ကေအိုင်အေ တပ်စခန်းငယ် တခုအား အစိုးရတပ် သိမ်းပိုက်

ကေအိုင်အေ တပ်စခန်းငယ် တခုအား အစိုးရတပ် သိမ်းပိုက်
by -
ကေအဲန်ဂျီ

ကချင်ပြည်နယ် ဗန်းမော်ခရိုင် အတွင်းရှိ ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်စခန်းတခုအား ဇန်နဝါရီလ ၃၁ ရက်နေ့က တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ ကေအိုင်အေက တပ်စခန်း လက်လွှတ်လိုက်ရပြီး တစ်ဦးကျဆုံးခဲ့ သည်ဟု ပြောသည်။

ဗန်းမော်ခရိုင် မိုးမောက်မြို့နယ် တပ်မဟာ (၃) ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်ရင်း ၁ ဒေသ ဒဂေါရွာရှိ ဒဂေါမဒါ (Dagaw Mada) စခန်းငယ်အား အစိုးရတပ်မှ ယမန်နေ့ ၃၁ ရက်နေ့ နံနက်တွင် ရုတ်တရက် ဝင်ရောက် သိမ်းပိုက်ခဲ့ခြင်း ဖြစ်ကြောင်း KIA တပ်ရင်း ၁ တပ်ရင်းမှူး ဗိုလ်မှူးဖေါ်ဂျန်ယော်ထုံ (Major Hpaujang Yaw Htung)က KNG ကချင်သတင်းဌာနသို့ပြောသည်။

ဗိုလ်မှူးဖေါ်ဂျန်ယော်ထုံက “၂ ယောက်ကျန်ခဲ့တာ ဒါမဲ့ သူကအဲဒီခြံ ကနေမထွက်နိုင်တော့ဘူးထင်တယ် ၁ ယောက်ကပြန်ရောက်လာပြီ သူတို့က အဲဒီမှာ တခါထဲပစ်လိုက်တယ်လို့ ဖုန်းကနေဒီမနက်မှသိရတာ”ဟု ပြောသည်။

ဒဂေါမဒါ (Dagaw Mada) စခန်းငယ်အား သိမ်းပိုက်သည့် အစိုးရတပ်သည် မန်စီတပ် ခမရ ခြေမြန်တပ်ရင်း ၃၁၉ စစ်ကြောင်းဖြစ်ပြီး ကေအိုင်အေဖက်မှ ဦးမခါမာယုံ (Slg Mahka Ma Yung) လက်နက် ၁ လက်နှင့် ကျဆုံးခဲ့ကြောင်း ပြောသည်။

ဇန်နဝါရီလနေ့ ၃၁ ရက် ညနေ ၃ နာရီခွဲချိန်တွင် မိုးမောက်မှ ခြေမြန်တပ်ရင်း ခမရ ၄၃၇ အင်အား ရ၀ ကျော်သည့် အစိုးရ စစ်ကြောင်း ၁ ကြောင်းနှင့် KIA တပ်ရင်း ၁ ကြား ဒဂေါရွာအနီး မန်ဆိုင်းရွာအောက် တွင်လည်း ထပ်မံတိုက်ပွဲများဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။

ထိုစစ်ကြောင်းသည် မန်ဆိုင်းရွာသို့ ဝင်လာချိန် KIA တပ်ရင်း ၁ မှ ခုခံတိုက်ခိုက်ခြင်းဖြစ်ပြီး မိနစ် ၂၀ ကြာဖြစ် ပွားသည်အထိ အစိုးရစစ်ကြောင်းသည် မန်ဆိုင်းရွာအောက်တွင်ရှိနေဆဲဖြစ်ကြောင်း သိရသည်။

“အစိုးရတပ်က တမင်ပြဿနာရှာတာ ကျနော်တို့ဘက်လာစရာအကြောင်းမရှိဘူး တမင်နှောင့်ယှက်နေတာ သူတို့ဘက်က ဆက်ပြီးတိုးချဲ့လာရင်တော့ တိုက်ပွဲကဖြစ်လာမှာပဲ ရွာမှာက လူတွေမရှိတော့ဘူး” ဟု KIA တပ်ရင်း ၁ တပ်ရင်းမှူး ဗိုလ်မှူးဖေါ်ဂျန်ယော်ထုံ (Major Hpaujang Yaw Htung) KNG ကချင်သတင်းဌာနသို့ပြောသည်။

ဆက်လက်ပြီး KIA တပ်ရင်း ၁၂ ဒေသတွင်လည်း တိုက်ပွဲများဆက်လက် ဖြစ်ပွားနေဆဲဖြစ်ပြီး ယနေ့ နံနက် ၁၀ နာရီချိန်မှ နမ်ခမ် (Nam Hkan) တွင် ပြင်းထန်တိုက်ပွဲ ဖြစ်ပွားနေဆဲဖြစ်ကြောင်းသိရှိရသည်။

Most read this week