ပုဒ်မ ၄၃၆ နှင့် ပုဒ်မ ၅၉ (စ) မပြင်ရန် အရေး လူပေါင်း ၂၀၀ ကျော် စစ်တွေတွင်ဆန္ဒဖေါ်ထုတ်

ပုဒ်မ ၄၃၆ နှင့် ပုဒ်မ ၅၉ (စ) မပြင်ရန် အရေး လူပေါင်း ၂၀၀ ကျော် စစ်တွေတွင်ဆန္ဒဖေါ်ထုတ်
by -
နိရဥ္စရာ

ပုဒ်မ ၄၃၆ ကိုထောက်ခံရန်နှင့် ၅၉(စ)ကို မပြင်ရေးအတွက် ဆန္ဒဖေါ်ထုတ်ပွဲ တစ်ခုကို ဇွန်လ ၁၂ ရက်နေ့က  မဟာရက္ခိတ အဖွဲ့မှ ဦးဆောင်ပြီး စစ်တွေတွင် ပြုလုပ်ခဲ့သည်။

ယင်းလူထု ဆန္ဒဖော်ထုတ်ပွဲတွင် ပုဒ်မ ၄၃၆ ကို ထောက်ခံကြောင်းနှင့် ၅၉(စ) ကို ပြင်ဖို့ မလိုကြောင်းနှင့် အချက်(၁၃)ချက်ပါ  တောင်းဆိုချက်များကိုလည်း ဆန္ဒဖေါ်ထုတ်သူများက ကြွေးကြော်သံများ ကြွေးကြော်ကာ တောင်းဆိုခဲ့ကြသည်။

demostration

အမျိုးသား ၀ံသာနုရက္ခိတစိတ်ဓါတ်ဖြင့် လူထုဆန္ဒဖော်ထုတ်ပွဲ ပြုလုပ်ရခြင်း ဖြစ်သည်ဟု ဦးဆောင် ပါ၀င်သူ တစ်ယောက်ဖြစ်သူ ဦးမောင်မောင်လှက နိရဥ္စရာသို့ ပြောသည်။

“အမျိုးသား ၀ံသာနုရက္ခိတ စိတ်ဓါတ်နဲ့ ပြုလုပ်တာ ဖြစ်ပါတယ်။ ပုဒ်မ ၄၃၆ကို လုံးဝ မပြင်ရေး၊ ဒုတိယ အချက်က ၅၉(စ)(ဃ)ကို လုံးဝ(လုံးဝ)မပြင်ရေး၊ နောက်တချက်က မျိုးစောင့် ဥပဒေအမြန်ဆုံး ပေါ်ထွက်ရေးကို ဦးတည်ပြီး ဆန္ဒဖေါ်ထုတ်တာ ဖြစ်ပါတယ်။ ဒါက ဘာလို့လဲဆိုတော့ ကျနော်တို့ ရခိုင်ပြည် အနာဂတ်လုံခြံုရေး အတွက်  ဖြစ်ပါတယ်” ဟု ဆိုသည်။

ပုဒ်မ ၄၃၆ နှင့် ပုဒ်မ ၅၉(စ) ကိုပြင်လိုက်လျင် နောင်ဖြစ်ပေါ်လာမဲ့ နောက်ဆက် တွဲပြဿနာ များဖြစ်ပေါ်လာ မည်ဟု ၄င်းကဆက်ဆိုသည်။

