အိန္ဒိယ နှင့် တရုပ်ရေနံ ကုမ္ပဏီများ ရခိုင် ရေနံနှင့် သဘာဝ ဓါတ်ငွေ့ လုပ်ကွက်များကို အပြိုင်အဆိုင် လုယက်

အိန္ဒိယ နှင့် တရုပ်ရေနံ ကုမ္ပဏီများ ရခိုင် ရေနံနှင့် သဘာဝ ဓါတ်ငွေ့ လုပ်ကွက်များကို အပြိုင်အဆိုင် လုယက်
ဦးထွန်းကျော် ချိုင်နာရီအတ်ဆတ် လီမိတတ် (Chinnery Assets Ltd.) တရုပ်ရေနံ ကုမ္ပဏီသည် မတ်လ ၂၃ ရက်နေ့မှ စတင်ပြီး ရခိုင်ကမ်းလွန် ပင်လယ်ပြင်တွင် ရေနံနှင့် သဘာဝ ဓါတ်ငွေ့များကို စတင် ရှာဖွေတော့မည် ဖြစ် ...

ဦးထွန်းကျော် ချိုင်နာရီအတ်ဆတ် လီမိတတ် (Chinnery Assets Ltd.) တရုပ်ရေနံ ကုမ္ပဏီသည် မတ်လ ၂၃ ရက်နေ့မှ စတင်ပြီး ရခိုင်ကမ်းလွန် ပင်လယ်ပြင်တွင် ရေနံနှင့် သဘာဝ ဓါတ်ငွေ့များကို စတင် ရှာဖွေတော့မည် ဖြစ်သည်။

“ဤဒေသအတွင်း ရေနံနဲ့ သဘာဝ ဓါတ်ငွေ့တွေ တူုးဖေါ်တွေ့ရှိမယ့် အလားအလာတွေ အများကြီး ရှိနေတာကြောင့် တရုပ်ပြည်ရဲ့ စွမ်းအင် လိုအပ်ချက်ကို တစိတ်တပိုင်းကို ဖြည့်ဆည်း ပေးနိုင်လိမ့်မယ် မျှော်လင့်ပါတယ်” ဟု ကုမ္ပဏီ အထက်တန်း အရာရှိတဦးက ပြောသည်။

၎င်းအပြင် တရုပ်အမျိုးသား ရေနံ ကော်ပိုရေးရှင်း (CNPC) အဖွဲ့ခွဲ ကုမ္ပဏီ တခုသည် ရခိုင် ကမ်းလွန် ရေနက်ပိုင်း လုပ်ကွက် အမှတ် အေဒီ ၆ တွင် ရေနံနှင့် သဘာဝ ဓါတ်ငွေ့ကို ရှာဖွေနေသည်ဟု အဆိုပါ ကုမ္ပဏီ၏ သတင်း ထုတ်ပြန်ချက်တွင် ဖေါ်ပြသည်။

အဆိုပါ ထုတ်ပြန်ချက်တွင် “အဆိုပါ ကုမ္ပဏီမှာ မတ်လ ၂၃ ရက်မှ ဧပြီလ ၃၀ ရက်နေ့ထိ လုပ်ကွက် အမှတ် အေဒီ ၆တွင် ရေနံနှင့် သဘာဝဓါတ်ငွေများကို အသံလှိုင်း ဖမ်းစက်များကို အသုံးပြီး ရှာဖွေမည် ဖြစ်သည်။” ဟု ဖေါ်ပြသည်။

လုပ်ကွက် အမှတ် အေဒီ ၆ သည် တောင်ကိုရီးယား ဒေဝူး နိုင်ငံတကာ ကော်ပိုရေရှင်း ယခင်် ရှာဖွေခဲ့သော အကွက်အမှတ် အေ ၁ နှင့် ဆက်စပ်လျှက်ရှိသည်ဟု အဆိုပါ ကုမ္ပဏီ၏ သတင်း ထုတ်ပြန်ချက်တွင် ထပ်ဆင့် ဖေါ်ပြထားသည်။

