NDA-K အဖွဲ့ဝင် လယ်မြေ သိမ်းယူရန်ကြိုးပမ်းနေ

NDA-K အဖွဲ့ဝင် လယ်မြေ သိမ်းယူရန်ကြိုးပမ်းနေ
by -
ကေအဲန်ဂျီ

ကချင်ပြည်နယ် မြစ်ကြီးနားမြို့ နောင်နန်းတိုက်နယ် ဆယ်မိုင်ရွာရှိ အင်ခိုင်ဘွမ် (Nhkai Bum) တောင်ခြေ နမ်ဘောမ်ပါ (Nam Bawm Pa) တွင် တောင်ယာ၊ လယ်ယာများ လုပ်ကိုင်စားသောက်နေသော ဒေသခံများ၏ နယ်မြေအား ရွှေစက်ကျေးရွာနေ ကချင်ဒီမိုကရေစီသစ်တပ်မတော် (NDA-K) အဖွဲ့ဝင်ဟောင်း လောပန်း ဦးယုဒ (ခ) အားဒူမှ အဓမ္မလယ်မြေများ သိမ်းယူရန် ကြိုးပမ်းနေကြောင်း သိရှိရသည်။

သိမ်းယူရန် ခြိမ်းခြောက်ခံရသော လယ်ယာမြေများသည် ၁၀ မိုင်ကျေးရွာ တောင်သူများဖြစ်သော ဒေါ်လဘော်ရွယ်၊ ဒေါ်လဖိုင်လု၊ ဦးမောရှေ့၊ ဦးမဂေါင်ဇော်နော်၊ ဦးလဝေါ့တူးယော်၊ ဒေါ်ဒေါင်နော်၊ ဦးမော်ကူးတန်ဂွန်း၊ ဦးဂျံုးဒေါင်၊ ဦးဘရန်ရှောင်တို့၏ လယ်မြေများဖြစ်ကြောင်း ဒေသခံများပြောသည်။

ရွာသားများသည် အင်ခိုင်ဘွမ် (Nhkai Bum) တောင်ခြေ နမ်ဘောမ်ပါ (Nam Bawm Pa) တွင် လက်ရှိလုပ်နေသောလယ်ယာမြေများကို ၁၉၇၂ ခုနှစ်မှ လုပ်ကိုင်နေခဲ့ခြင်းဖြစ်ပြီး နှစ်ရှည်ပင်များဖြစ်သော ရာဘာ၊ ကျွန်းသစ်၊ ပျဉ်းကတိုးပင်၊ ဒညှင်းပင်၊ သစ်စိမ့်ပင်များ စိုက်ပျိုးထားချိန် သိမ်းဆည်းမည်ဟု ပြောဆိုထားခြင်းကြောင့် ရွာသားများစိုးရိမ်ပူပန်နေကြသည်။

အဆိုပါ လောပန်းဦးယုဒ (ခ) အားဒူသည် ၄င်းတောင်သူ ၉ ဦး၏ လယ်မြေ ဧက ၂၀ ကျော်ကို အဓမ္မသိမ်း ဆည်းရန် ကြိုးစားလာခြင်းဖြစ်ကြောင်း လယ်ပိုင်ရှင် ဒေါ်လဘော်ရွယ်နှင့် ဒေါ်လဖိုင်လုပြောသည်။

လောပန်းဦးယုဒသည် ဒေသခံရွာသားများ၏ လယ်ယာမြေများအနီးကျူး ကျော်ဝင်ရောက်လာချိန် “ကျနော်မြောင်းတူးထားပေမယ့် စိတ်ချလက်ချလုပ်ကိုင်စားသောက်လို့ရတယ် နင်သို့ပိုင်တဲ့ခြံမြေကို ဘယ်တော့မှမသိမ်းဘူး” ဟု ပြောဆိုခဲ့သော်လည်း နောက်ပိုင်း ရွာသားများလယ်ဖက်သို့ သံဆူးကြိုးများ ကာလာခြင်းကြောင့် မေးမြန်းခဲ့ရာ “ကျွဲ၊ နွားများ လယ်ယာမြေသို့ ဝင်ခြင်းကြောင့် ကာခြင်းဖြစ်တယ်” ဟု တုံ့ပြန်ပြောဆိုကာ တိုးချဲ့လာခြင်းဖြစ်သည်ဟု ဆိုသည်။

သံဆူးကြိုးများဖြင့် နယ်မြေကျူးကျော်လာသောကြောင့် မင်္သကာမှုဖြင့် ရွာသားများမှ ပထမကြိမ်
နောင်နန်းတိုက်နယ်ရုံးသို့ အကြောင်းကြားခဲ့ရာ ရွာသူကြီးနှင့် နောင်နန်းတိုက်နယ် ဥက္ကဌဦးနော်ဒင့်မှ ၎င်းတောင်သူများအား ဆက်လက်လုပ်ကိုင်စားသောက် ရန်ပြောဆိုခဲ့ကြောင်းသိရှိရသည်။

သို့သော် ဦးလဝေါ့တူးယော်၏ လယ်ယာမြေတွင် လောပန်းဦးယုဒမှ မြေတူးစက် (ဘက်ဖော်း) ဖြင့် ပြန်လည် ကျူးကျော်တူးဆွလာသောကြောင့့် နောင်နန်းတိုက်နယ်ရုံးသို့ ဒုတိယကြိမ်တိုင်ကြားခဲ့ရာ ဦးယုဒ (ခ)
အားဒူနှင့် ပြီးခဲ့သည့် ဇန်နဝါရီလပိုင်းတွင် လူမှုရေးဖြင့် ညှိနှိုင်းမည် ဟုသဘောတူထားခဲ့့သော်လည်း လိုက်နာ ဆောင်ရွက်ခြင်းမရှိသေးကြောင်းပြောသည်။

