ရခိုင်ပြည်နယ် ၀န်ကြီးချုပ်အဖြစ် တပ်မတော်သား ကိုယ်စားလှယ် ဗိုလ်ချုပ်မောင်မောင်အုန်းအား အဆိုတင်သွင်း

ရခိုင်ပြည်နယ် ၀န်ကြီးချုပ်အဖြစ် တပ်မတော်သား ကိုယ်စားလှယ် ဗိုလ်ချုပ်မောင်မောင်အုန်းအား အဆိုတင်သွင်း
by -
နိရဥ္စရာ

လစ်လပ်နေသော ရခိုင်ပြည်နယ်ဝန်ကြီးချုပ်နေရာတွင် တပ်မတော်သား ကိုယ်စားလှယ် ဗိုလ်ချုပ် မောင်မောင်အုန်းအား ခန့်အပ်ရန် ရခိုင်ပြည်နယ် လွှတ်တော်တွင် ယနေ့အဆိုတင်သွင်းခဲ့သည်။

ရခိုင်ပြည်နယ် လွှတ်တော်အား ယနေ့နံနက် ၁၀ နာရီက ဖွင့်လှစ်ခဲ့ရာ ဗိုလ်ချုပ် မောင်မောင်အုန်း အပါအဝင် တပ်မတော်သား ကိုယ်စားလှယ် နှစ်ဦး ကျမ်းသစ္စာ ကျိန်ဆိုပြီးနောက် နိုင်ငံတော်သမ္မတကြီးမှ ပေးပို့သော သဝဏ်လွှာအား လွှတ်တော် ဥက္ကဌမှ ဖတ်ကြားရာတွင် ထိုသို့ ဗိုလ်ချုပ် မောင်မောင်အုန်းအား ရခိုင်ပြည်နယ် ၀န်ကြီးချုပ် အဖြစ်ခန့်အပ်ရန် အဆိုပြုထားသည်။

DSCN2423

ဗိုလ်ချုပ် မောင်မောင်အုန်းအား လွှတ်တော်တွင် ကန့်ကွက်လိုသူများ အနေဖြင့် ကန့်ကွက်နိုင်ကြောင်း၊ သို့သော် လုပ်ထုံးလုပ်နည်းများနှင့် အညီ ကန်ကွက်နိုင်ကြောင်း၊ ဇွန်လ ၂၇ ရက်နေ့ကို နောက်ဆုံးထားပြီး ကန့်ကွက်လွှာကို လွှတ်တော်သို့တင်ပို့ရမည်ဟု ဖေါ်ပြသည်။

လာမည့် ဇွန်လ ၃၀ ရက်နေ့တွင် လွှတ်တော်အား ပြန်လည် ခေါ်ယူထားပြီး အဆိုပါနေ့တွင် ပြည်နယ်ဝန်ကြီး ချုပ်ကို အတည်ပြုသွားမည်ဟု သိရသည်။ ရခိုင်ပြည်နယ် လွှတ်တော်အားနံနက် ၁၀ နာရီကျော်တွင် ကျင်းပပြီးစီးခဲ့ပြီး ယင်းနောက်တွင် ၀န်ကြီးချုပ်အဖြစ် အဆိုတင်သွင်းခံထားရသူ ဗိုလ်ချုပ် မောင်မောင်အုန်းမှ လွှတ်တော် ကိုယ်စားလှယ်များအား ရင်းရင်းနှီးနှီး နုတ်ဆက်ခဲ့သည်။

Most read this week