မူဆယ် ၁၀၅ မိုင်ဂိတ် စည်းကမ်းတင်းကျပ်မှု ကုန်သည်များ မကျေနပ်

မူဆယ် ၁၀၅ မိုင်ဂိတ် စည်းကမ်းတင်းကျပ်မှု ကုန်သည်များ မကျေနပ်
by -
ဇော်ကြီး
တရုတ်မြန်မာနယ်စပ် ကုန်သွယ်ရေးလမ်းကြောင်းပေါ်ရှိ ၁၀၅ မိုင်ဂိတ်တွင်အကောက်ခွန် အရာရှိအသစ်၏ စည်းကမ်းတင်းကျပ်မှုအပေါ် ကုန်သည်များမကျေမနပ်ဖြစ်နေကြသည်။ ယခုလ ၁၈ ရက်နေ့က မူဆယ် ၁၀၅ မိုင်ဂိတ်သို့ အသစ်ပြောင်းရွှေ့ရောက်ရှိလာသော သွင်းကုန်တာဝန်ခံ ...

တရုတ်မြန်မာနယ်စပ် ကုန်သွယ်ရေးလမ်းကြောင်းပေါ်ရှိ ၁၀၅ မိုင်ဂိတ်တွင်အကောက်ခွန် အရာရှိအသစ်၏ စည်းကမ်းတင်းကျပ်မှုအပေါ် ကုန်သည်များမကျေမနပ်ဖြစ်နေကြသည်။

ယခုလ ၁၈ ရက်နေ့က မူဆယ် ၁၀၅ မိုင်ဂိတ်သို့ အသစ်ပြောင်းရွှေ့ရောက်ရှိလာသော သွင်းကုန်တာဝန်ခံ ဗိုလ်ကြီး မိုးမြင့်အောင််၏ စည်းကမ်းတင်းကျပ််မှုကို ကုန်သည်များက မကျေမနပ်ဖြစ်နေကြဟု ကုန်သည်များက ဆိုသည်။

ယခင်က ကုန်ပစ္စည်းအမျိုးအစားကိုက်ညီ၍ အပိုတင်ဆောင်လာမှသာ ဖမ်းသော်လည်း ယခုအရာရှိသစ် ရောက်လာပြီး နောက်ပိုင်းတွင် ပစ္စည်းအရွယ်အစား ကွာဟမှုဖြစ်ပါက ဖမ်းဆီးသည်ဟု ကုန်သည်တစ်ဦးက ယခုလို ပြောသည်။

“သူရောက်ပြီးနောက်ပိုင်းမှာ အခုက တော်တော်လေးစစ်တာပေ့ါ၊ ဆိုကြပါစို့တရုတ်ပြည် ဖက်က ကုန်ပစ္စည်း တခုတင်လာမယ်ဆိုရင် ဥပမာ ပိတ်စဆိုရင် မီတာ ၂၀ ပါတဲ့ ပိတ်အုပ် အလိပ် ၂၀၀ သွင်းမယ်လို့ ပြောလိုက်တယ်။ ဒါပေမဲ့ ဟိုမှာရောက်လို့ စစ်တဲ့အခါကျရင် တိုင်းကြည့်လိုက်လို့ မီတာ ၂၀ မဟုတ်ပဲ ၁၈ မီတာဖြစ်နေရင် ဒီကောင်ကဖမ်းတယ်။ အပိုဆိုရင်တော့ ဖမ်းပါ ကိစ္စမရှိဘူး။ အလိုကို တောင်မှ သူက လက်မခံတဲ့သဘော အတိအကျပဲ။ ဘယ်သူမှ မကျေနပ်ကြတော့ဘူး။”

ကုန်သည်များအနေနှင့် တရုတ်ပြည်မှ ကုန်ပစ္စည်းများကို၀ယ်ယူရာ၌ ပစ္စည်းအမျိုးအစား တူသော်လည်း ကုမ္မဏီ မတူ၍ အရွယ်ပမာဏ ကွာခြားမှုရှိခြင်း၊ အချိန်တိုအတွင်း ၀ယ်ယူရခြင်းစသည့် အခက်အခဲများလည်းရှိသည်ဟု ၎င်းကဆက်ပြောသည်။

“စာရင်းတင်တုန်းကတော့ ၁ ပေပဲ ဒါပေမဲ့ ဒီမှာလိုက်ရှာတဲ့ခါကျတော့ ၁ ပေ ရှိချင်မှရှိတော့တာကိုး။ စက်ရုံတွေက တစ်ခုနဲ့ တစ်ခုမတူဘူးလေဗျာ။အဲဒီခါကျတော့ ကိုယ်က တွေ့ရာပဲဝယ်ရတော့တာကိုး။ ဘာကြောင့်လဲဆိုတော့ လိုင်စင်သက်တမ်းပါမစ် လျှောက်တဲ့ သက်တမ်းကလည်း သုံးလအတွင်း အပြီးဝယ်ရတာလေ။ သုံးလအတွင်းမှာ သူက ခပ်မြန်မြန်ဝယ်တဲ့အခါကျတော့ အချိန်မလောက် တော့ဘူး တွေ့ရာဆွဲဝယ်ရတယ်လေ။ လျော့ပြီးဝယ်လိုက်တယ်။ ဥပမာ စာရင်းထဲမှာတော့တစ်ပေပဲ၊ အဲတာရှာလို့မရတော့ ၁၁ လက်မပဲဝယ်လိုက်တော့မယ်ဆိုပြီး ၀ယ်လိုက်တာ ခါတိုင်းဆိုရင် ပြဿနာ မရှိဘူး၊ ခုကတော့ မရဘူး ဖမ်းတာ။”

ကားတစီးလျှင် ယခင်က ကုန်ပစ္စည်းအမျိုး ၆၀ ခန့်တင်ဆောင်ခွင့်ရှိသော်လည်း ၎င်းအရာရှိ ရောက်ခဲ့ပြီး နောက်ပိုင်း၌ ကားတစီးလျှင် အမျိုး ၃၀ သာတင်ခွင့်ပြုသောကြောင့် သယ်ယူပို့ဆောင်ခ  ပိုမိုကုန်ကျပြီး အခက်အခဲ ဖြစ်ကြရသည်။

မူဆယ် ၁၀၅ မိုင်ဂိတ်တာဝန်ရှိသူများသည် ညနေ ၅ နာရီမှ ၈ နာရီအထိ နေ့စဉ်အစည်းအဝေးပြုလုပ်ကြပြီး ယမန်နေ့က အစည်းအဝေးအပြီး၌ ယခုကဲ့သို့ စည်းကမ်း တင်းကျပ်လာခြင်းဖြစ်သည်။

Most read this week