ကချင်နှင့် ရှမ်းမြောက်တွင် အစိုးရတပ်အင်အားဖြည့် တင်းမာမှုများဖြစ်ပေါ်

ကချင်နှင့် ရှမ်းမြောက်တွင် အစိုးရတပ်အင်အားဖြည့် တင်းမာမှုများဖြစ်ပေါ်
by -
ကေအဲန်ဂျီ

ကချင်ပြည်နယ်တောင်ပိုင်း၊ ဗန်းမော်ခရိုင်၊ မန်စီမြိုနယ်၌ ဇန်နဝါရီ ၁၅ ရက်နေ့ညက မြန်မာအစိုးရတပ်များ အင်အားဖြည့်ပြန်လည် လှုပ်ရှားလာသောကြောင့် နှစ်ဖက်တင်းမာမှုများ ဖြစ်ပေါ်နေကြောင်း ကချင်လွတ်လပ်ရေးတပ်မတော် (KIA)က ပြောသည်။

ရှမ်းပြည်နယ် မြောက်ပိုင်း KIA တပ်မဟာ (၄) ဒေသတွင်လည်း လားရှိှုးမှ အစိုးရတပ်သည် ၁၀၅ မိုင်ဂိတ်စခန်း သို့ ၂၂ ဘီးကား ၃ စင်းဖြင့် တိုးချဲ့လာကြောင်း တပ်မဟာ (၄) မှပြောသည်။

အစိုးရတပ်များသည် KIA တပ်မဟာ ၃ နယ်မြေ နမ့်လင်းပါအနီးသို့ ပြန်လည်လှုပ်ရှားလာပြီး ကချင်လွတ်လပ်ရေးတပ်မတော် တပ်ရင်း ၁၂ ရှိသောနေရာ၌ လမ်းဖယ်ပေးရန်နှင့် တွေ့သည်နေရာတွင်ပင် ပစ်ခတ်မည်ဟု ပြော ဆိုလှုပ်ရှားလာကြောင်း KIA တပ်ရင်း ၁၂ တပ်ရင်းမှူး ဗိုလ်မှူး လဘန်ဂျွန်းအောင် က ပြောသည်။

ဇန်နဝါရီလ ၆ ရက်နေ့တွင် KIA တပ်ရင်း ၁၂နှင့် အစိုးရတပ်ကြား မုုန်းဒိန်ပါရွာတွင် တိုက်ပွဲများဖြစ်ပွားပြီး နောက် တိုက်ပွဲများရပ်စဲနေရာမှ အစိုးရတပ်မှ ပြန်လည်လှုပ်ရှားလာခြင်းဖြစ်သည်။

အစိုးရတပ်သည် မုန်းဒိန်ပါရွာနှင့် နမ်လင်းပါရွာမှ တပ်ဆုတ်သော်လည်း KIA တပ်ရင်း ၁၂ ဒေသတွင် တပ်ရင်း ၅ ခု အစိုးရတပ် ခြေမြန်တပ်ရင်း (၆၀၁၊ ၆၀၂၊ ၄၃၈) ခြေလျင်တပ်ရင်း (၂၄၂၊ ၅၆) တပ်များလှုပ်ရှားနေပြီး စစ်အင်အား ရ၀၀ ကျော်ရှိနေဆဲဖြစ်ကြောင်း သိရသည်။

KIA နှင့် အစိုးရတို့ အပစ်အခတ်ရပ်စဲရေးအတွက် ဆွေးနွေးပွဲပြုလုပ်နေချိန်နှင့် တပြိုင်တည်းမှာပင် အစိုးရတပ်သည် KIA တပ်မဟာ (၄) ဗဟိုဌာနချုပ် တပ်မဟာ (၅) နှင့် တပ်မဟာ (၃) ဒေသအသီးသီးတွင် စစ်အင်အားများ တိုးချဲ့ချထားသည်။

KIA ဗဟိုဌာနချုပ်လိုင်ဇာအနီးရှိ ခလရ ၁၄၂ တပ်မှ အစိုးရစစ်အင်အား ၃၀၀ ခန့်သည် ဇန်နဝါရီလ ၁၅ ရက် မိုးမလင်းမီအချိန်တွင်လည်း လဂျားယန်ဘက်တို့ ခြေလျင်ဖြင့်စစ်အင်အားများတိုးချဲ့လာကြောင်း ရှေ့တန်း မျက်မြင် တွေ့ရှိသူများပြောသည်။

အလားတူဇန်နဝါရီလ ၁၆ ရက်နေ့ ၁၀ နာရီကျော်ချိန် မြစ်ကြီးနားဘက်မှ စစ်ကား ၃၀ ကျော်သည် ဘွမ်ပရာဘွမ်လမ်း KIA တပ်မဟာ (၁) နယ်မြေသို့ ထပ်မံတိုးချဲ့လာကြောင်းဒေသခံများထံမှ သိရသည်။

Most read this week