုင်ပြီး လိုက်လာကြတာပဲ။သူတို့က မော်တော်ဘုတ်တွေနဲ့ရော၊ ကုန်းပေါ်ကရော စုပြီး လိုက်လာတယ်။ အင်အားမမျှလို့ ကျွန်တော်တို့ ထွက်ပြေးလာခဲ့ရတယ်၊ခုဘယ်သူမှ မသွားရဲဘူးဖြစ်နေပြီ” ဟုဆိုသည်။

ယခု ကဲ့သို့ အမည်မသိ ဘင်္ဂလီအုပ်စုများမှ တိုုက်ခိုက်ရန် ကြိုးပမ်နေမူကို စိုင်းတုတ်ကျေးရွာ တစ်ခုတည်း ရင်ဆိုင်နေကြရခြင်း မဟုတ်ဘဲ ပေါက်တောမြို့နယ်မှ အနည်းဆုံး ပင်လယ်ကမ်းစပ်ရွာ (၁၀) ခုခန့်မှ ရေလုပ်သားများက နေ့စဉ် ကြံုတွေ့နေရသည်ဟု ကံချောင်းရွာမှ ဦးထွန်းသိန်းက ဆိုသည်။

“ ဒီလို တိုက်ခိုက်ဖို့ ကြိုးပမ်းနေတာက မှန််ပါတယ်။ ဒါကြောင့် ရခိုင်ရေလုပ်သားတွေအနေနဲ့ စုဖွဲ့ပြီး သွားလာတာတို့ လုပ်နေကြရတယ်။ အခု အဲသလို ပြသနာနဲ့ ရင်ဆိုင်နေရတဲ့ ရွာတွေကတော့ ပြင်ခေါင်း၊ စိုင်းတုတ်၊ သာစည်၊ ကံချောင်း၊ တံတားကျွန်း၊ အလယ်ကျွန်းနဲ့ မင်းပြားမြို့နယ် အစပ်ကဆိုရင်  စားကျက်၊ ဥတ္တရာ၊ ချောင်းကောက်တို့ ဖြစ်ကြပါတယ်” ဟု ဆိုသည်။

ယခင်က ယင်းရွာများမှ ရေလုပ်သားများမှာ မြစ် အဝသို့ ထွက်ပြီး တစ်ညအိပ် နှစ်ညအိပ် ငါးဖမ်းကြသူများ ဖြစ်ကြသော်လည်း ယခုအခါ အမည်မသိ ဘင်္ဂလီ အုပ်စုများမှ ရန်ရှာ တိုက်ခိုက်မည်ကို စိုးရိမ်သဖြင့် မသွားရဲကြဘဲ ဖြစ်နေကြသည်ဟု ဆိုသည်။

ယင်းဖြစ်ရပ်အား ဇီးချောင်းအနီးရှိ စစ်တပ်တွင်တိုင်ကြားခဲ့ရာ လှေတစ်စီး၊ နှစ်စီးနှင့် သွားလာမူ မလုပ်ကြရန် အကြံပြု ပြောကြားခဲ့သည်ဟု ဦးကျော်မြချေက ဆက်ဆိုသည်။

“အဲဒါကို ကျွန်တော်တို့ ဇီးချောင်းနားမှာ ရှိတဲ့ တပ်ကို တိုင်ကြားတော့ ဗိုလ်ကြီး တစ်ယောက်က  လှေတစ်စီး နှစ်စီးလောက်နဲ့ မသွားကြပါနဲ့လို့  အကြံပြု ပြောကြားခဲ့တယ်” ဟု ယင်းက ပြောသည်။

ယင်းအပြင် ပေါက်တောမြို့နယ် ပုဏ္ဏားကြီးကျေးရွာ အနီးရှိ ငှက်ချောင်း ဘင်္ဂါလီဒုက္ခသည်စခန်းတွင်လည်း တစ်နေ့ ထက်တစ်နေ့  လူဦးရေ များပြားလာပြီး ခိုးမူများလည်း ပေါ်ပေါက်နေကြောင်း၊ သို့အတွက် ဒေသခံများမှာ လုံခြံုရေး စိုးရိမ်ရသဖြင့် ဝမ်းရေးအတွက် ရှာဖွေစားသောက်ရန် မသွားဝံ့ဘဲ ဖြစ်နေကြကြောင်း ပုဏ္ဏားကြီးရွာမှ အမျိုးသမီးကြီး တစ်ယောက်က ပြောသည်။

