မောင်တောမှ အိမ်တချို့ကို အတင်းပြောင်းရွှေ့ခိုင်း

မောင်တောမှ အိမ်တချို့ကို အတင်းပြောင်းရွှေ့ခိုင်း
by -
မင်းးဆက်ခိုင်
ရခိုင်ပြည်နယ် မောင်တောမြို့နယ် ကညင်ချောင်း ကျေးရွာမှ အိမ်တချို့ကို စစ်တပ်မှ ပြောင်းရွှေ့ရန် များမကြာမှီက အမိ်န့် ထုတ်ပြန်လိုက်သည်ဟု ရွာသား တဦးက ပြောသည်။ “ပြောင်းရွှေ့ဖို့ အမိ်န့်ထုတ်ရတဲ့ အကြောင်းက ကျနော်တို့ ကျေးရွာက အိမ်သုံးဆောင်ဟာ စစ်တပ်က ...

ရခိုင်ပြည်နယ် မောင်တောမြို့နယ် ကညင်ချောင်း ကျေးရွာမှ အိမ်တချို့ကို စစ်တပ်မှ ပြောင်းရွှေ့ရန် များမကြာမှီက အမိ်န့် ထုတ်ပြန်လိုက်သည်ဟု ရွာသား တဦးက ပြောသည်။

“ပြောင်းရွှေ့ဖို့ အမိ်န့်ထုတ်ရတဲ့ အကြောင်းက ကျနော်တို့ ကျေးရွာက အိမ်သုံးဆောင်ဟာ စစ်တပ်က ကုန်ပစ္စည်းတွေ သိုလှောင်ထားတဲ့ ဂိုဒေါင်တွေနဲ့ နီးတဲ့အတွက် အတင်းပြောင်းရွှေ့ခိုင်းတာပါ။” ဟု ပြောသည်။

အဆိုပါ ဂိုဒေါင်များအား ယခင်က အသုံးမပြုဘဲ ပစ်ထားခဲ့သော်လည်း ယခုအခါ အဆိုပါ ဂိုဒေါင်များ အပြင် မြေလွတ်နေရာများတွင် ခြံစည်းရိုးကာရံမည့် ဘားဝါယာများနှင့် ဘိလပ်မြေအိ်တ်များအား စစ်တပ်မှ သိုလှောင်ထားသည်။

သူက ဆက်လက်ပြီး “သူတို့က အဲဒီ ပစ္စည်းတွေ သိုလှောင်ထားတဲ့ နေရာ အနီးတဝိုက်မှာ ကျနော်တို့ကို ပေးမနေချင်ဘူး။ အဲဒီတော့ တနေရာကို ထွက်သွားကြပါ။ ကြိုက်တဲ့ နေရာသွားပါတဲ့။ ဒီမှာတော့ ဆက်နေလို့ မရဘူးလို့ ပြောပါတယ်။” ဟု ပြောသည်။

ပြောင်းရွှေ့ရန် အမိန့် ထုတ်ထားခံရသော မိသားစု သုံးစုမှာ ဒေါ်တိုက်မူမိသားစု၊ ဦးစိန်လှမိသားစုနှင့် ဦးဇော်ချေမိသားစု တို့ဖြစ်သည်။

အဆိုပါ ကျေးရွာတွင် သူတို့ အနေဖြင့် ဘ်ိုးစဉ် ဘောင်ဆက် နေထိုင်လာခဲ့သည်ဟု သိရသည်။

ယခုကဲ့သို့ နှင်ထုတ်ခံရသဖြင့် အဆိုပါ မိသားစု သုံးစုမှာ မည်သည့် အရပ်ဒေသသို့ ပြောင်းရွှေ့ရမည် မသ်ိသေးဘဲ ဖြစ်နေကြဟု သူက ပြောသည်။

“ပြောင်းမယ့်နေရာ မရှိသေးတော့ သူတို့က တော်တော် စိတ်မကောင်း ဖြစ်နေကြပါတယ်။ ကျနော်တို့ ကညင်ချောင်း ကျေးရွာမှာ အိမ် ၆ ဆောင်ဘဲရှိပါတယ်။ အဲဒီအထဲက သုံးဆောင်ကို ပြောင်းခိုင်းတော့ ကျန်တဲ့အိမ်တွေလည်း အထူးစိတ်မကောင်း ဖြစ်နေကြရပါတယ်။” ဟု ပြောသည်။

ယခုအိမ်ပြောင်းရွှေ့မူမှာ ခြံစည်းရိုး စီမံကိန်း ပြုလုပ်ပီး နောက်ပိုင်း ပထမဆုံး ဖြစ်သည်။

Most read this week