ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ရခိုင်ဖြစ်သင့်ကြောင်း သံပုံးတီး လှုပ်ရှားသူ အမျိုးသမီး (၃) ဦး ခံဝန်ချက်လက်မှတ် ရေးထိုးရ

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ရခိုင်ဖြစ်သင့်ကြောင်း သံပုံးတီး လှုပ်ရှားသူ အမျိုးသမီး (၃) ဦး ခံဝန်ချက်လက်မှတ် ရေးထိုးရ
by -
နိရဥ္စရာ

ရခိုင်ပြည်နယ်ဝန်ကြီးချုပ်မှာ ရခိုင်အမျိုးသား တိုင်းရင်းသား တစ်ဦးဦးသာ ဖြစ်သင့်ကြောင်း သံပုံးတီး လှုပ်ရှားသူ အမျိုးသမီး (၃) ဦးကို မြို့နယ် ရဲတပ်ဖွဲ့ရုံးမှ ယမန်နေ့တွင် ခေါ်ယူပြီး ကတိခံဝန်ချက် လက်မှတ်ရေးထိုးခိုင်းခဲ့သည်ဟု ရခိုင်အမျိုးသမီး ကွန်ရက်မှ ဒေါ်ကျော့မေက ဆိုသည်။

ခံဝန်ချက် ကတိရေးထိုးခဲ့ရသူ အမျိုးသမီး (၃) ဦးမှာ ရခိုင်အမျိုးသမီး ကွန်ရက်မှ ဒေါ်ကျော့မေ၊ ဒေါ်အေးသီတာနှင့် ဒေါ်သိန်းနုတို့ဖြစ်ကြသည်။ ၄င်းတို့ ၃ ဦးအား ရဲစခန်းတွင် ခေါ်ယူ မေးမြန်းချက်များနှင့် ပတ်သက်ပြီး ဒေါ်ကျော့မေက ရှင်းပြသည်။

DSCN2498

“သူတို့က ကျွန်မတို့ကို ဘာကြောင့် မနေ့က ဖြန့်တဲဲ့ စာထဲမှာ လူမျိုးခြားလို့သုံးသလဲ၊ ဘာကြောင့် ဗမာလူမျိုးကို ၀န်ကြီးချုပ်အဖြစ် မတင်ချင်တာလဲ စသဖြင့် မေးပါတယ်။ ကျွန်မတို့က ရခိုင်လူမျိုးကလွဲရင် အခြားလူမျိုးကို လူမျိုးခြားလို့သုံးတယ်။ ဗမာကို ဘာကြောင့် မတင်ချင်သလဲဆိုတော့ ဗမာတွေက ရခိုင်ပြည်နယ်ကို ခေတ္တတာဝန်ကျတယ်။ ဒီကို တာဝန်ကျတဲ့ အချိန်မှာ ခိုးဝင် ဘင်္ဂလီတွေကို နိုင်ငံသားအဖြစ် အသိအမှတ်ပြုပြီး စိစစ်ရေး ကဒ်တွေ ထုတ်ပေးရင် ကျွန်မတို့ဘယ်လို လုပ်မလဲ။ အခု ၁၉၈၂ ခုနှစ် နိုင်ငံသား ဖြစ်မူ ဥပဒေကို အကောင်အထည်ဖေါ်နေပြီ။ မှတ်ပုံတင်တွေ ထုတ်ပေးလိုက်ရင် ကျွန်မတို့ ရခိုင်ပြည်မှာဘဲ သူတို့နေကြမယ်။ ရခိုင်ဝန်ကြီးချုပ်ဆိုရင် ရခိုင်ဖြစ်တဲ့ အတွက် ရခိုင်အရေးကို ကြည့်မယ်။ ဒါကြောင့် စိုးရိမ်လို့ ရခိုင်ပြည်နယ်မှာ ရခိုင်အမျိုးသားဝန်ကြီးချုပ် ဖြစ်ဖို့ ကျွန်မတို့ ့တောင်းဆိုတာ ဖြစ်တယ်လို့ ပြောဆိုခဲ့ပါတယ်” ဟု ဆိုသည်။

၎င်းပြင် ဒေါ်ကျော့မေက မိမိတို့မှာ ဗိုလ်ချုပ် မောင်မောင်အုန်းကို ဆန့်ကျင်လို၍ သံပုံးတီးခြင်း မဟုတ်ကြောင်း၊ မိမိတို့မှာ ဆန္ဒဖေါ်ထုတ်ရန် စီစဉ်ခဲ့ပါကြောင်း၊ သို့သော်လည်း အချိန်မရသဖြင့် သံပုံးတီး လူပ်ရှားခဲ့ရခြင်း ဖြစ်ကြောင်း၊ မိမိတို့၏ ရည်ရွယ်ချက်မှာ ရခိုင်ပြည်နယ် ၀န်ကြီးချုပ်မှာ ရခိုင်တိုင်းရင်းသားသာ ဖြစ်သင့်ကြောင်း ယူဆ၍ သံပုံုးတီးခြင်း ဖြစ်ကြောင်း ပြောဆိုသည်။

“ သူတို့က ဗမာဆိုတာ လူမျိုးခြား မဟုတ်ဘူး။ တိုင်းရင်းသားသာ ဖြစ်တယ်။ နောက်နောင် ဒီလို စော်ကားတဲ့ အသုံးအနုန်းတွေကို မသုံးဖို့ ရဲတာဝန်ရှိသူက ကတိခံဝန်ချက် လက်မှတ်ရေးထိုးခိုင်းပါတယ်။ ကျွန်မတို့ သုံးဦးစလုံးက လက်မှတ်ရေးထိုးခဲ့ပါတယ်” ဟု ဆိုသည်။

ဇွန်လ ၂၅ ရက်နေ့က အရေးပေါ် ခေါ်ယူခဲ့သော ရခိုင်ပြည်နယ် လွှတ်တော်တွင် နုတ်ထွက်သွားသော ယခင် ရခိုင်ပြည်နယ် ၀န်ကြီးချုပ် ဦးလှမောင်တင်၏ နေရာ၌ ဗိုလ်ချုပ်မောင်မောင်အုန်းအား အစားထိုးခန့်အပ်ရန် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်မှ ရခိုုင်ပြည်နယ် လွှတ်တော်သို့ အဆိုပြုခဲ့သည်။

၎င်းနေ့ ညနေ ၈ နာရီတွင် ရခိုင်ပြည်နယ် ၀န်ကြီးချုပ်အား ရခိုင်တိုင်းရင်းသားသာ ဖြစ်သင့်ကြောင်း ရည်ရွယ်ကာ စစ်တွေမြို့ရှိ အိမ်အချို့တွင် သံပုံးတီးကာ လှုပ်ရှားတောင်းဆိုမူများ ပြုလုပ်ခဲ့ကြသည်။

Most read this week