ကျောက်တော်သကြားစက် စက်မှုဌာနမှူး ဂျင်ဂလိဖြင့်ပစ်ခတ်ခံရ

ကျောက်တော်သကြားစက် စက်မှုဌာနမှူး ဂျင်ဂလိဖြင့်ပစ်ခတ်ခံရ
by -
နိရဥ္စရာ

ရခိုင်ပြည်နယ် ကျောက်တော်မြို့ သကြားစက်မှ ဌာနမှူးတစ်ဦးအား စက်ရုံအနီးအနားမှ လူတစ်စုမှ ဂျင်ဂလိ လက်နက်ဖြင့် ပတ်ခတ်သဖြင့် ဒဏ်ရာများရရှိသွားကြောင်း သိရသည်။

ပစ်ခတ်ခံရ၍ ဒဏ်ရာရသွားသူမှာ ကျောက်တော်သကြားစက်မှ စက်မှုဌာနမှူး ဦးသာနိုးအောင်ဖြစ်ကြောင်း သိရသည်။

အဆောင်မှ ဆိုင်ကယ်စီး၍ ထွက်လာစဉ်  စက်မှုဌာနမှူးအား ဘင်္ဂါလီကုလားများက ဂျင်ဂလိဖြင့် ပစ်ခတ်ခြင်းဖြစ်သည်ဟုယုဆကြောင်း ဌာနမှူး၏ ပြောစကားကို ကိုးကား၍ သူ၏ မိတ်ဆွေ တစ်ဦးဖြစ်သူ ကျောက်တော်မြို့မှ ဦးမောင်ကျော်သာက နိရဥ္စရာသို့ ပြောသည်။

“ဌာနမှူး သူ့အဆောင်ကနေ ဆိုင်ကယ်စီပြီး ထွက်လာတဲ့အချိန်မှာ ဘင်္ဂလီတွေက ဂျင်ဂလိနဲ့ လှမ်းပစ်လိုက်တာပါ။ ညာဘက်နို့အုံကို ထိသွားတယ်။ ပစ်တာက အသေပစ်သတ်တာ။ ဒါပေမယ့် ကံကောင်းတော့ ဂျင်ဂလိ မျှားစူးက ချော်ထွက်သွားလို့ နို့အုံကို လာထိတဲ့ အတွက် ဆေးရုံမှာ နှစ်ချက် ချုုပ်လိုက်ရပါတယ်။ခု ပြင်ပ လူနာအဖြစ်နဲ့ ဆေးကုနေပါတယ်” ဟု ဆိုသည်။

စက်ရုံမှူးအား ပစ်ခတ်သူများမှာ သကြားစက်ရုံအနောက်ဘက်ရှိ ဘင်္ဂါလီရွာများမှ ရွာသားများ ဖြစ်နိုင်ကြောင်း ဦးမောင်ကျော်သာက ပြောသည်။

“ ကျောက်တော် သကြားစက်က ဘင်္ဂလီရွာနဲ့ မြစ်တစ်ခုပဲခြားတယ်။ ဒီလိုသာဆိုရင် စက်ရုံကလူတွေ ဆက်ပြီး ဒုက္ခရောက်နိုင်တယ်။ တစ်ဘက်ကမ်းမှာ အိမ်ခြေတစ်ထောင်လောက်ရှိတဲ့ ဘင်္ဂလီရွာကြီး(၃)ရွာ ရှိနေတယ်။အခု စက်ရုံမှူးကိုပစ်တဲ့ ဘင်္ဂါလီကုလားတွေဟာလည်း ဒီရွာတွေကပဲဖြစ်တယ်လို့ ကျွန်တော်တို့ ယူဆပါတယ်”ဟု ဆိုသည်။

ယင်းကိစ္စနှင့်ပတ်သက်၍ ကျောက်တော်မြို့နယ်ရဲစခန်းသို့ ဆက်သွယ်မေးမြန်းရာစက်ရုံမှ တာဝန်ရှိသူ တစ်ဦး ဂျင်ကလိဖြင့် ပစ်ခတ်ခံရခြင်းမှာ ဟုတ်မှန်ကြောင်း ပြောဆိုသည်။

“ပစ်တာတော့မှန်တယ်။ ဘယ်သူဘယ်ဝါ ပစ်တယ်ဆိုတာ ပြောလို့မရဘူး။ ဖြစ်တဲ့နေရာကို လူတွေ လိုက်သွားတော့ သူတို့က ပြေးသွားပြီ။ တရားလိုဘက်က အမှုလာဖွင့်တာမရှိသေးဘူး။ ဒီနေ့တော့ အမှု ဖွင့်မယ်၊ မဖွင့်ဘူးဆိုတာသိရအောင် တရားလိုဘက်ကို ပြန်ခေါ်ထားပါတယ်” ဟု ပြန် ဖြေကြား ပြောဆိုသည်။

ယင်းအမှုအား အမြန်ဆုံးစစ်ဆေးဖော်ထုတ်ကာ တရားခံများအား အရေးယူရန် ဒေသခံများကလည်း လိုလား နေကြသည်ဟု ဆိုသည်။

Most read this week