မြစ်ဆုံစီမံကိန်းကြီး ပြန်လည် စတင်လုပ်ဆောင်ဖို့ လှုပ်ရှားမှုတွေ တွေ့ရ

မြစ်ဆုံစီမံကိန်းကြီး ပြန်လည် စတင်လုပ်ဆောင်ဖို့ လှုပ်ရှားမှုတွေ တွေ့ရ
by -
ကေအဲန်ဂျီ

ကချင်ပြည်နယ်တွင် တည်ဆောက်နေသည့် ဧရာဝတီ မြစ်ဆုံရေကာတာစီမံကိန်းကြီး လုံးဝရပ်ဆိုင်းသွားရန် မေ ၈-၉ ရက်နေ့ မြစ်ကြီးနားမှ မြစ်ဆုံသို့ လမ်းလျှောက်ဆန္ဒပြပွဲကို ဦးဆောင်သူ နိုင်ငံရေး အကျဉ်းသားဟောင်း များအဖွဲ့ မှ ဦး ရဲထွဠ်ခေါင် အား KNG ကချင်သတင်းဌာန မြစ်ကြီးနားသတင်းထောက် ဂျိန်းဖော့လာ မေးမြန်းထားသည်။

မေး။ ဆရာတို့ ဒီမနက်မြစ်ဆုံကို ဘယ်အချိန်စထွက်ဖို့ စီစဉ်ထားလဲ။

မြစ်ဆုံရေကာတာစီမံကိန်းရပ်ဆိုင်းဖို့အတွက် လမ်းလျှောက်ဆန္ဒပြဖို့ ဒီမနက် ၈ နာရီ ကစပြီးတော့ထွက်ဖို့ရှိပါတယ်။ ပါ၀င်ဆန္ဒပြဖို့ လူအင်အားက ၄၀ လောက်ဖြစ်ပါတယ်။

ရဲထွဠ်ခေါင်

မေး။ ဒီလှုပ်ရှားမှုဟာ CPI company ဟာ မြစ်ဆုံစီမံကိန်းကြီးကို ပြန်လည် စတင်လုပ်ဆောင်ဖို့ လှုပ်ရှားမှုတွေကို တွေ့ရသောကြောင့်ပါလား။

မြန်မာနိုင်ငံဟာ အာဆီယံဆီးဂိမ်းကို အိမ်ရှင်အဖြစ် ကျင်းပတဲ့အချိန်မှာ ငွေကြေး၊ နည်းပညာများ၊ လုပ်သား အင်အား များဖြင့် တရုတ်အစိုးရအနေဖြင့် မြန်မာအစိုးရကို အများကြီးကူညီခဲ့တာကို တွေ့ရတယ်။ ဒီအရာကို ကြည့်ခြင်းအားဖြင့် တရုတ်အစိုးရဟာ မြစ်ဆုံစီမံကိန်းကြီးကို ဆက်လုပ်ဆောင်ဖို့ တာဆူနေတာတွေကို တွေ့ရပါတယ်။ ဆီးဂိမ်းပြီးချင်း စီမံကိန်းကို လုပ်ဆောင်နိုင်ဖို့ စည်းရုံးရေးတွေ လုပ်ငန်းဆောင်ရွက်ဖို့ လုပ်ဆောင်တာတွေကိုလည်း တွေ့ရတယ်။ ထို့ကြောင့် ကျနော်တို့လည်း ဒီလှုပ်ရှားမှုကို လုပ်ဆောင်ခဲ့တာပါ။ ပြည်သူလူထုတစ်ရပ်လုံးကို ပြန်လည်နှိုးဆော် အသိပေးတာပါ။

မေး။ ဆန္ဒပြလှုပ်ရှားမှုမှာ မြစ်ကြီးနားရှိလူထုတွေ ဘယ်အဖွဲ့အစည်းတွေပါ၀င်ပါသလဲ။

ဘာသာရေး အသီးသီး၊ ကချင်ပါတီ အချို့၊ လူထုအခြေပြုအဖွဲ့များ (CSOs)၊ မြစ်ကြီးနားရှိပြည်သူလူထုများ ပါ၀င်ပါတယ်။ ကျနော်တို့ အဖွဲ့ကတော့ အယောက် (၄၀) လောက်ရှိပါတယ်။

မေး။ ဒီလှုပ်ရှားမှုကြောင့် မြစ်ဆုံစီမံကိန်းကြီးရဲ့ နောက်ဆက်အကျိုးများ ဘာတွေကို ရရှိလာနိုင်ပါသလဲ။

ဒီလှုပ်ရှားမှုလုပ်ဆောင်ခြင်းကြောင့် လက်ရှိ ဦးသိန်းစိန်အစိုးအနေဖြင့် ပြည်သူလူထုတရပ်လုံးဟာ မြစ်ဆုံစီမံကိန်းကြီးကို လုံးဝမကြိုက်ဘူးဆိုတာကို ပိုမိုသိရှိသွားပြီး ဖျက်သိ်မ်းသွားမယ်။

နောက် CPI company၊ တရုတ်အစိုးရ အနေဖြင့်လည်း ပြည်သူတစ်ရပ်လုံး ဒီစီမံကိန်းကြီးကို မကြိုက်မနှစ်သက် တော့တဲ့ အကြောင်းကို ပိုမိုသိရှိလာပြီး ဆက်လက်လုပ်ဆောင်ဖို့ လုံးဝမဖြစ်နိုင်တော့ဘူးလို့ ထင်မယ်ပေ့ါ။

ပြီးတေ့ာ ဒီစီမံကိန်းကြီး လုံးဝရပ်တန့်သွားအောင် နိုင်ငံသူ၊ နိုင်ငံသားများအားလုံး ပူးပေါင်းပါ၀င်တိုက်ခိုက် သွားမယ်ဆိုရင် အောင်မြင်မှာပါ။

မေး။ ဒီလုပ်ငန်းစဉ်ပြီးရင် တခြားဘာအစီအစဉ်တွေ လုပ်ဆောင်သွားဖို့ရှိလဲ။

တိုင်းရင်းသားယဉ်ကျေးမှုအိမ်ယာကော်မတီရဲ့ ခွင့်ပြုချက်နဲ့ ၀င်းထဲမှာ အမှတ်တရကျောက်တိုင် ဆောက်မယ်။ ကချင်၊ ဗမာ စာ နဲ့ စာသားတွေကို ရေးမယ်။ ရှေ့တန်းစခန်းတွေကို ဖွင့်လှစ်သွားမယ်။ ဗဟိုခံစစ်စခန်းတွေကိုလည်း ဖွင့်လှစ်သွားဖို့ ရှိပါတယ်။

KIO/KIA အနေဖြင့်လည်း တပ်မတော်အစိုးရနဲ့ ဆွေးနွေးတဲ့ အခါ မြစ်ဆုံရေကာတာ စီမံကိန်းကြီးကို ဖျက်သိမ်းပေးဖို့ ဆွေးနွေးချက်မှာ ထည့်ဆွေးနွေးချင်ပါတယ်။ ဘာဖြစ်လို့လဲ ဆိုတေ့ာ KIA အနေဖြင့် တောင်းဆိုရင် အစိုးရအနေဖြင့် လိုက်လျောခွင့်ပြုမယ်လို့ ထင်ပါတယ်။

Most read this week