မောင်တောတွင် အမျိုးသမီးငယ် တဦး မုဒိမ်းကျင့်ခံရ

မောင်တောတွင် အမျိုးသမီးငယ် တဦး မုဒိမ်းကျင့်ခံရ
by -
မောင်သစ်အောင်
မောင်တောမြို့နယ် သရီ ကုန်းဘောင် ကျေးရွာမှ အသက် ၁၇ အရွယ် ရခိုင် အမျိုးသမီးငယ် တဦးကို လုံခြံုရေး တာဝန်ယူထားသည့် နစက ဗိုလ်အဆင့် ရှိသူ တဦးက ဗလက္ကာရ ပြုကျင့်ခဲ့သည်ဟု သူမ၏ ဆွေမျိုး တဦးက နိရဥ္စရာသို့ ပြော ...

မောင်တောမြို့နယ် သရီ ကုန်းဘောင် ကျေးရွာမှ အသက် ၁၇ အရွယ် ရခိုင် အမျိုးသမီးငယ် တဦးကို လုံခြံုရေး တာဝန်ယူထားသည့် နစက ဗိုလ်အဆင့် ရှိသူ တဦးက ဗလက္ကာရ ပြုကျင့်ခဲ့သည်ဟု သူမ၏ ဆွေမျိုး တဦးက နိရဥ္စရာသို့ ပြောသည်။

“ ကျွန်တော် တူမလေးကို ဗလက္ကာရ ပြုကျင့်တဲ့သူက နစက တပ်ဖွဲ့မှ ဒုဗိုလ် စောလွင် ဖြစ်ပါတယ်။ ခြံစည်းရိုးကာရံနေတဲ့ စစ်သားတွေကို လုံခြံုရေး ယူနေတဲ့ အဖွဲ့က ဖြစ်ပါတယ်။”

အဆိုပါ ဖြစ်စဉ်မှာ လွန်ခဲ့သော ကြာသပတေးနေ့ ညဉ့်တွင် လုံခြံုရေး တာဝန်ကျနေသော ဒုဗိုလ် စောလွှင် ဦးစီသော နစက တပ်စိတ် တစိတ်မှ အဆိုပါ အမျိုးသမီးငယ်အိမ်တွင် တည်းခိုနေစဉ် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

“ဗလက္ကာရ ပြုကျင့် ခံရတဲ့ အကြောင်းကို မိသားစု တွေကို ကျွန်တော် တူမလေးက ပြောပြတော့ ပြဿနာ မကြီးထွားရအောင် လက်ထပ်ယူပါ ပြောတော့ ဗိုလ်စောလွှင်က လုံးဝ ပျောက်သွားတယ်။ ရှောင်နေ တယ်လို့ ယူဆရတယ်။ ခုကျွန်တော်တို့ ဘာဆက်လုပ်ရမလဲ ဆု်ိတာကိ်ု မသိသေးတဲ့အတွက် ဆရာတို့ဆီိကို အကြောင်းကြားရတာ ဖြစ်ပါတယ်” ဟု သူက ဆက်ပြောသည်။

အဆိုပါ အမူ ဖြစ်ပွားပြီးနောက် စောလွှင်ကို ရှာဖွေ၍ မရဖြစ်နေသဖြင့် မိသားစုများ အနေဖြင့် အဆိုပါ ပြဿနာကို မည်သို့ ဖြေရှင်းရမည်ကို မသိဘဲ ဖြစ်နေသည်ဟု သိရသည်။

၎င်းပြင်သူက “ဒီဟာက မိန်းခလေး သဘော မတူူတဲ့အတွက် မုဒိမ်းမှု ဖြစ်ပါတယ်။ ခုကိစ္စကို ဗျူဟာကို သွားတိုင်ရင်လည်း ထူးခြားလာမှာ မဟုတ်တဲ့ အပြင် ကျွန်တော်တို့ကို တပ်မတော်ကို အရှက်ခွဲဖို့ ကြံရွယ်တယ်ဆိုပြီး စွပ်စွဲပြီး ဖမ်းချုပ်နိုင်တဲ့အတွက် ဘယ်သူမှ သွားမတိုင်ရဲဘူး။ ရဲစခန်းကို တိုင်ရင်လည်း လက်နက်ကိုင် တပ်ဖွဲ့နဲ့ ဖြစ်တဲ့ ကိစ္စ သူတို့ တာဝန်မယူနိုင်ဘူးဆိုရင် ကျွန်တော်တို့ဘဲ အရှက်ရမှာမို့ သွားမတိုင်ဘဲ ဒီအတိုင်း ထိုင်နေရပါတယ်” ဟု ပြောသည်။

သို့သော်လည်း ယခုအခါ အဆိုပါ သတင်းမှာ တစတစ ပျံ့နှံ့လာနေသဖြင့် သက်ဆိုင်ရာ ကျေးရွာ လူကြီးများနှင့် ရခိုင်အသိုင်းအဝိုင်းမှ နီးစပ်ရာ ဆွေမျိုးများသို့ စုံစမ်း မေးမြန်းမူများ ပြုလုပ်နေကြသည်ဟု သိရသည်။

Most read this week