အစိုးရတပ်နှင့် KIA တိုက်ပွဲ ပြင်းထန်လာသောကြောင့် ဒုက္ခသည်များ ၂ ထောင်ကျော် ထပ်မံထွက်ပြေးတိမ်းရှောင်နေရ

အစိုးရတပ်နှင့် KIA တိုက်ပွဲ ပြင်းထန်လာသောကြောင့် ဒုက္ခသည်များ ၂ ထောင်ကျော် ထပ်မံထွက်ပြေးတိမ်းရှောင်နေရ
by -
ကေအဲန်ဂျီ

ကချင်ပြည်နယ် ဗန်းမော်ခရိုင် မန်စီမြို့နယ် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) တပ်မဟာ (၃) တပ်ရင်း ၂၇ ဒေသတွင် ယခုချိန် အစိုးရတပ်များနှင့် KIA တပ်ဖွဲ့များ ပြင်းပြင်းထန်ထန် တိုက်ပွဲဖြစ်ပွားနေခြင်းကြောင့် အနီးရှိ လဂါတ်ယန်ဒုက္ခသည်စခန်းက ဒုက္ခသည်များသည် ယမန်နေ့ ၁၀ ရက်နေ့မှ မန်ဝင်းသို့ ၂၀၀၀ ကျော် ဆက်လက် ထွက်ပြေးတိမ်းရှောင်နေရကြောင်းသိရှိရသည်။

လဂါတ်ယန်ဒုက္ခသည်စခန်းမှဒုက္ခသည် ၈၀၀ ကျော်နှင့် ရှမ်းရွာ ၁၀ရွာမှ အားလုံး ၂၀၀၀ ကျော် မန်ဝင်းသို့ ထွက်ပြေးတိမ်းရှောင်လာကြရာ ၄င်းတို့ုလုံခြုံရေးနှင့် နေရာထိုင်ခင်းများခက်ခဲခြင်းကြောင့် ရှမ်းပြည်ဘက်ခြမ်း နမ့်ခမ်းဘက်သို့ဆက်လက် တိမ်းရှောင်နေကြကြောင်း မန်ဝင်း အသင်းတော်မှ ဆရာတဦး KNGကချင်သတင်းဌာနသို့ပြောသည်။

နမ့်ခမ်းမြို့သို့ တိမ်းရှောင်ရန်ပြင်ဆင်နေသော ဒုက္ခသည်များ (ပုံ - Jadeland)

အစိုးရစစ်ကြောင်းသည် နမ်ခမ်း (Nam Hkam)နှင့် နောင်းလုပ် (Nawng Luk)  ၂ နေရာမှ တိုက်ပွဲဖြစ်ပွားနေရာ သို့ လက်နက်ကြီး များဖြင့် အကြိမ် ၅၀ ကျော် ပစ်ကူပေးချိန် ၎င်းလက်နက်ကြီးများသည် လဂါတ်ယန်ဒုက္ခသည် စခန်းသို့ ၃ကြိမ်ကျလာရာ ၂ ကြိမ်ပေါက်ကွဲခဲ့သည်။ သို့သော် ဒုက္ခသည်များ ထိခိုက်ခြင်းမရှိကြောင်း ထွက်ပြေးလာသူများကပြောသည်။

“လက်နက်ကြီးတွေ စခန်းအနီးမှာ ကျပေါက်ကွဲလာတော့ ဒုက္ခသည်တွေအားလုံးထွက်ပြေးတိမ်ရှောင်လာကြတာ မန်ဝင်းအသင်း တော်ကနေ လာကြိုပေးတယ် ဒုက္ခသည်စခန်းမှာက ဘယ်သူမှ မရှိတော့ဘူး၊ ပစ္စည်းတွေဘာ မှယူမသွားကြဘူး အခုချိန်ထိ မိတာ ၅၀၀ လောက်က ပစ်ခတ်နေတုန်းပဲ” ဟု ဒုက္ခသည် ကယ်ဆယ်ရေးဥက္ကဌ ဆလန်ကဘာဒွဲပီဆာ KNG ကချင်သတင်း ဌာနသို့ပြောသည်။