“ကျနော်တို့အဓိက သမ္မတဦးသိန်းစိန်ကို ထောက်ခံတာပါ၊ ဒီအစိုးရသာ မမြဲရင် ရခိုင်တစ်မျိုးသားလုံး အနာဂတ်ဟာ ပျောက်ကွယ်သွားနိုင်တယ်။ ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင်ဟာ ဘင်္ဂလီတွေရဲ့ လက်ထဲကို ရောက်သွားဖို့ အခြေအနေရှိနေတယ်။ ဘာဖြစ်လို့လည်းဆိုတော သူတိို့ကို အားပေးနေတဲ့ အဖွဲ့အစည်းတွေအများကြီးရှိနေတယ်။ ဒီအစိုးရကိုမျက်ကွယ်ပြုလိုက်လို့ရှိရင် ကျနော်တို့ ရခိုင်လူမျိုးရဲ့ အနာဂတ်ဟာလည်း ပျောက်ကွယ်သွားဖို့ အခြေအနေရှိနေတယ်။ အနာဂတ် ကောင်းဖို့အတွက်သမ္မတဦး သိန်းစိန် အစိုးရကို ဆိုးဆိုးကောင်းကောင်း လက်ခံသွားရမယ်” ဟုဆိုသည်။

ဆန္ဒဖော်ထုတ်ပွဲတွင်တောင်းဆိုထားသောအချက်၁၃ မှာ ဗုဒ္ဓဘာသာ ကမ္ဘာတည်သရွေ့ အစွန့်ရှည်ရေး၊ မြန်မာပြည်ကြီး ကမ္ဘာတည်သရွေ့အစွန့် ရှည်ရေး၊ မြန်မာပြည် အမျိုးသားသစ္စာဖောက်များ ပပျောက်ရေး၊ အမျိုးစောင့်ဥပဒေ အမြန်ဆုံးပေါ်ထွက်ရေး၊ ရိုဟင်ဂျာလူလိမ် ဘင်္ဂါလီကုလားများ ပပျောက်ရေး၊ အစိုးရနှင့်လွှတ်တော်အတွင်း မှုဆလင်ကုလားများ ပပျောက်ရေး လုံးဝ(လုံးဝ)မရောက်ရှိရေး ၊ ပုဒ်မ ၅၉/ဃ၊စ လုံးဝ (လုံးဝ) မပြင်ရေး၊ ပုဒ်မ ၄၃၆ လုံးဝ(လုံးဝ) မပြင်ရေး၊ ရခိုင်ပြည်နယ်တည်တံ့ရေး၊ရခိုင်ပြည်နယ် အဘက်ဘက်မှဖွံ့ဖြိုးတိုးတက်ရေး၊ ပြည်ထောင်စုအရေး၊ တိုင်းရင်းသားအရေ စသည်အချက်များဖြစ်သည်။

ထို့ပြင် ပြည်သူ့အရေးလုံးဝမစဉ်းစားသူ (ဒို့ရန်သူ-ဒို့ရန်သူ)၊ နိုင်ငံတော်ပျက်စီးရေး အငြိုးကြီးမားလွန်းသူ (ဒို့ရန်သူ-ဒို့ရန်သူ)၊ လူထုခေါင်းဆောင် (အတုအယောင်များ) ကျရှုံးပါစေ-ကျရှုံးပါစေဟူ၍ကြွေးကြော်ကြ သည်။

ထိုဆန္ဒဖော်ထုတ််ပွဲအား ဇွန်လ ၁၂ ရက် နေ့လည် ၁ နာရီတွင်စတင်ကာ ဘုရားကြီးဝင်္ကဘာကွင်းမှစထွက်ပြီး ဦးဥတ္တမလမ်း၊ လမ်းမကြီး၊ ထန်းပင်ရင်းလမ်း၊ မင်းဘာကြီးလမ်းအတိုင်းချီတက်ကာ ညနေ ၃ နာရီအချိန်တွင် ဘုရားကြီး ၀င်္ကဘာကွင်းတွင် ပြန်လည် စုဆုံ၍ လူစုခွဲလိုက်ကြကြောင်း သိရသည်။

၎င်းဆန္ဒဖေါ်ထုတ်ပွဲတွင် ရဟန်းရှင် ပြည်သူလူထု  ၂၀၀ နီးပါးခန့် ပူးပေါင်း ပါ၀င်ခဲ့ကြောင်း စုံစမ်းသိရှိရသည်။

Most read this week