ကချင်ဒုက္ခသည် စခန်း ၄ ခုသို့ ကုလအကူအညီများရောက်ရှိ

ကချင်ဒုက္ခသည် စခန်း ၄ ခုသို့ ကုလအကူအညီများရောက်ရှိ
by -
ကေအဲန်ဂျီ

ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ဗဟိုဌာနချုပ် လိုင်ဇာနယ်မြေအတွင်းရှိ ဒုက္ခသည် စခန်း ၄ ခုသို့ ဆား၊ ပဲအမျိုးမျိုးနှင့် အဟာရမှုန့်များကို ဇန်နဝါရီ ၁၃ ရက်နေ့တွင် ကုလသမဂ္ဂ အကူအညီပေးရေး အဖွဲ့များက လာရောက်ပို့ဆောင်ခဲ့ကြောင်း စခန်း တာဝန်ခံများက ပြောသည်။

အဆိုပါကုလသမဂ္ဂ (UN) အကူအညီပေးရေးအဖွဲ့သည် လိုင်ဇာသို့ ကုလသမဂ္ဂ (UN) ယာဉ် ရ စီးဖြင့် ဂျေယန့်ဒုက္ခသည်စခန်းသို့ ရောက်ရှိလာခြင်းဖြစ်ကြောင်း ဂျေယန့် ဒုက္ခသည်ကော်မတီအတွင်းရေးမှူး ဆလန်လဘန်နော်ဂျာက KNG ကချင်သတင်းဌာန သို့ပြောသည်။

aid to kachin refugee

ဆလန်လဘန်နော်ဂျာက “ပစ္စည်းတွေကိုတော့ သန်ဘက်ခါမှ ဝေမယ်။ ကျနော်တို့ ဒုက္ခသည်စခန်းတွေကို ဆက်လက် ကူညီမှုတွေ ပေးမယ်လို့ပြောလို့ စိတ်ချမ်းသာတယ် ကျနော်တို့ အရမ်းပျော်ပါတယ်” ဟု ပြောသည်။

ကုလသမဂ္ဂ အဖွဲ့အစည်းများ၏ အကူအညီတွင် အဓိက ရိက္ခာဖြစ်သည့် ဆန်မပါ၀င်သော်လည်း ဒုက္ခသည်များ အတွက် လိုအပ်သော ဆန်၊ ဆီနှင့် တလလျှင်ဟင်းဖိုး ၆၀၀၀ ကို ဗန်းမော်ရှိ ‘ဂရုဏာ’ ရိုမင်ကက် သလစ် လူမှုရေးအကူညီပေးအဖွဲ့က မတ်လအထိ ကူညီမည်ဖြစ်ကြောင်းသိရသည်။

ယခုအခါ စခန်းများတွင် ထင်းနှင့် သောက်သုံးရေများခက်ခဲမှုကြောင့် အိမ်သာအချို့ ပိတ်ထားရခြင်း ပြည့်သွားသည့် အိမ်သာများနှင့် ခက်ခဲမှုများဆိုင်ရင်နေရကြောင်း သိရသည်။

လာမည့်ဖေဖော်ဝါရီလတွင် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR)က ဒုက္ခသည် နေအိမ်များကို ပြန်လည်တည်ဆောက်ပေးမည်ဟုသိရှိရပြီး လိုင်ဇာ စျေးအမှတ် (၃) ဒုက္ခသည်များ အိမ်ခြေ ၁၂၀ ကို ဂျေယန့်စခန်းသို့ ပြောင်းရွှေ့မည်ဖြစ်ကြောင်း သိရသည်။

အလားတူ UNDP အဖွဲ့မှလည်း မြေကြီးဖြင့်ပြုလုပ်ထားသော မီးဖိုကိုလည်း ယခုအပတ်တွင် ဂျေယန့် ဒုက္ခသည်စခန်းသို့ ကူညီပေးမည်ဖြစ်ကြောင်းသိရသည်။

လိုင်ဇာဗဟိုဌာနချုပ်အတွင်းရှိ ဒုက္ခသည်စခန်း ၄ ခုအနက် ဂျေယန့် (Je Yang) ဒုက္ခသည်စခန်းတွင် ဒုက္ခသည်ပေါင်း ၈၂၇၂ ရှိသည့် လူဦးရေ အများဆုံး စခန်းဖြစ်သည်။

၂၀၁၁ ခုနှစ် ဇွန်လ တိုက်ပွဲများ ဖြစ်ပွားချိန်မှစ၍ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ဌာနချုပ် နယ်မြေအတွင်းရှိ ဒုက္ခသည် စခန်းများသို့ ကုလသမဂ္ဂ ကူညီထောက်ပံ့မှုများ တတိယ အကြိမ် ရောက်ရှိခြင်း ဖြစ်သည်။

ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ် မြောက်ပိုင်း တိုက်ပွဲများကြောင့် အိုးအိမ်စွန့်ခွာခဲ့ရပြီး ဒုက္ခသည်များ အဖြစ် ရောက်ရှိနေသူပေါင်း ရ သောင်းကျော် ရှိကြောင်း ကယ်ဆယ်ရေး အဖွဲ့များက ပြောသည်။

Most read this week