နိုင်ငံကျော် တေးရေးဆရာ ဒေါက်တာ စိုင်းခမ်းလိတ် စိန်ရတုသဘင်မွေးနေ့

နိုင်ငံကျော် တေးရေးဆရာ ဒေါက်တာ စိုင်းခမ်းလိတ် စိန်ရတုသဘင်မွေးနေ့
ယနေ့ ဧပြီလ ၂၇ ရက်နေ့သည် နိုင်ငံကျော်တေးရေးဆရာ ဒေါက်တာစိုင်းခမ်းလိတ်၏ နှစ် ၆၀ ပြည့်မွေးနေ့ ဖြစ်ပါသည်။ ဆရာ့ကို ကြည်ညိုလေးစားကြသည့် ထိုင်းနိုင်ငံ ချင်းမိုင်ရောက် ဆရာ့ကျောင်းနေဘက်၊ မိတ်ဆွေ၊ တပည့်၊ ပရိတ်သတ် များက ...

ယနေ့ ဧပြီလ ၂၇ ရက်နေ့သည် နိုင်ငံကျော်တေးရေးဆရာ ဒေါက်တာစိုင်းခမ်းလိတ်၏ နှစ် ၆၀ ပြည့်မွေးနေ့ ဖြစ်ပါသည်။

ဆရာ့ကို ကြည်ညိုလေးစားကြသည့် ထိုင်းနိုင်ငံ ချင်းမိုင်ရောက် ဆရာ့ကျောင်းနေဘက်၊ မိတ်ဆွေ၊ တပည့်၊ ပရိတ်သတ် များက Freedom Way Band ဇိဏ်းလျောတီးဝိုင်းအဖွဲ့နှင့် ချင်းမိုင်သျှမ်း စာပေယဉ်ကျေးမှုအသင်းက ကမကထပြု ကျင်းပသည့် မွေးနေ့ပွဲသို့ ပူးပေါင်းဆင်နွှဲသွားမည်ဟုလည်းဆိုပါသည်။

[ဆရာစိုင်းခမ်းလိတ်]

ဆရာစိုင်းခမ်းလိတ်

ဧပြီ ၂၇ ရက်  မနက်ပိုင်း ချင်းမိုင်မြို့ ၀ပ်ကူတောက် ဘုန်းကြီးကျောင်း၌ ဗုဒ္ဓထုံးတမ်းစဉ်လာအရ ဆရာစိုင်းခမ်းလိတ် အတွက် အလှူအဒါန်း နှင့် ဆုတောင်းပွဲ ပြုလုပ်ပေးပြီး ညပိုင်း အစီအစဉ်အဖြစ် ည ၁၈းဝဝ မှ ၂၄းဝဝ နာရီ အထိ ချင်းမိုင်မြို့ ကျောက်ဝ် နဝရတ်လမ်းရှိ မက်ကောမစ်ခ် ဆေးရုံ မျက်နှာချင်းဆိုင် ဖါးယပ်တက္ကသိုလ် (Payap University, opposite MacCormick Hospital on the Kaew Nawarat Road )တွင် ဆရာ့စိုင်းခမ်းလိတ် တေးသီချင်းနှင့် အတူ ဖျော်ဖြေပွဲ ပြုလုပ်မည်ဟုလည်း ဆိုပါ သည်။ စိတ်ပါ၀င်စားသူများ ++ ၆၆ ၈၁ ၁၁၁ ၉၇၀၁ လက်ကိုင်ဖုန်းနံပါတ်ကို ဆက်သွယ်မေးမြန်းနိုင်ပါသည်။

ထို့အတူ ရန်ကုန်၊ မန္တလေး နှင့် မန္တလေးတက္ကသိုလ် ရှမ်းစာပေယဉ်ကျေးမှုကော်မတီ တို့ပူးပေါင်းပြီး မန္တလေးမြို့တွင် လည်း ဆရာစိုင်းခမ်းလိတ်အတွက် ဂုဏ်ပြု မွေးနေ့ပွဲ ကျင်းပပေးမည် ဟုလည်းဆို၏။

ဒေါက်တာ စိုင်းခမ်းလိတ်သည် ၁၉၄၉ ခု ဧပြီလ ၂၇ ရက်နေ့မှာ သိန္ဓီမြို့ ဟိုတဲန့်ရပ်ကွက်တွင်မွေးဖွားခဲ့ပါသည်။ သိန္ဓီစော် ဘွားကြီး၏အမတ်၊ ရှမ်းစာဆိုတော်လုံးခမ်းကာ ပါစိန်ဥတို့၏ သားသမီး ၄ ယောက်အနက် ဒုတိယသားကြီး ဖြစ်ပါသည်။ ဇနီးဒေါက်တာနွဲ့နွဲ့တင်နဲ့အတူ သားသမီး ၄ ယောက် ထွန်းကား၏။ ဆရာစိုင်းခမ်းလိတ်သည် ၁၉၆၅-၆၆ ကတည်းက ခေတ်ပေါ်တေးသီချင်းများစတင်ရေးစပ်ခဲ့ပြီး ဆရာရေးသား ခဲ့သည့်ခေတ်ပေါ်တေးအပုဒ်ရေ ၁၀၀၀ ကျော်၊ အင်္ဂလိပ် တေးသီ ချင်း ၃၅ ပုဒ်၊ ဗမာ တေးသီချင်း အပုဒ်ရေ ၅၀၀ ၀န်းကျင် နှင့် ရှမ်းခေတ်ပေါ်တေးတွေအများအပြားရေးသား ခဲ့သောကြောင့် ပင်လုံမြို့ ပရိယတ် တိသတ်ဓမ္မပါလ ပိဋိကတ်ရှမ်း ဘာသာပြန် ကျောင်းတိုက် နှစ် ၅၀ ပြည့် ရွှေရတု သဘင်အခမ်းအနား ကျင်းပရေးကော် မတီက ရှမ်းစာဆိုကျော်အဖြစ် ၂၀၀၈ ဂျွန်လတွင် ချီးမြှင့်ခဲ့ပါသည်။

Most read this week