ရှမ်းပြည်မြောက်ပိုင်းတွင် တိုက်ပွဲများ ဆက်လက် ဖြစ်ပွား

ရှမ်းပြည်မြောက်ပိုင်းတွင် တိုက်ပွဲများ ဆက်လက် ဖြစ်ပွား
by -
ကေအဲန်ဂျီ

ရှမ်းပြည်နယ် မြောက်ပိုင်းတွင် တိုင်းရင်းသား တပ်ဖွဲ့များနှင့် မြန်မာအစိုးရ တပ်များ အကြား တိုက်ပွဲများ ဆက်လက် ဖြစ်ပွားလျက်ရှိကြောင်း ကချင်လွတ်လပ်ရေးတပ်မတော် (KIA) တပ်မှူးများက ပြောသည်။

ဇန္နဝါရီလ ၄ ရက်နေ့ မနက်ပိုင်းက ကချင်လွတ်လပ်ရေးတပ်မတော် (KIA)၊ တအောင်းဝ် အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) နှင့် ပြည်သူ့ စစ်များ ပူးပေါင်းထားသော တပ်ပေါင်းစု တပ်ဖွဲ့သည် မြန်မာအစိုးရ တပ်ဖွဲ့ အင်အား ၁၅၀ ကျော်နှင့် နှစ်နာရီကြာ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း KIA က ပြောသည်။

လိုင်ဇာ ဌာနချုပ်ရှိ KIA တပ်ဖွဲ့

မြန်မာအစိုးရ ခြေမြန်တပ်ရင်း ၅၀၆ နှင့် ၅၀၄ ပူးပေါင်းစစ်ကြောင်းသည် KIA တပ်မဟာ ၄ နယ်မြေအတွင်း လှုပ်ရှားလာရာမှ တိုက်ပွဲဖြစ်ပွားခဲ့ပြီး အစိုးရ တပ်ဖက်မှ ၄ ယောက်ကျဆုံးပြီး ၆ ဦးဒဏ်ရာရရှိခဲ့ကြောင်း KIA က ပြောသည်။

ကချင်လွတ်လပ်ရေးတပ်မတော် (KIA) တပ်ရင်း ၃၄ နမ်ဆန်မြို့နယ် ပန်စရီ (Pang Shari)နှင့် မြို့သစ်ကြားရှိ လွယ်လမ်ဘွမ်တွင် ဇန်နဝါရီလ ၄ ရက်နေ့ ညနေ ၃ နာရီချိန်မှ ၅ နာရီချိန်ထိ အစိုးရတပ်နှင့် KIA တပ်ပေါင်းစုတို့ ပြင်းထန်စွာ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း KIA မှပြောသည်။

အစိုးရတပ်များသည် နမ့်ဆန်ဖက်မှ KIA တပ်ရင်း ၃၄ နယ်မြေအတွင်း ၀င်ရောက်လှုပ်ရှားလာသောကြောင့် တိုက်ပွဲဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း KIA က ပြောသည်။

တချိန်တည်းမှာပင် ရှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် တာမိုးညဲမြို့နယ်ခွဲ KIA တပ်ရင်း ၂ ဒေသတွင် ၄ ရက်နေ့ နေ့လည်ချိန်တွင် နမ်ဂျန်ဘက်မှ တိုးချဲ့လာသော စစ်ကြောင်းနှင့် KIA တပ်ရင်း ၂ ပြည်သူ့စစ်တပ်ဖွဲ့ကြား တိုက်ပွဲများ ဖြစ်ပွားခဲ့သည်။

အစိုးရတပ် ခြေလျင်တပ်ရင်း ခလရ ၂၉၀ စစ်အင်အား ၆၀ ကျော်ရှိသည့် စစ်ကြောင်းဖြစ်ပြီး မုန်းပေါနှင့် ပန်ဒုံကြားတွင် နာရီဝက်ကျော် ပစ်ခတ်တိုက်ခိုက်ရာ အစိုးရတပ်မှ ၂ ဦးကျဆုံးပြီး ၂ ဒဏ်ရာရရှိ ကြောင်း KIA က ပြောသည်။

ကျဆုံး ၂ ဦးကို ၎င်းနေရာတွင် မြိုပ်နှံခဲ့ပြီး ဒဏ်ရာရသူ ၂ ဦးကို နမ်ဂျွန်ဘက်သို့ သယ်ပြီး နောက်ဆုတ်သွား ကြောင်း မျက်မြင်များပြောသည်။

အစိုးရတပ်များလှုပ်ရှားလာခြင်းကြောင့် KIA တပ်မဟာ (၄) ဒေသတွင် တိုက်ပွဲများဖြစ်ပွားနေရခြင်း ဖြစ်ကြောင်း KIA က ပြောသည်။

Most read this week