မိုးဂျောက်ခေါ် မိုးသီးလုံးကြီးများ ရွာချ၍ လမ်းပေါ်တွင် တနာရီခန့် လူအသွားအလာ ရပ်ဆိုင်းသွား

မိုးဂျောက်ခေါ် မိုးသီးလုံးကြီးများ ရွာချ၍ လမ်းပေါ်တွင် တနာရီခန့် လူအသွားအလာ ရပ်ဆိုင်းသွား
နှစ်ပေါင်း ၅ဝ အတွင်း မကြုံဖူးသော မိုးသီးလုံးကြီးများ ရွာချသဖြင့် ဘင်္ဂလာဒေချ့်နိုင်ငံ ဒက္ကားမြို့တော်တွင် တနာရီနီးပါးခန့် သူအသွားအလာ ရပ်ဆိုင်းသွားခဲ့သည်။ မိုးသက်လေပြင်းများနှင့် ယမန်နေ့ ညနေပိုင်းက ရွာချသောမိုးတွင် ရေခဲတုံးများပါ ရွာချသဖြင့် ...

နှစ်ပေါင်း ၅ဝ အတွင်း မကြံုဖူးသော မိုးသီးလုံးကြီးများ ရွာချသဖြင့် ဘင်္ဂလာဒေချ့်နိုင်ငံ ဒက္ကားမြို့တော်တွင် တနာရီနီးပါးခန့် သူအသွားအလာ ရပ်ဆိုင်းသွားခဲ့သည်။

မိုးသက်လေပြင်းများနှင့် ယမန်နေ့ ညနေပိုင်းက ရွာချသောမိုးတွင် ရေခဲတုံးများပါ ရွာချသဖြင့် အိမ်အများအပြားရှိ မှန်တံခါးများ ကွဲပျက်သွားခဲ့ပြီး ထိုအထဲတွင် ဒက္ကားမြို့ရှိ နိရဥ္စရာရုံးခန်းရှိ မှန်ပြတင်းပေါက်များလည်း ကွဲပျက်သွားခဲ့သည်။

မီပူရ် ၁ဝ ရပ်ကွက်မှ အသက် ၆၅ နှစ်ရှိ မူဆလင် အဖိုးကြီး တဦးမှ ဤမျှကြီးမားသောမိုးသီးလုံးကြီးများ ရွာချသည်ကို မိမိ တသက်တွင် တခါမှ မတွေ့ဖူးကြောင်း ပြောသည်။

မိုးသီးလုံးကြီးများမှာ တနာရီခန့် ဆက်တိုက်ရွာချခဲ့ သဖြင့် လမ်းပေါ်တွင် ရေများ ပြည့်လျှံသွားခဲ့ပြီး ကားအများအပြားမှာ သွားလာ၍ မရအောင် ကျပ်ပိတ်သွားခဲ့သည်။

ယခုကဲ့သို့ ထူးထူး ဆန်းဆန်း မိုးသီး ရေခဲတုံးများ တနာရီခန့် ရွာချခဲ့သည့် အကြောင်းကို ဘင်္ဂလာ သတင်းစာများက အကျယ်တဝင့်ရေးသား ဖေါ်ပြကြသည်။

Most read this week