မြောက်ဦးတွင် တောင်ပြို မြေပိ၍ သားအမိ နှစ်ဦး သေဆုံး

မြောက်ဦးတွင် တောင်ပြို မြေပိ၍ သားအမိ နှစ်ဦး သေဆုံး
by -
နိရဥ္စရာ

ရခိုင်ပြည်နယ်၊မြောက်ဦးမြို့တွင် ဇွန်လ ၁၈ ရက် နေ့လည် (၂)နာရီအချိန်က တောင်ပြိုကျရာမှ မြေပိပြီး မိခင်ဖြစ်သူနှင့် လေးနှစ်အရွယ် သူမ၏သားမှာ သေဆုံးသွားကြောင်း သတင်းရရှိသည်။

သေဆုံးသူများမှာ မြောက်ဦး မြို့သစ်ရပ်ကွက်မှ ဒေါ်စံအေးသာ(အသက် ၄၃ နှစ်)နှင့် သားဖြစ်သူမောင်မောင်(အသက် ၄ နှစ်)တို့ဖြစ်ကြောင်း သိရသည်။

mooo

ယင်းသေဆုံးသူ သားအမိမှာ မြောက်ဦးမြို့ဗန္ဓုလဘုန်းကြီးကျောင်း အနီးရှိ စည်ကားတောင်၌ မြေတူးနေစဉ် တောင်ပြိုကျကာ မြေပိ၍သေဆုံးသွားခြင်း ဖြစ်ကြောင်းမြောက်ဦးမြို့နယ် အုပ်ချုပ်ရေးမှူး ရုံးမှ တာဝန်ရှိသူတစ်ဦးက နိရဥ္စရာသို့ ပြောသည်။

“သားမိတစ်စု စည်ကားတောင်မှာ မြေတူးနေတုန်း တောင်ပြိုကျလို့ လေးနှစ်သားအရွယ် ခလေးနဲ့အမေဖြစ်သူ ကတော့သေသွားတယ်။ အဖေဖြစ်တဲ့သူနဲ့အသက်(၁၂)နှစ်အရွယ်သမီးတစ်ယောက်ကျန်ခဲ့တယ်” ဟု သူက ဆိုသည်။

ယင်းသို့ တောင်ပြိုစဉ် လင်ယောကျင်္ား ဖြစ်သူမှာ မြေတောင်းကို ပို့ဆောင်နေ၍ ထိခိုက်မူ တစ်စုံတစ်ရာ မရှိသော်လည်း သမီးဖြစ်သူ မမေခလာမှာ ဒဏ်ရာများရရှိသဖြင့် မြောက်ဦးမြို့နယ် ဆေးရုံတွင် ကုသနေရကြောင်း သိရသည်။

သေဆုံးသူများ၏ အလောင်းများကို ယနေ့သဂြိုဟ်သွားမည်ဖြစ်ကြောင်း မြောက်ဦးမြို့နယ်နာရေးကူညီ မှုအသင်း တာဝန်ရှိသူများပြောသည်။

Most read this week