တာကာ သိန်းပေါင်း တစ်ထောင်ကျော်တန် ကံဆိပ်ကျေးရွာ သိမ်တော်ကြီးပြီးစီး

တာကာ သိန်းပေါင်း တစ်ထောင်ကျော်တန် ကံဆိပ်ကျေးရွာ သိမ်တော်ကြီးပြီးစီး
တာကာ သိန်းပေါင်း ၁ဝဝဝ ကျော် အကုန်ကျခံပြီး တည်ဆောက်နေသော ဘင်္ဂလာဒေချ့် အဝကျွန်းဒေသ ကံဆိပ်ကျေးရွာရှိ သိမ်တော်ကြီးမှာ များမကြာမှီက ပြီးစီးသွားပြီ ဖြစ်သည်။ အဆိုပါ သိမ်တော်ကို ဘင်္ဂလာဒေချ့် ယခင် ဘီအန်ပီ အစိုးရ လက်ထက်တွင် စတင်တည်ဆောက်ခဲ့ပြီး များမကြာမှီက ပြီးစီးခဲ့ ...

တာကာ သိန်းပေါင်း ၁ဝဝဝ ကျော် အကုန်ကျခံပြီး တည်ဆောက်နေသော ဘင်္ဂလာဒေချ့် အဝကျွန်းဒေသ ကံဆိပ်ကျေးရွာရှိ သိမ်တော်ကြီးမှာ များမကြာမှီက ပြီးစီးသွားပြီ ဖြစ်သည်။

အဆိုပါ သိမ်တော်ကို ဘင်္ဂလာဒေချ့် ယခင် ဘီအန်ပီ အစိုးရ လက်ထက်တွင် စတင်တည်ဆောက်ခဲ့ပြီး များမကြာမှီက ပြီးစီးခဲ့သည်ဟု သိရသည်။

အဆိုပါ သိမ်တော်ကြီးကို သုံးနှစ်နီးပါးခန့် တည်ဆောက်ခဲ့ရပြီး လက်ရာမှာ မြန်မာနှင့် ထိုင်းဗိသုကာ လက်ရာကို ရောပြွမ်းထားသည်ဟု သိရသည်။

ကျေးရွာသား တဦးက “ဘင်္ဂလာဒေချ့်က ဗိသုကာ ပညာရှင်တွေ လာရောက် တည်ဆောက်တာပါ။ ဒီဇိုင်းကတော့ အာကီတက် ပညာရှင် ရခိုင်အမျိုးသမီး တဦးက ဆွဲပေးတယ်လို့ သိရပါတယ်” ဟုပြောသည်။

အဆိုပါ သိမ်တော်မှာ ပြီးစီးသွားပြီ ဖြစ်သော်လည်း အစိုးရမှ အဆိုပါ အဆောက်အဦးအား ရခိုင်အမျိုးသားများလက်ထဲသို့ မအပ်သေးဘဲ ဖွင့်ပွဲလုပ်ပြီးနောက်ပိုင်းမှ လွဲပြောင်းပေးအပ်မည် ဖြစ်သည်ဟု အဆိုပါ ကျေးရွာသားက ပြောသည်။

သိမ်တော်တည်ရှိရာ ကံဆိပ်ကျေးရွာတွင်ရခိုင်အိမ်ခြေ ၃၅ ဆောင်ခန့်ရှိပြီး လှပသော ပင်လယ် အပန်းဖြေ စခန်းတခုလည်း ကျေးရွာ အနီးတွင် တည်ရှိသည်။

ဘင်္ဂလာဒေချ့် နိုင်ငံတွင် အစိုးရ ဘတ်ဂျက်ငွေဖြင့် ယခုကဲ့သို့ ကြီးကျယ်သော ဗုဒ္ဓဘာသာ အဆောက်အဦး တခုကို တည်ဆောက်ပေးသည်မှာ ပထမဆုံး အကြိမ် ဖြစ်သည်။

Most read this week