အစိုးရတပ်က KIA တပ်ဖွဲ့ဝင် ၂ ဦးကိုပစ်သတ်

အစိုးရတပ်က KIA တပ်ဖွဲ့ဝင် ၂ ဦးကိုပစ်သတ်
by -
ကေအဲန်ဂျီ

ကချင်လွပ်လပ်ရေးတပ်မတော် (KIA) ဗိုလ်ကြီး Lahpai Zau Awng နှင့် တပ်ကြပ် Labya Seng Ja တို့ ၂ ဦးအား မြန်မာအစိုးရတပ်ဖွဲ့က မြစ်ကြီးနား-ဗန်းမော်လမ်း နမ်ဆန်ကျေးရွာအနီး မတ်လ ၁၃ ရက်နေ့ညနေက ပစ်သတ်ခဲ့ ကြောင်း KIA အရာရှိများ အတည်ပြုပြောသည်။

၎င်းတို့ ၂ ဦးသည် ကချင်လွပ်လပ်ရေးအဖွဲ့ (KIO) ဗဟိုဌာနချုပ်နယ်မြေ လုံခြုံရေးတပ်ဖွဲ့ KIA တပ်မဟာ (၅) လက်အောက် တပ်ရင်း (၁၈) ဒေသ Law Hkum Bum စခန်းမှဖြစ်ပြီး ပုံမှန်ဖြတ်သန်းနေကျ နေရာဂျာထရွာ (Ja Hta) သို့အသွား အစိုးရတပ် တပ်မ ၃၃ နေရာတွင် တပ်အပြောင်းအလဲဖြင့် ရောက်ရှိလာသော မိုးကောင်း စခက (အမှတ်-၃ စစ်ဆင်ရေးကွပ်ကဲမှု စစ်ဌာနချုပ်) တပ်နှင့် ထိပ်တိုက်တွေ့ဆုံပြီး ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါအစိုးရတပ်သည် ရှေ့တန်းနယ်မြေသို့ ရိက္ခာပို့သော ၄င်းတို့ယာဉ်တန်းများအား လမ်းတလျှောက် လုံခြံုရေးယူပေးနေစဉ် ထိုသို့ဖြစ်ပွားခဲ့ခြင်းဖြစ်သည် ဟု ငြိမ်းချမ်းရေးအကျိုးတော်ဆောင် PCG ဦးလမိုင်ဂွမ်ဂျာ KNG ကချင်သတင်းဌာန သို့ပြောသည်။

KIA မှ ၎င်းရုပ်အလောင်းအားပေးရန် တောင်းဆိုသော်လည်း အစိုးရဖက်မှ မပေးနိုင်ကြောင်း၊ ရက်များကြာ သွားပြီဖြစ်သောကြောင့် ရုပ်ပျက်ဆင်းပျက်သွားပြီဖြစ်၍ ရုပ်အလောင်းများပြန်တွေ့လျှင် နှစ်ဖက်မှမသင့် လျော်ကြောင်း ကျဆုံးသွားပြီဖြစ်သည် ပြန်လည်တုံ့ပြန်ခဲ့ကြောင်းဆိုသည်။

အစိုးရတပ်မှ ၎င်း KIA ဗိုလ်ကြီး ရုပ်အလောင်းအားမပေးသော်လည်း ဓာတ်ပုံပေးမည်ဟု ဆိုသော်လည်း ယခုချိန်ထိ မပေးသေးကြောင်း သိရှိရသည်။

၄င်း ပစ်ခတ်ခဲ့ခံရခြင်းနှင့်ပတ်သက်၍ KIA ဖက်မှ ၄င်းတို့ဖြတ်သန်းနေကျနေရာတွင် ယခုကဲ့သို့ ဖြစ်ပွားလာ သောကြောင့် အခြေအနေများ ဆက်လက်တင်းမာနေဆဲဖြစ်သည်ဟု ဆိုသည်။

အစိုးရတပ်များသည် ကချင်ပြည်နယ် ကချင်လွတ်လပ်ရေးတပ်မတော် တပ်ချထားသောနေရာများတွင် အင်အားဖြင့် တိုးချဲ့ထားပြီး တပ်အပြောင်းအလဲများလုပ်ဆောင်ချိန်တွင် တင်းမာမှုများပိုမိုဖြစ်ပွားလေ့သည်ဟု လည်း သိရသည်။

Most read this week