နယ်စပ် ခြံစည်းရိုးကာမည့် စစ်သားများ မြန်မာ-ဘင်္ဂလာ- အိန္ဒိယ နယ်စပ်သို့ ရောက်ရှိ

နယ်စပ် ခြံစည်းရိုးကာမည့် စစ်သားများ မြန်မာ-ဘင်္ဂလာ- အိန္ဒိယ နယ်စပ်သို့ ရောက်ရှိ
မြန်မာ- ဘင်္ဂလာဒေချ့် နယ်စပ် တလျောက် ခြံစည်းရိုးကာမည့် အစီအစဉ်ကို မြန်မာဘက်မှ စီစဉ်နေရာ များမကြာမှီက အိန္ဒိယ-မြန်မာ- ဘင်္ဂလာ သုံးနိုင်ငံ နယ်စပ်သို့ စစ်သား ၂ဝဝ ခန့် ရောက်ရှိလာခဲ့သည်။ ရောက်ရှိ်လာသော စစ်သားများမှာ ခမရ ၂၈၉ နှင့် ၃၅၅ မှ ဖြစ်ပြီး ထိုအထဲတွင် ဗျူဟာမှူး တဦး ...

မြန်မာ- ဘင်္ဂလာဒေချ့် နယ်စပ် တလျောက် ခြံစည်းရိုးကာမည့် အစီအစဉ်ကို မြန်မာဘက်မှ စီစဉ်နေရာ များမကြာမှီက အိန္ဒိယ-မြန်မာ- ဘင်္ဂလာ သုံးနိုင်ငံ နယ်စပ်သို့ စစ်သား ၂ဝဝ ခန့် ရောက်ရှိလာခဲ့သည်။

ရောက်ရှိ်လာသော စစ်သားများမှာ ခမရ ၂၈၉ နှင့် ၃၅၅ မှ ဖြစ်ပြီး ထိုအထဲတွင် ဗျူဟာမှူး တဦးနှင့် ပလက်ဝမြို့နယ် ဥက္ကဌ ဦးကျော်ဇေယျလည်း ပါဝင်သည်ဟု ဒေသအတွင်း သီတင်းသုံးသော ဆရာတော် တပါးက ပြောသည်။

ဆရာတော်မှ ဆက်ပြီး “ သူတို့ အခု လက်ပံဝ ကျေးရွာကနေပီး မင်းချောင်း တလျောက် စစ်ဆေးနေပါတယ်။ အဲဒီမှာ အထိုင်လုပ်ပီး ကွန်ကရစ်တိုင်တွေကို ပြုလုပ်သွားမယ်လို့ သိရပါတယ်။ ကျေးရွာသားတွေ တချို့ကိုတော့ ဆန် ရိက္ခာတွေ ထမ်းခိုင်းတာမှ အပ ခြံစည်းရိုးကာတဲ့ အလုပ်တွေမှာတော့ မခိုင်းသေးပါဘူး။ ” ဟု ပြောသည်။

မြန်မာ နအဖ စစ်အစိုးရမှ ဘင်္ဂလာဒေချ့် နိုင်ငံနှင့် ဆက်စပ်နေသော ကီလိုမီတာ ၂ဝဝ အရှည်ရှိသည့် နယ်နမိတ် တလျှောက် သံဆူးကြိုးဖြင့် ခြံကာရံရန် စီစဉ်နေရာ ယခုအခါ မောင်တော တောင်ပိုင်းမှ စတင်ပြီး သံဆူးကြိုးကားရံနေပြီ ဖြစ်သည်။

မောင်တောမြို့မှ မျက်မြင် တဦးက “ အရပ်သားတွေကို ခိုင်းတာ စေတာတွေကိုတော့ သူတို့ လုပ်တာ မတွေ့သေးဘူး။ ဘူးသီးတောင် အခြေစိုက် လုံထိန်း တပ်ရင်း အမှတ် ၁၃ နဲ့ မောင်တော အခြေစိုက် အမှတ် ၂ လုံထိန်းတပ်ရင်းက လုံထိန်းတပ်သားတွေကို အဓိက ခိုင်းစေနေတာကို တွေ့ရပါတယ်။ သူတို့က ခြံစည်းရိုးကာရံမယ့် နေရာတွေမှာ တမံ တုတ်နေတာကို တွေ့ရပါတယ်။ ကျေးရွာ ရယက ဥက္ကဌတွေနဲ့ တချို့ အဖွဲ့ဝင်တွေလည်း သူတို့နဲ့ အတူ လုပ်ကိုင်နေတာကို တွေ့ရပါတယ်။ ” ဟု ပြောသည်။

အမည်မဖေါ်လိုသူ အစိုးရ အရာရှိ တဦးမှ ယခုအခါ ခြံစည်းရိုးကာရံမူကို မောင်တောမြို့နယ် တောင်ပိုင်း နတ်မြစ် ကမ်းခြေ တလျောက် မြင်းလွှတ်ကျေးရွာမှ စပြီး ကာရံနေပြီ ဖြစ်ကြောင်း ပြောသည်။

မောင်တောမြို့နယ် မြောက်ပိုင်း ငခူရတွင် ဗျူဟာမှူးကိုယ်တိုင် ထိုင်ပြီး ခြံစည်းရိုးကာရံမည့် အစီအစဉ်ကို လုပ်ဆောင်နေကြောင်း သတင်းရရှိသည်။

Most read this week