AASYC မှ ရခိုင်အမျိုးသမီး အမတ် ဒေါ်အေးသိန်းထံ ဝမ်းမြှောက်ကြောင်း သဝဏ်လွှာပို့

AASYC မှ ရခိုင်အမျိုးသမီး အမတ် ဒေါ်အေးသိန်းထံ ဝမ်းမြှောက်ကြောင်း သဝဏ်လွှာပို့
ထိုင်းနိုင်ငံတွင် အခြေစိုက်သော ရခိုင်ပြည်လုံးဆိိုင်ရာ ကျောင်းသားနှင့် လူငယ်များ အစည်းအရုံး (AASYC) မှ များမကြာမှီက ဘင်္ဂလာဒေချ့် နိုင်ငံတွင် လွှတ်တော် ကိုယ်စားလှယ် အဖြစ် ရွှေးချယ် တင်မြှောက်ခံရသူ ရခိုင် အမတ် ဒေါ်အေးသိန်းထံ ဝမ်းမြှောက်ကြောင်း သဝဏ်လွှာ ပေးပို့ခဲ့ ...

ထိုင်းနိုင်ငံတွင် အခြေစိုက်သော ရခိုင်ပြည်လုံးဆိိုင်ရာ ကျောင်းသားနှင့် လူငယ်များ အစည်းအရုံး (AASYC) မှ များမကြာမှီက ဘင်္ဂလာဒေချ့် နိုင်ငံတွင် လွှတ်တော် ကိုယ်စားလှယ် အဖြစ် ရွှေးချယ် တင်မြှောက်ခံရသူ ရခိုင် အမတ် ဒေါ်အေးသိန်းထံ ဝမ်းမြှောက်ကြောင်း သဝဏ်လွှာ ပေးပို့ခဲ့သည်။

အဆိုပါ ဝမ်းမြှောက်ကြောင်း သဝဏ်လွှာအား ဧပြီလ ၃ ရက်နေ့က အဆိုပါ အဖွဲ့၏ ဗဟို အလုပ်အမူဆောင်ကော်မီတီက ရေးသားပေးပို့ခဲ့ခြင်း ဖြစ်သည်။

သဝဏ်လွှာထဲတွင် “မိမိတို့ အနေဖြင့် ဒေါ်အေးသိန်းအား ဒုတ်ိယ အကြိမ်မြှောက် ရခိုင်လွှတ်တော် အမတ်အဖြစ် ရွှေးချယ်တင်မြှောက်ခြင်း ခံရသည်ကို ကြားသိရ၍ ဝမ်းမြှောက်ပါကြောင်း၊ ဘင်္ဂလာဒေချ့် နိုင်ငံရေး လောက ရခိုင်အမျိုးသမီး တဦး အနေဖြင့် အောင်မြင်မူများ ရနေသည်ကို သိရှိရသဖြင့် ဝမ်းမြှောက်ပါကြောင်း၊ သို့သော်လည်း မိမိတို့ မြန်မာနိုင်ငံတွင် ရခိုင်အမျိုးသမီး အများစုမှာ နိုင်ငံရေး ဦးဆောင်မူ အခန်းကဏ္ဍတွင် မပါရှိဘဲ ဖြစ်နေသဖြင့် မိမိတို့ အနေဖြင့် ဝမ်းနည်း ရပါကြောင်း” ဖေါ်ပြထားသည်။

၎င်းပြင် အဆိုပါ သဝဏ်လွှာတွင် “ မြန်မာနိုင်ငံတွင် တိုင်းရင်းသား လူမျိုးများ အနေဖြင့် တန်းတူရေးနှင့် လူ့အခွင့်အရေး မရရှိသည့် အပြင် ဒီမိုကရေစီ အခွင့်အရေးများ ဆုံးရှံုးနေသော်လည်း ဘင်္ဂလာဒေချ့် နိုင်ငံတွင် လူနည်းစုများနှင့် အမျိုးသမီးများ တန်းတူ အခွင့်အရေးများ ရရှိနေ၍ ဝမ်းမြှောက်ပါကြောင်း” ရေးသားဖေါ်ပြထားသည်။

နိဂုံးချုပ် အနေဖြင့် “မိမိတို့ အနေဖြင့် ရခိုင်အမျိုးသားတို့ အခြေအနေများ တိုးတက် ကောင်းမွန်လာစေရန် ရခိုင်အမျိုးသမီး ခေါင်းဆောင် တဦး အနေဖြင့် ယခင်ကကဲ့သို့ ကူညီပံ့ပိုးမူများအား လုပ်ဆောင်နိုင်ပါလိမ့်မည်ဟု မျှော်လင့်ပါကြောင်း” ရေးသား ဖေါ်ပြသည်။

ရခိုင်ပြည်လုံးဆိုင်ရာ ကျောင်းသားနှင့် လူငယ်များ အစည်းအရုံးမှာ ရခိုင်ကျောင်းသားနှင့် လူငယ်များကို အခြေခံပြီး ဖွဲ့စည်းထားသော နိုင်ငံရေး အဖွဲ့အစည်း တခုဖြစ်ပြီး ရခိုင်လူမျိုးများ အနေဖြင့် ကိုယ်ကံကြမ္မာ ကိုယ်ဖန်တီးခွင့်ရရှိရေးအတွက် တိုက်ပွဲဝင်နေသော အဖွဲ့အစည်း တခုဖြစ်သည်။

ရခိုင် နိုင်ငံရေး အဖွဲ့အစည်းများ အနေဖြင့် နာရေး သဝဏ်လွှားများမှ အပ အဖွဲ့ အစည်း တခုနှင့် တခုကြား၊ ခေါင်းဆောင် တဦးနှင့် တဦး အကြား၊ လူပုဂ္ဂိုလ် တဦးနှင့် တဦးအကြား ယခုကဲ့သို့ အောင်မြင်မူ ရရှိခြင်း အပေါ် ဝမ်းမြှောက်ကြောင်း သဝဏ်လွှာများပေးပို့၍ ယခင်က ချီးကျူး ဂုဏ်ပြုလေ့ မရှိခဲ့သဖြင့် ယခု အေအေအက်ဝိုင်စီ၏ လုပ်ရပ်အပေါ် အများက ချီးကျူးလေးစားနေကြသည်ဟု သိရှိရပါသည်။

Most read this week