KDP ကချင်ဒီမိုကရက်တစ်ပါတီအား ပါတီတည်ထောင်ခွင့်ပြု

KDP ကချင်ဒီမိုကရက်တစ်ပါတီအား ပါတီတည်ထောင်ခွင့်ပြု
by -
ကေအဲန်ဂျီ

ကချင်ပြည်နယ် မြစ်ကြီးနားမြို့ ဦးဂွမ်ဂရောင်အောင်ခမ်း (Salang Gumgrawng Awng Hkam) ဦးဆောင်သော ကချင်ဒီမိုကရက်တစ်ပါတီ (Kachin Democratic Party) ပါတီကို နေပြည်တော်ရွေးကောက် ပွဲ ကော်မရှင်မှ ယမန်နေ့တွင် တရားဝင်ပါတီ တည်ထောင်ခွင့်ပေးလိုက်ကြောင်း သိရသည်။

ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် ရွေးကောက်ပွဲကော်မရှင် နေပြည်တော်ရုံးမှ နိုဝင်ဘာ ၂၉ ရက်စွဲဖြင့် ဦးဂွမ်ဂရောင်အောင်ခမ်း (Salang Gumgrawng Awng Hkam) အား ကချင်ဒီမိုကရက်တစ်ပါတီ တည်ထောင်ခွင့်ပြုရန် လျှေက်ထားချက်ကို ခွင့်ပြုလိုက်သည်ဟု အကြောင်းပြန်ကြားခဲ့ခြင်းဖြစ်သည်။

၄င်းကို  ရန်ကုန်မြို့ရှိ ကချင်ဒီမိုကရေတစ်ပါတီအဖွဲ့ဝင် ၁ ဦးဖြစ်သူ ဆလန်ဇော်ဘန် (Salang Zau Ban) အား ယနေ့ နံနက် အကြောင်းကြားခဲ့ခြင်းဖြစ်ပြီး အတွင်းရေးမှူးကိုယ်စား ဇေယျာဇော် ဒုတိယညွှန်ကြားရေးမှူးချုပ် မှ ပေးပို့သော ၎င်းပါတီနှင့် ပတ်သက်သောအချက် (၄) ချက်ကို မြစ်ကြီးနားတွင် လက်ခံရရှိခဲ့သည်ဟု ဦးဂွမ်ဂရောင် အောင်ခမ်းက KNG ကချင်သတင်းဌာန သို့ပြောသည်။

“ကချင်ပြည်သူလူထုအတွက် ခိုင်မာစွာရပ်တည်ရန်ဖြစ်ပြီး၊ ကချင်ပြည်သူလူထုများ၏ အကျိုးနှင့် ကချင်ပြည် သူလူထုနှင့် အတူလက်တွဲ လုပ်ဆောင်သွားမယ့်ပါတီ ဖြစ်ကြောင်း” ဟု ဦးဂွမ်ဂရောင်အောင်ခမ်းကပြော သည်။

ပါတီတည်ထောင်ခွင့်ရရှိသောကြောင့် ၀မ်းမြောက်ကြောင်းနှင့် ကချင်ဒီမိုကရက်တစ်ပါတီအနေဖြင့် ၂၀၁၄ ဇွန်လနောက်ပိုင်းမှ စည်းရုံးရေးများပြုလုပ်ရန် စီစဉ်ထားကြောင်းသိရသည်။

ယခုလအတွင်း ပါတီ ဖွဲ့စည်းပုံများနှင့် ပါတီ အမှတ်တံဆိပ် များကိုပြုလုပ်ကာ ၁ လအတွင်း ပါတီခေါင်းဆောင် နှင့် ဒုခေါင်းဆောင်တစ်ဦး နေပြည်တော်ရွေးကောက်ပွဲကော်မရှင်ထံသို့ ထပ်မံတင်ပြလျှောက်ထားမည်ဖြစ် ကြောင်း သိရသည်။

ကချင်ဒီမိုကရေတစ်ပါတီ (Kachin Democratic Party) ပါတီတည်ထောင်ခွင့်ရရန် ၂၀၁၃ ခုနှစ်၊ စက်တင်ဘာလ ၄ နေ့ရက် တွင် နေပြည်တော်ရွေးကောက်ပွဲကော်မရှင်သို့ လျှောက်ထားခဲ့ခြင်းဖြစ် ခဲ့ခြင်းဖြစ်သည်။

၂၀၁၀ ရွေးကောက်ပွဲတွင် ကချင်ပြည်နယ်မြစ်ကြီးနားမြို့မှ လူထုကိုယ်စား ပါ၀င်ယှဉ်ပြိုင်သော ပါတီများ အနည်းအကျဉ်းသာဖြစ်သော်လည်း ယခုနှစ်အတွင်းမူ ၃ ပါတီအထက် ကချင်လူထုများထဲမှ ပါတီဖွဲ့စည်းကာ လျှောက်ထားခဲ့ရာ ရွေးကောက်ပွဲကော်မရှင်မှ အသီးသီးချပေးခဲ့ခြင်းဖြစ်သည်။

Most read this week