ဗိုလ်ချုပ် မောင်မောင်အုန်းအား ရခိုင်ပြည်နယ်ဝန်ကြီးချုပ် အဖြစ်အတည်ပြု

ဗိုလ်ချုပ် မောင်မောင်အုန်းအား ရခိုင်ပြည်နယ်ဝန်ကြီးချုပ် အဖြစ်အတည်ပြု
by -
နိရဥ္စရာ

ရခိုင်ပြည်နယ် လွှတ်တော် အရေးပေါ် အစည်းအဝေး ( ၁ / ၂၀၁၄) ဒုတိယနေ့ကို  ဆက်လက် ကျင်းပရာ နိုင်ငံတော် သမ္မတက အဆိုပြုထားသော တပ်မတော်သား လွှတ််တော်ကိုယ်စားလှယ် ဗိုလ်ချုပ်မောင်မောင် အုန်းအား ရခိုင်ပြည်နယ် ၀န်ကြီးချုပ် အဖြစ် အတည်ပြုလိုက်သည်။

လွှတ်တော် ဥက္ကဌ ဦးထိန်လင်းမှ ကန့်ကွက်မည့်သူ တစ်စုံ တစ်ယောက်မှ မရှိသဖြင့် ဗိုလ်ချုပ်မောင်မောင်အုံး အား ရခိုင်ပြည်နယ် ၀န်ကြီးချုပ်အဖြစ် အတည်ပြုကြောင်း လွှတ်တော်တွင် ကြေညာသည်။

0011

၀န်ကြီးချုပ် ဖြစ်လာသူ ဗိုလ်ချုပ် မောင်မောင်အုန်းမှ မိမိအား လွှတ်တော်ထဲတွင် ကန့်ကွက်မည့်သူ တစ်စုံတစ်ရာ မရှိဘဲ အတည်ပြုခံရ၍ ၀မ်းသာကြောင်း၊ ယခု လွတ်တော်ကိုယ်စားလှယ်များမှာ ရခိုင်ပြည်သူများကို ကိုယ်စားပြုသူများ ဖြစ်ကြသဖြင့် ကန့်ကွက်မည့်သူ တစ်စုံတစ်ဦးမှ မရှိခြင်းမှာ တစ်နည်းအားဖြင့် ရခိုင်ပြည်သူများအားလုံးက သူအား ၀န်ကြီးချုပ်အဖြစ် လက်ခံသည့် သဘောဖြစ်ကြောင်း သတင်းထောက်များနှင့် တွေ့ဆုံ စဉ် ပြောဆိုသည်။

ယင်းပြင် မိမိအနေဖြင့် ရခိုင်ပြည်နယ်၏ ဖွံ့ဖြိုးတိုးတက်ရေးကို နိုင်ငံဝန်ထမ်း တစ်ဦးဦးပီပီ အပြောနှင့် မဟုတ်ဘဲ လက်တွေ့ဖြင့် သက်သေပြသွားမည် ဖြစ်ကြောင်း ပြောဆိုသည်။

မိမိအနေဖြင့် ရခိုင်ပြည်သူများ၏ အသံကို နားစွင့်သွားမည်ဖြစ်ကြောင်း၊ အဓိက ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုး တက်ရေး အတွက် လျှပ်စစ်မီးရရှိရေးသည် အဓိက ဖြစ်သည်ဟု တင်ပြကြကြောင်း၊ သို့အတွက် ဒီဇင်ဘာလတွင် စစ်တွေနှင့် ပုဏ္ဍားကျွန်းတို့တွင် မဟာဓါတ်အားလိူူင်းမှ လျှပ်စစ်မီး ရရှိမည် ဖြစ်ကြောင်း၊ ထိုသို့ မရရှိမှီ ရခိုင်ပြည်သူများအနေဖြင့် လျှပ်စစ်မီး ယူနစ် (၁၀) ထက်ပိုပြီး ယူနစ် (၂၀) အထိ  တယူနစ်ကို ၃၅ ကျပ်နုန်းဖြင့် သုံးစွဲခွင့်ရရန် စီစဉ်ထားပြီ ဖြစ်ကြောင်း ပြောဆိုသည်။

0022

ယနေ့ ပထမအကြိမ် ရခိုင်ပြည်နယ်  လွှတ်တော် အရေးပေါ် အစည်အဝေး  ဒုတိယနေ့တွင် တက်ရောက် ခွင့်ရှိသူ ၄၆ ဦး၊ ခွင့်ပန်သူ ၅ ဦး ရှိသဖြင့် လွှတ်တော်ကျင်းပရန် အတည်ပြုခဲ့သည်။

ယင်းနောက်တွင် ကန့်ကွက်သူ တစ်စုံ တစ်ဦးမှ မရှိသဖြင့် ဗိုလ်ချုပ်မောင်မောင်အုန်းအား ရခိုင်ပြည်နယ် ၀န်ကြီးချုပ် အဖြစ် အတည်ပြုကြောင်း လွှတ်တော် ဥက္ကဌမှ  ကျေညာသည်။

Most read this week