မဲဆောက် မြန်မာရွှေ့ပြောင်း အလုပ်သမားများ အဆုပ်ရောဂါ ဖြစ်ပွားမှုတိုး

မဲဆောက် မြန်မာရွှေ့ပြောင်း အလုပ်သမားများ အဆုပ်ရောဂါ ဖြစ်ပွားမှုတိုး
by -
သီတာထွန်း
ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့ရှိ မြန်မာရွှေ့ပြောင်းအလုပ်သမားများ  အတွင်း အဆုပ် ရောဂါ ဖြစ်ပွားသူဦးရေ တစထက်တစ ပိုမိုမြင့်တက်လာနေသည်ဟု လူမှုကျန်းမာရေး ကူညီစောင့် ရှောက်မှုပေးနေသော ဝေါဗွီးရှင်း(World Version) အဖွဲ့မှ  တာဝန်ရှိသူက ပြော ...

ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့ရှိ မြန်မာရွှေ့ပြောင်းအလုပ်သမားများ  အတွင်း အဆုပ် ရောဂါ ဖြစ်ပွားသူဦးရေ တစထက်တစ ပိုမိုမြင့်တက်လာနေသည်ဟု လူမှုကျန်းမာရေး ကူညီစောင့် ရှောက်မှုပေးနေသော ဝေါဗွီးရှင်း(World Version) အဖွဲ့မှ  တာဝန်ရှိသူက ပြောသည်။

အဆိုပါအဖွဲ့ကပြုလုပ်သော ရွှေ့ပြောင်းအလုပ်သမားများအကြား အဆုပ်ရောဂါ ကျဆင်း ရေုး စီမံကိန်း စတင်သည့် ၂ဝဝ၈ ခုနှစ် ဒီဇင်္ဘာလက ဝေဒနာရှင် ၂၆ ဦးသာရှိနေရာမှ ယခုအခါ စုစုပေါင်းဝေဒနာရှင် ၈ဝ ကျော်ကိုကုသမှုပေးနေရသည်ဟု စီမံကိန်းအဖွဲ့၏ ကျန်းမာရေး ကိုယ်စားလှယ် ဒေါ်ဝေဝေက ပြောသည်။

“ကျမတို့မဲဆောက်မှာ တီဘီလူနာ အများဆုံးဆိုလို့ အထက်က လူကြီးတွေ ဆင်းလာပြီး တော့ ကြည့်တယ်၊ သူတို့က သုံးလတကြိမ် လာတယ်လေ၊ သူလာတိုင်းကို လူနာတွေက ပိုပိုတိုးလာတယ်၊ အဲလိုမျိုးဖြစ်နေတယ်၊ အများဆုံးဘဲ ဖြစ်နေတယ်၊ လူနာရှာရင် ရှာသလောက် သုံးယောက်မှာ အနည်းဆုံး တယောက်က တွေ့နေတယ်” ဟုသူမကပြောသည်။

မြန်မာရွှေ့ပြောင်းအလုပ်သမားအများစုမှာ တရားဝင်နေထိုင်ခွင့် လက်မှတ်မရှိခြင်းကြောင့် ဆေးကုသရန်အတွက် သွားလာရေးအခက်အခဲ၊ ငွေကြေးအခက်အခဲခြင်းများ အဆင်ပြေ စေရန် စုရပ်များ သတ်မှတ်ထားကာ သက်ဆိုင်ရာ စီမံကိန်း ဝန်ထမ်းများက အဆုတ်ရောဂါ ဝေဒနာရှင်များအား အိမ်တိုင်ယာရောက် ဆေးလိုက်လံ တိုက်ကျွေးသည့်စနစ်ကို ကျင့်သုံး နေပြီး မဲဆောက်ဆေးရုံကြီးနှင့်လည်း ဆက်သွယ်ဆောင်ရွက် ကုသပေး လျှက်ရှိသည် ဟုသိရသည်။

မြန်မာအလုပ်သမားများအကြား အဆုတ်ရောဂါအကြောင်း ပိုမိုနားလည်လာစေရန် ပညာပေးစာစောင်များ ဝေငှခြင်းနှင့် ဟောပြောပွဲများလည်းပြုလုပ်နေသည်ဟု ဒေါ်ဝေဝေက ပြောသည်။

ယမန်နေ့ကကျရောက်သည့် ကမ္ဘာ့အဆုတ်ရောဂါတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အဖြစ် အဆုပ််ရောဂါ ကျဆင်းရေးစီမံကိန်းမှ ဝန်ထမ်းများနှင့် မဲဆောက်ဆေးရုံမှ တာဝန်ရှိသူများက မြန်မာရွှေ့ပြောင်းအလုပ်သမားများ အဆုတ်ရောဂါနှင့်ပတ်သက်၍ ပိုမိုနားလည်လာစေရန် ယခုလ (၂၃)ရက် နေ့မှစတင်ပြီး သုံးရက်တိတိ မဲဆောက်မြို့နယ်အတွင်းရှိနေရာ (၁၅)ခု တွင် ပညာပေးလုပ်ငန်းများ ပြုလုပ်ခဲ့ကြသည်။

မဲဆောက်မြို့တွင် မြန်မာရွှေ့ပြောင်း အလုပ်သမား တရားဝင်လက်မှတ် ကိုင်ဆောင်ထားသူ တသောင်း ခြောက်ထောင် (၁၆ဝဝဝ) အပါအဝင် မြန်မာနိုင်ငံသား တသိန်းခန့် ရှိသည်ဟု အလုပ်သမားအရေး ကူညီသူ များက ခန့်မှန်းသည်။
 

Most read this week