(၈၈) မျိုးဆက်ကျောင်းသားများက စစ်အစိုးရ၏ အခြေခံဥပဒေ ပြင်ဆင်ရန်တောင်းဆို

(၈၈) မျိုးဆက်ကျောင်းသားများက စစ်အစိုးရ၏ အခြေခံဥပဒေ ပြင်ဆင်ရန်တောင်းဆို
by -
ဇော်ကြီး
အားလုံးလက်ခံ ပါဝင်နိုင်မည့် နိုင်ငံရေး အခင်းအကျင်း ဖြစ်ပေါ်လာစေရန်အတွက် ဖွဲ့စည်းပုံအခြေခံ ဥပဒေကိုပြန် လည်ပြင်ဆင်သုံးသပ်ရန် မြန်မာစစ်အစိုးရအား (၈၈) မျိုးဆက်ကျောင်းသားများက ယနေ့ တောင်းဆို ...

အားလုံးလက်ခံ ပါဝင်နိုင်မည့် နိုင်ငံရေး အခင်းအကျင်း ဖြစ်ပေါ်လာစေရန်အတွက် ဖွဲ့စည်းပုံအခြေခံ ဥပဒေကိုပြန် လည်ပြင်ဆင်သုံးသပ်ရန် မြန်မာစစ်အစိုးရအား (၈၈) မျိုးဆက်ကျောင်းသားများက ယနေ့ တောင်းဆို လိုက် သည်။

န.အ.ဖ အစိုးရသို့ တိုက်တွန်းချက်ဟုရေးသားထားသည့် ထုတ်ပြန်ကြေညာချက်တွင် အချက်(၅) ချက်ပါရှိပြီး ဖမ်းဆီးထိန်းသိမ်းခံ နိုင်ငံရေးအကျဉ်းသား အားလုံး ချွင်းချက်မရှိလွတ်ပေးရေး၊ တဖက်သတ်ရေး ဆွဲထားသည့် ဖွဲ့စည်းပုံ အခြေခံဥပဒေအား အများလက်ခံနိုင်စေရန်အတွက် ပြန်လည်ပြင်ဆင်သုံးသပ်ရန် စသည့် အချက် နှစ်ချက်ကို အဓိကထားတောင်းဆိုထားသည်။

အဆိုပါ တောင်းဆိုချက်အပေါ် စစ်အစိုးရမှ လိုက်လျောမှု မရှိပါက ပြည်တွင်းအုံကြွမှုများ ဖြစ်ပေါ်လာနိုင်သည်ဟု ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် နိုင်ငံခြား ရေးရာကော်မတီ တာဝန်ခံ ကိုမင်းနိုင် က ယခုလို ပြောသည်။

“အခု (၈၈) မျိုးဆက်ကျောင်းသားတွေရဲ့ တောင်းဆိုထားတဲ့ တိုက်တွန်းထားတဲ့ အချက် နှစ်ချက်ဟာ တကယ်တန်းဆိုလို့ရှိရင် ကျနော်တို့ ပြည်တွင်းက အမျိုးသားဒီမိုိကရေစီအဖွဲ့ ချုပ်ကလည်း ဒါကိုပဲ တစိုက်မတ်မတ်တောင်းဆိုထားတာဖြစ်တယ်၊ တကယ်လို့ နအဖ အနေနဲ့ မလိုက်လျောဘူးဆိုရင်တော့ ဒါဟာ ကောင်းတဲ့ အလားအလာမဟုတ်ဘူး။ ဇွတ်အဓမ္မ သူတို့ဟာသူတို့ ဆက်သွားမယ်ဆိုရင်တော့ တိုင်းပြည်အတွက် အကျိုးမရှိမဲ့ ရလာဒ်တွေ၊ နောက် ဆိုးကျိုးအဖြစ်အပျက်တွေ၊ အုံကြွပေါက်ကွဲမှု တွေက မလွဲမသွေ ကြုံတွေ့ရမှာပဲဖြစ်တယ်။”

အထက်ပါ (၈၈) မျိုးဆက်ကျောင်းသားများ၏ တောင်းဆိုချက်ကို  ပြည်တွင်းပြည်ပရှိ တိုင်းရင်းသားလူမျိုးစုများ၊   စစ်အစိုးရအား လက်နက်ကိုင် တိုက်ပွဲဝင်နေကြသည့် အင်အားစုများနှင့် အပစ်ရပ်အဖွဲ့ များအနေဖြင့်လည်း လက်ခံနိုင်လိမ့်မည်ဟု သူယုံကြည်ကြောင်း ၎င်းက ဆက်ပြောသည်။

“ဒီတိုက်တွန်းချက်တွေကလည်း ဘာပဲဖြစ်ဖြစ် ကျနော်တို့ တိုင်းရင်းသား အင်အားစု အခွင့်အရေးတွေ အတွက်လည်း ရှေ့ရှုတဲ့အတွက် ကျနော်ထင်တယ် သူတို့ကတော့ လုံးဝလက်ခံမှာပဲ ဒါကိုရှင်းရှင်း ပြောရရင် ငြင်းပယ်မှာမဟုတ်ဖူးလို့ အဲလိုပဲ ယုံကြည်ထားတာပါ။”

နိုင်ငံရေးအကျဉ်းသားများလွတ်မြောက်ရေးအတွက် ပြည်တွင်း၊ ပြည်ပရှိ ဒီမိုကရေစီအင် အားစုများ၏ လှုပ်ရှားမှု ကို ပြည်သူတရပ်လုံးမှ ပါဝင်ကူညီရန်လိုအပ်သည်ဟုလည်း ၎င်းက ဆက်ပြောသည်။

အမျိုးသားပြန်လည်သင့်မြတ်ရေး၊ ဒီမိုကရေစီရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေးကို အမှန် တကယ်လိုလားပါက စစ်အစိုးရ အနေနှင့် (၈၈) မျိုးဆက်ကျောင်းသားများ၏ တောင်းဆိုချက်ကို လက်ခံနိုင်ရမည်ဟု ဗမာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ် နိုင်ငံ ခြားရေးရာ တာဝန်ခံ ကိုမင်းနိုင်ကပြောသည်။

Most read this week