နယ်စပ်ခြံစည်းရိုး ခံတပ်အဖြစ် ကာရံခြင်းမဟုတ်ဟု မြန်မာသံအမတ်ဆို

နယ်စပ်ခြံစည်းရိုး ခံတပ်အဖြစ် ကာရံခြင်းမဟုတ်ဟု မြန်မာသံအမတ်ဆို
by -
မောင်သန်းစိန်
မြန်မာ-ဘင်္ဂလာဒေ့ရှ်နယ်စပ်၌ ခြံစည်းရိုးကာရန်မည့်အစီအစဉ်မှာ မှောင်ခိုလုပ်ငန်းများနှင့် လူကုန်ကူးမှုများကို ဟန့်တားကာကွယ်နိုင်ရန်အတွက်သာဖြစ်ပြီး ခံတပ်အဖြစ်တည်ဆောက်နေခြင်းမဟုတ်ကြောင်း ဘင်္ဂလာဒေ့ရှ်ဆိုင်ရာမြန်မာသံအမတ် ဖေသန်းဦးက အင်္ဂါနေ့ကပြောကြားခဲ့ ...

(နိရဥ္စရာ) မြန်မာ-ဘင်္ဂလာဒေ့ရှ်နယ်စပ်၌ ခြံစည်းရိုးကာရန်မည့်အစီအစဉ်မှာ မှောင်ခိုလုပ်ငန်းများနှင့် လူကုန်ကူးမှုများကို ဟန့်တားကာကွယ်နိုင်ရန်အတွက်သာဖြစ်ပြီး ခံတပ်အဖြစ်တည်ဆောက်နေခြင်းမဟုတ်ကြောင်း ဘင်္ဂလာဒေ့ရှ်ဆိုင်ရာမြန်မာသံအမတ် ဖေသန်းဦးက အင်္ဂါနေ့ကပြောကြားခဲ့သည်။

“နယ်စပ်ခြံစည်းရိုးကို ခံတပ်အဖြစ်ကာရံတာမဟုတ်ပါဘူး။ မှောင်ခိုလုပ်ငန်းနဲ့ လူကုန်ကူးနေတာတွေကိုတားဆီးနိုင်ဖို့အတွက်သာဖြစ်ပါတယ်။” ဟု မြန်မာသံအမတ်က ဘင်္ဂလာဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးဌာန၌တွေ့ဆုံရှင်းလင်းခဲ့ပြီးနောက်ပိုင်း သတင်းထောက်များအား ပြောကြားခဲ့ခြင်းဖြစ်သည်။

နယ်စပ်တလျှောက်တွင် တပ်အင်အားများတိုးချဲ့ချထားပြီး၊ ခြံစည်းရိုးကာရံနေသည့်သတင်းများ အကျယ်တဝင့်ထွက်ပေါ်လာပြီးနောက်ပိုင်း ဘင်္ဂလာဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ အတွင်းဝန် တိုဟိဒ်ဟူဆိန်းက အကြောင်းအကျိုးစုံစမ်းမေးမြန်းရန် မြန်မာသံအမတ်ဖေသန်းဦးကို လွန်ခဲ့သောအပတ်သောကြာနေ့တွင် သူ၏ရုံးသို့ဆင့်ခေါ်ခဲ့သည်။

ကီလိုမီတာ ၃၀၀ ကျော်ရှည်လျားသည့် မြန်မာ-ဘင်္ဂလာနယ်စပ်တွင် ကုန်းမြေချင်းစပ်နေသည့် ကီလိုမီတာ ၆၀ ခန့်ကို သံဆူးကြိုးများကာရံရန်မြန်မာဘက်မှစီစဉ်နေခြင်းဖြစ်သည်။

ဘင်္ဂဘာဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ပြောကြားချက်အရ မြန်မာဘက်မှ နိုင်ငံတကာ နယ်စပ်လုပ်ထုံးလုပ်နည်းများကိုစောင့်ထိမ်းလျက် နယ်စပ်မျှဉ်းမှ မီတာတရာနောက်ဆုပ်၍ သံဆူးကြိုး ကာရံနေခြင်းဖြစ်သည််ဟု မြန်မာသံအမတ်ကရှင်းလင်းခဲ့ကြောင်းသိရှိရသည်။

နယ်စပ်စည်းမျဉ်းစည်းကမး်များတွင် နယ်စပ်(၅)ကီလိုမီတာအတွင်း လက်နက်ကြီးများတပ်ဆင်ခွင့် မရှိကြောင်းနှင့် ကိုက်(၃၀၀)အတွင်း ခြံစည်းရိုးကာရံခွင့် မရှိကြောင်းသိရှိရသည်။

မှောင်ခိုကူးသန်းရောင်းဝယ်ရေးကိုတားဆီးရန်သံဆူးကြိုးကာရံရခြင်းဖြစ်သည်ဟု မြန်မာသံအမတ်ကရှင်းလင်းခဲ့ သော်လည်း နယ်စပ်သစ်မှောင်ခိုလုပ်ငန်းတွင် အဓိကကြိုးကိုင်လုပ်ဆောင်နေသူများမှာ နေပြည်တော်မှလာသည့် စစ်ဗိုလ်ကြီးများဖြစ်ကြောင်း နယ်စပ်ကုန်သည်များ၏ပြောဆိုချက်အရ သိရှိရသည်။
 

Most read this week