“အဲဒီနားမှာ ဘင်္ဂါလီတွေအများကြီးပဲ ဖြစ်နေပြီ။ မြေပုံတို့ မင်းပြားတို့ ဘက်တွေကအပြင် ဘင်္ဂလာဒေချ့်ကလည်း အများကြီး ရောက်နေတယ်လို့ ကြားတယ်။ ဘယ်လို နည်းနဲ့ရောက်နေကြလဲ မပြောတတ်တော့ဘူး။ ခိုးလို်က်ကြတာလည်း မပြောနဲ့တော့- လယ်ထွန်နေတဲ့သူတွေဆီက လယ်ထွန်နေတဲ့ အပ်တွေကိုတောင် ခိုးသွားတာရှိတယ်။ ကျွန်မတို့မှာ ရှာဖွေစားသောက်ဖို့  ကြောက်နေရတယ်။ ဘယ်ကိုမှ မသွားရဲကြတော့ဘူး။ အသပြာ(ပင်လယ်ခရု)ကောက်ဖို့ သွားတာတောင် အခက်အခဲ ရှှိနေပါပြီ ” ဟု ပြောသည်။

ယခု တလောတွင် ငှက်ချောင်း ဒုက္ခသည်စခန်းတွင် ညဉ့်အချိန်တွင် အချိန်မတော် စက်လှေများဖြင့် သွားလာမူများ ရှိနေကြောင်း၊ ယခုကဲ့သို့ ၀င်ထွက်သွားလာနေမူ အပေါ် အာဏာပိုင်များမှ သိရှိခြင်း ရှိ မရှိကို အတိအကျ မသိရကြောင်း သူမက ပြောကြားသည်။

ယခုကဲ့သို့ ပင်လယ်ပြင်တွင် လုပ်ကိုင်စားသောက်နေကြရသည့် ဒေသခံ ပြည်သူများ အနေဖြင့် လုံခြံုမူ မရှိ ဖြစ်နေရခြင်းနှင့်ပတ်သက်၍ ပေါက်တောမြို့နယ် ရဲတပ်ဖွဲ့အား ဇူလိုင်လ (၉) ရက်နေ့ ညနေပိုင်းက ဆက်သွယ်မေးမြန်းခဲ့ရာ ယခုကဲ့သို့ ဖြစ်နေသည်ကို ရဲစခန်းသို့ လာရောက်တိုင်ကြားခြင်း မရှိကြောင်း၊ တိုင်ကြားလာပါက အရေးယူ ဆောင်ရွက်ပေးမည် ဖြစ်ကြောင်း တာဝန်ရှိ အရာရှိ တစ်ဦးက နိရဥ္စရာသို့ ပြောကြားသည်။

ပင်လယ်ပြင်ကို မှီပြီး လုပ်ကိုင်စားသောက်နေကြရသော ရခိုင်ဒေသခံ တိုင်းရင်းသားများ အနေဖြင့် နေရာ အနှံ့အပြားတွင် ယခုလို အခက်အခဲကြံုနေကြရသဖြင့် ရသေ့တောင်မြိုမိမြိုဖတစ်ဦးက ၂၀၁၄ ဇွန်လ (၁၃) ရက်နေ့၌ စစ်တွေမြို့ ဦးဥတ္တမခန်းမတွင် ပြုလုပ်သော တွေ့ဆုံပွဲ တစ်ခုတွင်  ပြည်ထောင်စုဝန်ကြီးများအား ရခိုင် ပင်လယ်ပြင်လုံခြံုရေးဆောင်ရွက်ပေးရန်တင်ပြခဲ့ရာ ပြည်ထောင်စု ဝန်ကြီးတစ်ဦး ဖြစ်သူ ဦးစိုးသိမ်းက ယခုလို  ပြောကြားခဲ့သည်ဟု ဆိုသည်။

“ကျွန်တော်က ရေတပ်ကနေလာတာ။ ရေတပ် သင်္ဘောက ငါးဖမ်းလှေလို အကြာကြီးနေလို့တော့မရဘူး။ ခေါ်ရင်တော့ ပြေးလာလို့ရတယ်။ နေလို့က မရထင်တယ်။ ရေတပ်နဲ့ ဆက်သွယ်ရေး လိုင်းလေးပေးလိုက်။ သူတို့ခေါ်ရင် လာပြီးကာကွယ်ပေးမယ်။ ရေတပ်သင်္ဘောက အဲသလို ထွက်ပြီးနေလို့ မရဘူး။ကျွန်တော်က ရေတပ်မှာ နေလာတာလေ။ ငါးဖမ်းသင်္ဘောဘေးမှာ လိုက်နေဖို့တော့ မလွယ်ဘူး။ ကျွန်တော် ရေတပ် ဗိုလ်ချုပ်ကြီးက နေလာတာ။ လုပ်ပေးနိုင်တာ လုပ်ပေးမယ်” ဟု ပြောဆိုခဲ့သည်ဟု ဆိုသည်။

ယခုအခါ ရခိုင်ပင်လယ်ပြင်သည် ဒေသခံ ရခိုင်တိုင်းရင်းသားများ၏ စိုးမိုးမူအောက်မှ (လုံးဝ) ကင်းလွှတ်သွားပြီ ဖြစ်ကြောင်း သိရသည်။

Most read this week