တရုတ်က မြန်မာကလေးအလောင်းကို ငွေဖြင့် ရွေးခိုင်း၍ မိသားစု ဒုက္ခတွေ့

တရုတ်က မြန်မာကလေးအလောင်းကို ငွေဖြင့် ရွေးခိုင်း၍ မိသားစု ဒုက္ခတွေ့
တရုတ်နယ်စပ်မြို့တွင် ပြန်လည်တွေ့ရှိခဲ့သည့် မြန်မာကလေးငယ် ရုပ်အလောင်းကို တရုတ်ဆေးရုံက မြန််မာငွေ နှစ်သိန်းကျော်နှင့် ရွေးမှ ထုတ်ပေးမည်ဟု ပြောသည်။ မူဆယ်မြို့တဖက်ကမ်း ကျယ်ဂေါင်မြို့တွင် အသက်ရှစ်လသားအရွယ်ကလေးနှင့် အတူ  ပျောက်ဆုံးခဲ့ ...

တရုတ်နယ်စပ်မြို့တွင် ပြန်လည်တွေ့ရှိခဲ့သည့် မြန်မာကလေးငယ် ရုပ်အလောင်းကို တရုတ်ဆေးရုံက မြန််မာငွေ နှစ်သိန်းကျော်နှင့် ရွေးမှ ထုတ်ပေးမည်ဟု ပြောသည်။

မူဆယ်မြို့တဖက်ကမ်း ကျယ်ဂေါင်မြို့တွင် အသက်ရှစ်လသားအရွယ်ကလေးနှင့် အတူ  ပျောက်ဆုံးခဲ့သော အသက် ရှစ်နှစ်အရွယ် ကလေးအလောင်းကို မတ်လ(၃ဝ) ရက်နေ့က ရွှေလီ-ကျယ်ဂေါင် မြစ်ကူးတံတား အဟောင်း၏ အောက်ခြေတိုင် အုတ်ပုံတွင် ပြန်လည် တွေ့ရှိခဲ့သော်လည်း မိဘများက ၎င်းတို့၏ ကလေး အလောင်းကို ထုတ်ယူ သင်္ဂြီုလ်ခွင့် မရခြင်း ဖြစ်သည်။

ကလေး၏အလောင်း တရုတ်ပြည်၊ ရွှေလီဆေးရုံတွင် ထားရှိပြီး အလောင်း ထုတ်ယူရန် အတွက်  တရုတ်ငွေ (၁၇၈၂)ယွမ်( မြန်မာငွေ နှစ်သိန်းခုနှစ်သောင်းကျော်)အား ဆေးရုံသို့ မပေးနိုင်သဖြင့် မိဘများက ကလေး အလောင်းကို ထုတ်ယူရန် အခက်ခဲဖြစ်နေသည်ဟု ကလေးမိဘများနှင့် နီးစပ်သူတဦးက ပြောသည်။

“ကလေးလေး အလောင်းကို ထုတ်ဖို့ အဲဒီငွေ တစ်ထောင့်ခုနှစ်ရာကျော်ကြီးကို မတတ်နိုင်ဘူး။ ဘယ်တတ်နိုင်မလဲ။ ဆင်းရဲလို့ပဲ ဘူးခွံကောက်စားနေတဲ့ဟာတွေကို ဒီလို ငွေတောင်းနေတာဆိုတော့ အခက်ခဲဖြစ်နေတာပေါ့၊ အခု ဒီဘက်မှာရှိတဲ့ သူတွေကို အကူအညီလိုက်တောင်းနေရတယ်။ ”

ကလေး၏ ဖခင် ဦးဝင်းဦးသည် ယခင်က စည်ပင်သာယာအလုပ်သမားအဖြစ် ဝင်လုပ်ဖူး သဖြင့် မူဆယ်စည်ပင် သာယာဌာနက သင်္ဂြီုလ်ပေးမည်ဟု ပြောသော်လည်း တရုတ်ဘက် ကမ်းတွင် အလောင်းရွေးထုတ်ရန်ကိုမူ ငွေ မပေးနိုင်ကြောင်း၊ မူဆယ်ရဲဌာနက ထောက်ခံစာ သာ ရေးပေးပြီး လိုက်လံပြောဆိုမှု မရှိသဖြင့် ဒုက္ခဖြစ်နေရ သည်ဟု အဆိုပါ မူဆယ်မြို့ခံက ပြောသည်။

“နှစ်နိုင်ငံ ရဲအချင်းချင်း ညှိနှိုင်းပြီး ထုတ်ရင် ရတဲ့ကိစ္စဗျာ။ အခု တရုတ်ရဲက ဆေးရုံပို့ လိုက်တယ်။ ဆေးရုံရောက်တော့ အလောင်းထိန်းသိမ်းထားခ နေမှာပေါ့၊ ဆေးရုံက ငွေတောင်းနေတယ်။ ရဲကတော့ ဆေးရုံမှာ သွားယူဆိုပြီး ပြောတယ်။ ဟိုမှာရောက်တော့ ငွေတောင်းနေတယ်ဆိုတော့ ခက်ကုန်တာ ပေါ့။ မူဆယ်ဘက်ပြန်ပြေးပြီး အခုကိစ္စပြောတော့ ထောက်ခံစာဘဲ ပေးလိုက်တယ်။ ဘာမှ လိုက်မလုပ် ပေးဘူး။ ”

မတ်လ(၂၇)ရက်နေ့က မူဆယ်မြို့တဖက်ကမ်း၊ ကျယ်ဂေါင်မြို့တွင် ရှစ်လသား အရွယ် ကလေးအား ကျောပိုးပြီး ပလပ်စတစ်ဘူးခွံများ လာရောက်ကောက်နေသည့် ဆယ်နှစ် အရွယ် ကလေးအား လူမှောင်ခိုသမားများက ဖမ်းဆီးခေါ်ဆောင်သွားပြီး တရုတ်စကား တတ်ကာ လည်လည်ဝယ်ဝယ်ရှိသည့် အဆိုပါ ဆယ်နှစ်အရွယ် ယောကျားလေးအား သတ်ပစ်ခဲ့ပြီး အတူူပျောက်ဆုံးသွားသည့် ရှစ်လသား ကလေးကိုမူ ယနေ့အချိန်အထိ ရှာ၍မတွေ့သေးပေ။

Most read this week