နယ်စပ် ခြံစည်းရိုး ကာရန်မည့် ပစ္စည်းအမြောက်အများ သဘောင်္ကြီးများဖြင့် မောင်တောမြို့သို့ ရောက်ရှိ

နယ်စပ် ခြံစည်းရိုး ကာရန်မည့် ပစ္စည်းအမြောက်အများ သဘောင်္ကြီးများဖြင့် မောင်တောမြို့သို့ ရောက်ရှိ
by -
မင်းဆက်ခိုင်
ဘင်္ဂလာနှင့် ဆက်စပ်နေသော မြန်မာနိုင်ငံနယ်စပ် တလျှောက်လုံးကို ခြံစည်းရိုးကာရန်အတွက် ဘားဝါယာများ၊ ဘိလပ်မြေ အိပ်များနှင့် တခြား ပစ္စည်း အမြောက်အများ မောင်တောမြို့တွင် ရောက်ရှိနေကြောင်း မြို့ခံ တဦးအပြောအရ သိရှိရ ...

(နိရဥ္စရာ) ဘင်္ဂလာနှင့် ဆက်စပ်နေသော မြန်မာနိုင်ငံနယ်စပ် တလျှောက်လုံးကို ခြံစည်းရိုးကာရန်အတွက် ဘားဝါယာများ၊ ဘိလပ်မြေ အိပ်များနှင့် တခြား ပစ္စည်း အမြောက်အများ မောင်တောမြို့တွင် ရောက်ရှိနေကြောင်း မြို့ခံ တဦးအပြောအရ သိရှိရသည်။

“လွန်ခဲ့တဲ့ ၅ရက်လောက်က မောင်တောမြို့နယ် ကမ်းညင်ချောင်းဆိပ်ကမ်းကို သင်္ဘော ၄စင်း ၅စင်းဝင်လာပြီး အဲဒီဆိပ်ကမ်းမှာ ဘားဝါယာကြိုးတွေ၊ သံချောင်းတွေနဲ့ တခြားပစ္စည်း တွေ ထားခဲ့ပြီးတော့ မောင်တောမြို့ တပ်ချောင်းထဲကိုဝင်လာပြီးတော့ ပိတ်ထားပြီး ဖြစ်တဲ့ မောင်တောမြို့ ဆန်စက်ကြီးထဲကို ဘိလပ်မြေအိမ်တွေ လာပြောင်းနေတာကို တွေ့ရပါတယ်။” ဟုပြောသည်။

အဆိုပါ မောင်တောမြို့ရှိ ဆန်စက်ကြီးသို့ ဆိပ်ကပ် လာသော သင်္ဘောမှာ ပုလဲရွှေစင်သင်္ဘောဖြစ်ပြီး ရန်ကုန်မှ လာသည်ဟု သိရသည်။

မောင်တောမြို့သို့ ပစ္စည်းများ တင်ဆောင်လာသော သင်္ဘောများမှာ ရန်ကုန်မှ လာသော သင်္ဘောကြီးများ ဖြစ်သည်ဟု သူကဆက်ပြောသည်။

နယ်စပ် နစကစခန်းများတွင် တိုးချဲ့ချထားသော လုံခြံုရေး တပ်ဖွဲ့ဝင်များကိုမူ လျော့ချလိုက်ပြီဟု နယ်စပ် သတင်းရပ်ကွက်က ဖေါ်ပြသည်။
 

Most read this week