သင်းထောက်ဆရာအားထိုးကြိတ်မှုအတွက် လယ်ယာသိမ်းပြည်သူ့စစ်တောင်းပန်

သင်းထောက်ဆရာအားထိုးကြိတ်မှုအတွက် လယ်ယာသိမ်းပြည်သူ့စစ်တောင်းပန်
by -
ကေအဲန်ဂျီ

ကချင်ခရစ်ယာန် သင်းထောက်ဆရာတစ်ဦး လယ်ယာသိမ်းပိုက်ခံရကြောင်း သတင်းများမီဒီယာတွင် ထွက်ပေါ်လာပြီးနောက် ပြည်သူ့စစ်တပ်ဖွဲ့က သင်းထောက်ဆရာအား ပြန်လည်တောင်းပန်ခဲ့သော်လည်း လယ်ယာမြေများကိုမူ ပြန်လည် ပေးအပ်ခြင်း မရှိသေးကြောင်း လယ်သိမ်းခံရသည့် သင်းထောက်ဆရာက KNG ကချင်သတင်းဌာနကို ပြောသည်။

လဆန်အောင်ဝါ ဦးဆောင်သည့် ပြည်သူ့စစ်အဖွဲ့မှာ ဗိုလ်ကြီးတဦးက သင်းထောက်ဆရာ လဆန်လရော် (Hpungtau Lasan La Raw) ၏ လယ်ယာမြေကို သိမ်းယူသည့် သတင်းကို RFA ကချင် အစီအစဉ်က လွှင့်ထုတ်ပြီးနောက်ပိုင်း ဇန္နဝါရီ ၈ ရက်နေ့က ပြည်သူ့စစ်အဖွဲ့က ကိုယ်စားလှယ်လွှတ်၍ တောင်းပန်ခဲ့ခြင်း ဖြစ်သည်။

လဆန်အောင်ဝါ ပြည်သူ့စစ်တပ်ဖွဲ့ ကိုယ်စား ဦးပဒိပ် ဂမ်အောင် (Padip Gam Awng) သည် သေးဝိုင်ငါဂျက်ယန်ရွာ (Te Wai Nga Jat Yang) ရှိ သင်းအုပ်ဆရာများ ကိုခေါ်ပြီး တောင်းပန်ခဲ့သော်လည်း လယ်ယာမြေများကို ယခုချိန်အထိ ပြန်လည် ပေးအပ်ခြင်း မရှိသေးကြောင်းလည်း သင်းထောက်ဆရာ လဆန်လရော်က ပြောပြသည်။

ဦးပဒိပ်ဂမ်အောင်သည် ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် (KBC) အသင်းတော်မှ သင်းအုပ်ဆရာ ဇော်ဂျာ၊ သင်းအုပ်ဆရာ မုန်ရာနှင့် သင်းထောက် ၅ ယောက်အား ခေါ်ကာ လယ်ယာသိမ်းခံရသော သင်းထောက် ဦးလဆန်လရော်အား တောင်းပန်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

ဦးပဒိပ်ဂမ်အောင်မှ ယခုလိုအချင်းချင်း အပြစ်မမြင်ရန် သိမ်းခံရသောလယ်မြေများကို ပြန်ပေးမည်ဖြစ် ကြောင်း ဗိုလ်ကြီးဂမ်ဘား ကိုလည်း အခြားဒေသသို့ပို့မည်ဖြစ်ကြောင်း တောင်းပန်ပြောဆိုသော်လည်း သိမ်းဆည်းထားသည့် လယ်ယာမြေတွင် ရွှေတူးဖော်မှုများ ဆက်လက်လုပ်ဆောင်နေဆဲ ဖြစ်သည်။

“ဒီလိုမျိုးသူတို့ကလာပြီးတော့ တောင်းပန်တယ် ပြီးတော့မှ သူတို့သိမ်းထားတဲ့ လယ်ယာမြေကို ပြန်ပေးမယ် လို့ ပြောပေမယ့်လို့ သူတို့ရောင်းလိုက်တဲ့လူက ဒီလိုပဲတူးစားနေတုန်းဘဲ ဘာမှလက်တွေ့လုပ်ဆောင်ပေးတာ မရှိဘူး ဒါဘယ်မဲ့ သတင်းဌာနမှာတော့ ကြေအေးပြီဆိုတဲ့အကြောင်းကို အကြောင်းကြားပေးပါဆိုပြီးမှ ကျနော်ကို ပြန်ခေါ်ပြီးပြောတယ်” ဟု ငါဂျက်ယန်ရွာမှ သင်းအုပ်ဆရာဇော်ဂျာ KNG ကချင်သတင်းဌာန သို့ပြောသည်။

လယ်ယာမြေသိမ်းယူပြီး သင်းထောက်ဆရာအား ကိုယ်ထိလက်ရောက် ထိုးကြိတ်ရိုက်နှက်ခဲ့သည့် ဗိုလ်ကြီးဂမ်ဘားမှာ ကျေးရွာအတွင်း လှည့်လည် သွားလာနေဆဲဖြစ်ကြောင်း သိရသည်။

Most read this week