KIA တပ်မဟာ (၅) တွင် တပ်ဖွဲ့ဝင် ၃၁ တွဲကို လပ်ထပ်ထိမ်းမြားပေး

KIA တပ်မဟာ (၅) တွင် တပ်ဖွဲ့ဝင် ၃၁ တွဲကို လပ်ထပ်ထိမ်းမြားပေး
by -
ကေအဲန်ဂျီ

မြန်မာအစိုးရတပ်နှင့် ကချင်လွတ်လပ်ရေးတပ်ဖွဲ့ (KIA) ကြား စစ်ရေးတင်းမာနေချိန်ဖြစ်သော်လည်း KIO ဗဟိုဌာနချုပ်လိုင်ဇာမြို့ ရှေ့တန်း လုံခြံုရေးတပ်ဖွဲ့မှ  KIA အမှုထမ်း စုံတွဲ ၃၁ တွဲကို ဧပြီလ ၂၂ ရက်နေ့က ဝေကြိုင်ဘွမ်တွင် ထိမ်းမြားလက်ထက်ပွဲ  ကြီးပြုလုပ်ပေးခဲ့သည်။

အဆိုပါ စုံတွဲများကို ဒုဗိုလ်မှူးကြီးဇော်ဒွဲဦးဆောင်၍ပြုလုပ်ပေးခြင်းဖြစ်ပြီး KIA တပ်မဟာ (၅) ဒေသတွင် ပထမကြိမ် ထိမ်းမြားလက်ထက်ပေးခြင်းဖြစ်သည်။

wedding in kia area

 အစီစဉ်တွင် ကချင်နှစ်ခြင်းခရစ်ယာန်မှ စုံတွဲ ၂၇ တွဲအား ထိမ်းမြားပေးပြီး ရိုမန်ကတ်သလစ်ဘာသာမှ ၃ တွဲ ထိမ်းမြားပေးကာ သီးသန့် ၁ တွဲ ကို တရားရုံးတွင်လက်မှတ်ထိုး၍ စုပေါင်း ၃၁ တွဲအား တစ်ချိန်တည်း ထိမ်းမြားလက်ထက်ပေးခြင်းဖြစ်သည်ဟု တပ်မဟာ (၅) ဗဟိုဌာနချုပ်လုံခြိုရေးတပ်မှ ဒုဗိုလ်မှူးကြီးဇော်ဒွဲ KNG ကချင်သတင်းဌာန သို့ပြောသည်။

“အရမ်းဝမ်းသာတယ် ဘာဖြစ်လို့လဲဆိုတော့ အရမ်းခက်ခဲတဲ့ကျနော်တို့ KIA အမှုထမ်းတွေအတွက် အခုလိုပွဲ ဖြစ်မြောက်လာလို့ မပြောပြတတ်လောက်အောင်ခံစားနေရတယ်။ ကျနော်အခုကြိမ်နဲ့ဆို ၃ ကြိမ်မြောက်ရှိပြီ KIA  တပ်ရင်း ၃၊ တပ်ရင်း ၆ ဒီနှေ့ဗဟိုဌာနချုပ် KIA ရှေ့တန်းလုံခြံုရေးတပ်မဟာမှာ ၃၁ တွဲကို လုပ်ပေးနိုင်တဲ့ အတွက် ကျနော့်အနေနဲ့ အရမ်းပျော်တယ် ဒီနေ့ဘုရားသခင်ရှေ့၊ ပြည်သူလူထုအများရှေ့ KIO အစိုးရရှေ့မှာ တရားမဝင်တဲ့အိမ်ထောင်တွေ အရမ်းများတဲ့အတွက် တပ်အတွင်းမှာ မသန့်ရှင်းတာတွေ မဖြစ်စေချင်ဘူး သန့်သန့်ရှင်းရှင်းနဲ့ အမှုထမ်းစေချင်လို့ အခုလိုလုပ်ခြင်းဖြစ်တယ်” ဟုဆိုသည်။

ထိုလက်ထပ်ထိမ်းမြားသောစုံတွဲများသည် အကြောင်းအမျိုးမျိုးကြောင့် လက်ထက်ခြင်းမပြုပဲ အတူနေထိုင်ခဲ့ပြီး ကလေးများရရှိနေပြီဖြစ်သော်လည်း ယခုမှ ဘုရားသခင် ရှေ့လူရှေ့တွင် ကတိသစ္စာယူ တရားဝင်ထိမ်းမြား လက်ထက်ခြင်းဖြစ်သည်ဟုပြောသည်။

