ဘုရားဖူးကား တိမ်းမှောက်၍ လူ ၁၇ ဦးသေဆုံး ၃၇ ဦးဒဏ်ရာရ

ဘုရားဖူးကား တိမ်းမှောက်၍ လူ ၁၇ ဦးသေဆုံး ၃၇ ဦးဒဏ်ရာရ
ရန်ကုန်မှ ရခိုင်ပြည်နယ်သို့ လာရောက်သော ဘုရားဖူး ကားတစီး အမ်းမြို့အလွန်တွင် တိမ်းမှောက်သွားသဖြင့် လူ ၁၇ ဦးသေဆုံးပြီး ၃၇ ဦးဒဏ်ရာ ရရှိသွားသည်။ အမည််မဖေါ်လိုသူ အရာရှိတဦးမှ “ ၁၅ ဦးကို ပွဲချင်းပီး သေဆုံးပြီး ၂ ဦးက အမ်းဆေးရုံမှာ သေဆုံးသွား ...

ရန်ကုန်မှ ရခိုင်ပြည်နယ်သို့ လာရောက်သော ဘုရားဖူး ကားတစီး အမ်းမြို့အလွန်တွင် တိမ်းမှောက်သွားသဖြင့် လူ ၁၇ ဦးသေဆုံးပြီး ၃၇ ဦးဒဏ်ရာ ရရှိသွားသည်။

အမည််မဖေါ်လိုသူ အရာရှိတဦးမှ “ ၁၅ ဦးကို ပွဲချင်းပီး သေဆုံးပြီး ၂ ဦးက အမ်းဆေးရုံမှာ သေဆုံးသွားပါတယ်။ ၃၇ ဦးက ပြင်းပြင်း ထန်ထန် ဒဏ်ရာ ရရှိသွားပါတယ်” ဟု ပြောသည်။

အဆိုပါ သေဆုံးသွားသူများထဲတွင် မိန်းမကြီးများဖြစ်ပြီး မရမ်းကုန်းမြို့နယ်မှ များကြောင်း အဆိုပါ အရာရှိက ပြောသည်။

“ ကားက အမ်းအလွန် မဲတောင်အတက်မှာ ချော်ကျပြီး သောကြာနေ့ နေ့လည်က မှောက်သွားတာ ဖြစ်ပါတယ်။ ခု အလောင်းတွေကို အမ်းဆေးရုံကို ယူလာပြီး ဒဏ်ရာ ရသူတွေကိုလည်း အမ်းဆေးရုံမှာဘဲ တင်ထားပါတယ်။” ဟု သူက ဆက်ပြောသည်။

တခြား သတင်းရပ်ကွက် အဆိုအရ သေဆုံးသူမှာ ၂၃ ဦးရှိသွားပြီ ဖြစ်ပြီ အာဏာပိုင်များအနေဖြင့် သတင်းကို အမှောင်ချထားသည်ဟု ပြောသည်။

ရခိုင်ပြည်နယ်တွင်းရှိ စစ်တွေ ရန်ကုန်ကားလမ်းမှာ အထူး ယိုယွင်းပျက်စီးနေပြီး ပြုပြင်မူ မရှိသဖြင့် ကားများ မကြာခဏ တိမ်းမှောက်လေ့ရှိကြောင်း၊ သို့သော်လည်း ယခုကဲ့သို့ လူအများအပြား သေဆုံးမူ ယခင်က မရှိကြောင်း သိရသည်။

Most read this week