လဂါတ်ယန်ဒုက္ခသည်စခန်းအနီး နှင့် ဘမ်ခမ်းပါ (Bang HKam Pa)တို့တွင် အစိုးရတပ်မ ၈၈ ၏စစ်ကြောင်းလှုပ် ရှားလာပြီး KIA တပ်ရင်း ၂၇ ကြား ယမန်နေ့ ညနေ ၄ နာရီမှ ညမိုးချုပ်သည်ထိ ပြင်းထန်စွာပစ်ခတ်တိုက်ခိုက်ရာ အစိုးရတပ်သည် လက်နက်ကြီးများဖြင့် ပစ်ခတ်နေသည်ဟု တပ်ရင်း ၂၇ တပ်ရင်းမှူးဗိုလ်မှူးဇော်ဘာ ပြောသည်။

ယခုချိန်အစိုးရစစ်ကြောင်းသည် KIA တပ်ရင်း ၂၇ ဒေသနေရာအနှံလှုပ်ရှားနေခြင်းကြောင့် ဒုက္ခသည်များအ တွက် စိုးရိမ် နေရကြောင်း ဒုက္ခသည်ကြည့်ရှုသူများကပြောသည်။  လဂါတ်ယန်ဒုက္ခသည်စခန်းမှ ဒုက္ခသည်များ ယမန်နေ့ နံနက် ဘမ်နမ်းပါ (Nam HkaBum) တွင် တိုက်ပွဲဖြစ်ပွားလာသောကြောင့် ထွက်ပြေးတိမ်းရှောင်ခဲ့ချိန်
ညနေပိုင်းတွင် KIA တပ်ရင်း ၂၇ ဒေသ ၃ နေရာ၌ တိုက်ပွဲများဆက်တိုက်ဖြစ်ပွားခဲ့ကြောင်းသိရှိရသည်။

ယမန်နေ့ညနေ ၅ နာရီချိန်မှ KIA တပ်ရင်း ၂၇ မိုင်းခေါင်ဒုက္ခသည်စခန်းအနီး ခပရာယန် (Hkapra Yang) တွင်လည်း အစိုးရစစ်ကြောင်း ၆၀၁ အင်အား ၁၀၀ ကျော်နှင့် KIA တပ်ရင်း (၂၇၊ ၁၂) တပ်ဖွဲ့ ကြား ပြင်းထန်စွာ တိုက်ပွဲဖြစ်ပွားရာအစိုးရတပ် ၆၀၁ တပ်ရင်းမှူး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း တပ်ရင်း ၁၂ မှ KIAအရာရှိ တဦး ကချင်သတင်းဌာနသို့ပြောသည်။

ပစ်ခတ်တိုက်ခတ်ပြီး နာရီဝက်ကျော်ချိန် ၎င်းအစိုးရတပ် ခမရ ၆၀၁ တပ်ရင်းမှူးဒဏ်ရာရပြီး မန်ဂျေဘက်သို့ နောက်ဆုတ်သွားကြောင်းသိရသည်။

ယနေ့နံနက် ရ နာရီမှစပြီး ဘမ်ခမ်းပါ (Bang Hkam Pa)တွင်လည်း တိုက်ပွဲများပြန်လည် ပြင်းထန်လာပြီး အစိုးရတပ်သည် လက်နက်ကြီးများဖြင့်အကြိမ်ပေါင်းများစွာ ပစ်ခတ်ကူပေးနေကြောင်းသိရသည်။

အစိုးရစစ်ကြောင်း ယခုထိုးစစ်ဆင်နေသော KIA တပ်ရင်း ၂၇ နယ်မြေတွင် နောင်တောင်းတံတားဂိတ်အား ရရှိရန်စစ်အင်အားများဖြင့် ထိုးစစ်ဆင်နေ ခြင်းဖြစ်သည်ဟု KIAအရာရှိဖက်မှ သုံးသပ်ပြောဆိုသည်။
၎င်း KIA တပ်ရင်း ၂၇ နောင်တောင်းဂိတ်သည် ယခင်က အစိုးရတပ်စခန်းဂိတ်ဖြစ်ပြီး၂၀၁၁ ခုနှစ် တိုက်ပွဲဖြစ်ပွားချိန် KIA သိမ်းပိုက်ထားသော တရုတ်နယ်စပ် KIAဂိတ်ဖြစ်ကြောင်းသိရှိရသည်။

Most read this week