ဂေါ်ရခါးတပ်မှ လက်ထပ်ထိမ်းမြားခဲ့သော မရစ်လအောင်နှင့် ဒမရမ်ဂျာဖာ စုံတွဲက “ပြီးခဲ့တဲ့တိုက်ပွဲမှာ ခြေထောက်မှာဒဏ်ရာရတော့ အရမ်းစိတ်အားငယ်တယ် ကျနော့်ဘဝမှာ မိဘဆွေးမျိုးလည်းမရှိတော့ ဘူးဆိုတော့ ဒီလိုလက်ထပ်ပွဲလုပ်နိုင်မယ်လို့ မမျှော်လင့်ခဲ့ဘူး ဒါမဲ့ ဘုရားသခင်ကျေးဇူးတော်ကြောင့် အခုလို ဘုရားသခင် ရှေ့မှာ တရားဝင်ထိမ်းမြားခြင်းကိုလုပ်နိုင်တဲ့အတွက် ဘုရားသခင်ကိုကျေးဇူးတင်တယ်  လုပ်ပေးတဲ့သူတွေအားလုံးကို ကျေးဇူးတင်တယ်” ဟု ကချင်သတင်းဌာနသို့ပြောသည်။

နောက် လိုင်ဇာအလဲန်ဘွမ် ဂေါရခါးတပ်မှ ဂေါရခါးလူမျိုး လဘန်ရှန်းကလည်း “ကလေး ၁ ဦးရှိပြီ အခုမှ ဘုရားသခင်ရှေ့မှာ တရားဝင်ထိမ်းမြားလက်ထက် ရတဲ့အတွက် အရမ်းပဲပျော်ပါတယ်” ဟု ပြောသည်။

ထိုသို့ ခက်ခဲမှုများနှင့် တင်းမာမှုများရှိကြားက လက်ထပ်ထိမ်းမြားခြင်းကို ပြုလုပ်ပေးနိုင်သောကြောင့် ၀မ်းသာအားရဖြစ်ရကြောင်း ပါဂျောင်ဂျန်မိုင် စစ်ပြေးဒုက္ခသည်စခန်းတွင် ခိုလုံနေသော အင်ပွန် အသင်းတော်မှ KBC နှစ်ခြင်းခရစ်ယာန်မှ သိက္ခာတော်ရ လမာဂွမ်ဂျက် ကချင်သတင်းဌာနသို့ပြောသည်။

“အခုလိုလုပ်တာဟာ ဘုရားသခင်ရှေ့မှာ ကောင်းတဲ့အရာ တခုဖြစ်တယ် ဘုရားသခင်နှုတ်ကပတ်တော် ရှိတဲ့အတိုင်း  အိမ်ထောင်ပြုတယ်ဆိုတာ ဘုရားသခင်ရှေ့မှာ ဒီနေ့ခက်ခဲမှုများနဲ့ ရှေ့တန်းစစ်မြေပြင်မှာရှိ နေတဲ့သူတွေ သူတို့ လုပ်ချင် ပေမဲ့ မလုပ်နိုင်ဘူး ဒါမဲ့တာဝန်ရှိအရာရှိတွေက အသင်းတော်နှင့်အတူ အခုလိုလုပ်ပေးတဲ့အတွက် အရမ်းပျော်ရွှေမိတယ်။ ဒီပွဲမှာ ပါဝင်ခွင့် ထိမ်းမြားပေးခွင့်ပေးတဲ့အတွက် ပျော်ရွှင်မိပါတယ်” ဟုပြောသည်။

အစိုးရတပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်များကြား ၂၀၁၁ ခုနှစ်မှ ဖြစ်ပွားလာသော တိုက်ပွဲများကြောင့် KIA အမှုထမ်းများ ရှေ့တန်းတွင် လုံခြုံရေးဦးစားပေးကာ အချိန်ပေးနေရသောကြောင့် မိသားစုများနှင့် လစ်ဟာနေခြင်းဖြစ်ကြောင်းသိရသည်။

ယခုချိန်ထိ ရှမ်းပြည်မြောက်ပိုင်း ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ် ဖက်တွင်လည်း အစိုးရတပ်နှင့် စစ်ရေးအခြေအနေများ တင်းမာလျက်ရှိပြီး အစိုးရတပ်များ အင်အားတိုးချကာ လုံခြုံရေးတင်းကြပ်ထား သောကြောင့် ဒုက္ခသည်များ သွားလာရေးတွင် စိုးရိမ်ကြောက်လန့်နေရကြောင်းသိရသည်။

Most read this week