အဆိုပါ ကုမ္ပဏီသည် ရခိုင်ကမ်းလွန်ပင်လယ်၌ စတုရန်းကီလိုမီတာ တသောင်း (၁၀၀၀၀) ကျော်အကျယ်အဝန်းရှိသည့် လုပ်ကွက်အမှတ် အေဒီ ၁၊ လုပ်ကွက်အမှတ် အေဒီ ၆ နှင့် လုပ်ကွက်အမှတ် အေဒီ ၈ တို့တွင် အရံ သဘာဝ ဓါတ်ငွေများကို ရှာဖွေနိုင်ရန် ဗမာ စစ်အစိုး ရပိုင် ရေနံ နှင့် သဘာဝဓါတ်ငွေ ကုမ္ပဏီ နှင့် စာချုပ်တခုကို လက်မှတ် ရေးထိုး၍ ၂၀၀၇ ခု ဇန်နဝါရီလမှ စတင်ပြီး ရေနံ နှင့် သဘာဝဓါတ်ငွေ များကို ရှာဖွေလျှက်ရှိနေသည်။

တရုပ်ကုမ္ပဏီ၏ ပါရဂူတဦးမှ “ရခိုပြည်နယ်မှာ ဖေါ်ထုတ် အသုံး မပြုရသေးတဲ့ ရေနံနဲ့သဘာဝဓါတ်ငွေ့ အများအပြားရှိသေးတယ်”ဟုလည်း ပြောသည်။

“ယခု မတ်လ ဒုတိယ အပတ်က စပြီးတော့ အိန္ဒယရေနံကုမ္ပဏီတခု ဖြစ်တဲ့ (Essar) ဟာလဲ ရခိုင်ပြည်နယ် မြို့တော် စစ်တွေနဲ့ ၁၀ မိုင်ကျော် ကွာဝေးတဲ့ စပါးထားကျေးရွာ အနီးမှာ ရေနံ အစမ်းတွင်းတွေ တူးဖေါ်နေပါတယ်။” ဟုမျက်မြင် တဦးက ပြောသည်။

စစ်တွေမြို့ နာမည်ကြီး နိုင်ငံရေး သမား တဦးက “အိန္ဒိယရေနံ ကုမ္ပဏီတွေ၊ တရုပ် ရေနံကုမ္ပဏီတွေ လာပြီး ရခိုင်ပြည်မှာ ရေနံတွေ၊ ဂတ်စ်တွေကို အလုအယက် တူးနေကြတယ်။ ရခိုင် လူမျိုးတွေ အတွက်တော့ ဘာအကျိုးအမြတ်မှ ရရှိမှာ မဟုတ်ဘူး။ ဆုံးရှုံး နစ်နာမှုပဲ ရှိမယ်။ လုပ်ကိုင် စားသောက်နေတဲ့ လယ်ယာ မြေတွေလည််း အတင်းအဓမ္မ အသိမ်းခံ ကြရတယ်။ ငါးဖမ်း နေတဲ့ ရေပြင်တွေကိုလည်း အမျိုးမျိုး ကန့်သတ် ခံနေရတော့ ငါးဖမ်းရတာလည်း အဆင်မပြေ ဖြစ်နေကြ ရတယ်။ အချိန်တန်ရင် ရခိုင်ပြည်က ထွက်တဲ့ ရေနံနဲ့ သဘာဝဓါငွေ့တွေကို သူတို့ တိုင်းပြည်ကို သူတို့ ယူသွား ကြမှာပါ။ ရတဲ့ ငွေတွေလည်း ဗမာ စစ်အစိုးရပဲ ယူသွားမှာ ဖြစ်တဲ့အတွက် ပိုင်ရှင် ရခိုင်တွေကတော့ ဘာမှ အကျိုးခံစားရမှာ မဟုတ်ပါဘူး။” ဟု ပြောကြားသွားသည်။
 

Most read this week