ထို့ကြောင့် ဇန်နဝါရီလ ၂၅ ရက်နေ့တွင် ကျေးရွာတာဝန်ခံများ၊ မြို့နယ်မြေတိုင်းတာဝန်ခံ ဦးမျိုးဝင်းသည် တောင်သူ ၉ ဦးနှင့် လယ်ယာမြေများသို့ ကွင်းဆင်းပြီးချိန် “၂ ရက် ၃ ရက် အကြာမှာ နင်တို့ကို မြို့နယ်ရုံးကနေ လာစစ်ဆေးမယ်” ဟုသာပြောဆိုခဲ့သည်ဟု ဒေသခံများပြောသည်။

ဆက်လက်၍ တောင်သူ ၉ ဦးသည် တိုက်နယ်ဥက္ကဌ ညွန်ကြားချက်အရ ကချင်ပြည်နယ်ဝန်ကြီးချုပ် လဂျွန်ငန်ဆိုင်းသို့ တိုင်ကြား ခဲ့သော်လည်း ယခုချိန်ထိ အကြောင်းပြန်ကြားခြင်း မရှိခဲ့ကြောင်း ဒေသခံ တောင်သူများ KNG ကချင်သတင်းဌာန သို့ပြောသည်။

၄င်း ဦးယုဒနှင့် ခြံမြေကိစ္စကိုု တရားရုံးသို့ ဦးထိုက်လျှောက်သည့်အမှုနှင့် ပတ်သက်ပြီး အမှတ် (၁) ရဲစခန်းမှ
တာဝန်မှူးဒုရဲအုပ် ထိန်လင်းကျော်က ၁၀ မိုင်တောင်သူ ၉ ဦးကို တွေ့ဆုံမေးမြန်းရန်ရှိပါသဖြင့် ပြီးခဲ့သည့် မတ်လ ၁၁ ရက်နေ့တွင် မပျက်မကွက် တက်ရောက်ရန် အကြေားကြားခဲ့သော်လည်း တောင်သူများက “ပြည်နယ်ဝန် ကြီးချုပ်ထံ လျှောက်ထားပြီး ဖြစ်၍၏ဝန်ကြီးချုပ်၏ ညွှန်ကြားချက်မရှိသေး၍ မတက်ရောက်နိုင်ကြောင်း” အကြောင်းပြန်ခဲ့သည်ဟုဆိုသည်။

လောပန်း ဦးယုဒ၏ တရားဝင်မြေဧကသည် ၄၇၉ ရာက ယခုချိန်် ထိုထက်မက လယ်ယာမြေ ဧကများတိုးချဲ့ ထားပြီဖြစ်ကြောင်းလည်းသိရသည်။

ထိုသို့မြေသိမ်းမှုပြဿနာကိုဖြေရှင်းရန် တောင်သူများတွင် ပြေစာမရှိသောကြောင့်လည်း အခက်ခဲဖြစ်နေ သည်ဟု ဆိုသည်။ လုပ်ပိုင်ခွင့် ပြေစာမရကို ယခင်လူကြီးမှ စားကျက်နယ်မြေဖြစ်၍ ပြေစာမလုပ်ပေးနိုင်ကြောင်း ပြောဆိုထားရာ နောက်ပိုင်း လူကြီးအပြောင်းအလဲ ဖြစ်လာသောအခါ ထိုနယ်မြေအား ငွေရှင်ကြေးရှင်များ၏ လက်ထဲသို့ တောင်သူများမသိပဲ ရောက်ရှိနေပြီး လယ်ပိုင်ရှင်များမူ ယခုချိန်ထိ လယ်ယာမြေစာများမရရှိသေးပဲ ပြဿနာများရင်ဆိုင်နေရကြောင်းသိရှိရသည်။

၎င်းလယ်မြေ လုပ်ပိုင်ခွင့် ပြေစာရရှိရန် ၂၀၁၁- ၂၀၁၂ ခုနှစ်တွင် တိုက်နယ်ဥက္ကဌဒိုင်လွမ်းအား ပြေစာအတွက် ကျပ်ငွေ ၂ သောင်း ပေးထားခဲ့သော်လည်း မရရှိသေးကြောင်း ရွာသားများပြောသည်။

ယခုချိန် လောပန်းဦးယုဒ (ခ) အားဒူသည် ရွှေစက်လီဆူနှစ်ခြင်းသင်းထောက်ဖြစ်ပြီး ယခင်က ကချင်ဒီမိုကရေစီ သစ်တပ်မတော် (NDA-K) (ယခု အစိုးရ နယ်ခြားစောင့်တပ်) စစ်ဦးစီးချုပ် ဝေါ်လော် (Waw Lau) ၏တပ်သားဖြစ်ကြောင်း သိရှိရသည်။

၄င်းသည် ၂၀၀၅ ခုနှစ်မှ ထိုဒေသသို့စတင်ရောက်ရှိလာကာ ဒေသခံများ၏ လယ်မြေများကို အဓမ္မသိမ်းဆည်း ရယူရန် ကြိုးပမ်းလာခြင်းဖြစ်ကြောင်းဒေသခံများပြောသည်။

Most read this week